ဖြေကြားချက် ၇ ခု
ဝါးပင်ဟာ မျိုးစိတ်များတဲ့အပင်မျိုးပဲဖြစ်ပါတယ်။အပင်ကြီးမျိုးတွေဟာ အရိပ်ကိုဖြစ်စေပါတယ်။ သို့ပေမယ့် အရိပ်ခံအပင်အဖြစ်တော့ အိမ်ရဲ့အနီးမှာမစိုက်ကြပါဘူး။ဝါးရုံဟာရှုပ်ထွေးပြီး၊မြွေပါးကင်းပါးတို့ခိုအောင်းလွယ်ခြင်းကြောင့်ပဲဖြစ်ပါတယ်။အပုတ်ထွက်လွယ်ခြင်းကြောင့် ဝါရုံကြီးလာတာနှင့်အမျှ တစ်ဖက်မြေကို အရိပ်လွမ်းခြင်း ဝါးမြက်များတိုးထွက်လာခြင်းကြောင့် ဝါးတစ်ပြန်စာနေရာအတွင်း အပင်စိုက်ပျိုးလျှင် ကြွေးသမျမြေဩဇာကို ထိုဝါးရုံအမြစ်တွေက တိုးဝင်စားသောက်ခြင်းကြောင့် တစ်ဖက်မြေရဲ့ ဖွဲ့စည်းပုံကို ထိပါးနှောက်ယှက်ပေးပါတယ်။ဝါးပုတ်ထွက်လာခြင်းကြောင့် နှစ်အနည်းငယ်ကြာလာသောအခါ အိမ်တစ်ဆောင်စာလောက် နေရာယူလာပါတယ်။ထိုအခါ ဝါးရုံအမှတ်သားကို စည်းရိုးယူကာ ဝါးရုံများကို တဖြည်းဖြည်းတိုးဝင်စိုက်ပျိုးလာခြင်းဖြင့် မြေနေရာကို ချဲ့ယူရာမှ တစ်ဖက်နှင့်တစ်ဖက် အငြင်းပွါးတရားစွဲဆိုကြရာမှ သစ်ပင်ကို သက်သေပြဆိုရန် အကြောင်းမလျော်သောကြောင့် မြေယာဥပဒေအရ အငြင်းပွါးဖွယ်ကို ဖြေရှင်းရန် ပြဌာန်းချက်များရှိလာခဲ့ရပါတယ်။
ခြံစည်းရိုးတန်းစိုက်တဲ့ဝါးပင်က အပင်သေးတဲ့ဝါးမျိုးစိတ်ပါ။ရှင်သန်လွယ်ပါတယ်။အပင်သိပ်သိပ်နီးနီးစိုက်ပျိုးရပါတယ်။အပင်စိုက်ပျိုးစဉ် ရှင်သန်စမှာ ပင်ရင်းကို နွားချီးမြေဆွေးထည်သွင်းပေးနိုင်ပါတယ်။လိုအပ်တဲ့အမြင့် အရိုးတစ်ရပ်လောက်မှာ အပင်ညှပ်ကပ်ကြေးဖြင့် တိညှပ်ပေးရပါမယ်။ခြံစည်းရိုးမှာ အပုတ်ဖြစ်မယ့် ဝါးပင်မျိုးစိတ်ကိုမစိုက်ပျိုးသင့်ပါဘူး။ဝါးစိုက်မြေခိုး ဆိုရိုးရှိခဲ့ပါတယ်။တည်ဆဲမြေယာဥပဒေအရတော့ စိုက်ပျိုးသူ၏ အပြစ်သာဖြစ်ပါတယ်။
ဆက်စပ်မေးခွန်းများ
ပြည်တွင်းစျေးကွက်မှာ ဘယ်ဝါးအမျိုးအစားကို စီးပွားဖြစ် စိုက်ပျိုးသင့်ပါသလဲခင်ဗျာ
ဖြေကြားချက် 1 ခု
G A P နည်းပညာ အကြောင်းသိလိုပါသည်။
ဖြေကြားချက် 1 ခု
ပန်းပြိုးဖို့အတွက် ဘယ်လိုမြေကို အသုံးပြုသင့်လဲ
ဖြေကြားချက် 4 ခု
မျှစ်ချိုဝါးစိုက်ထားပါတယ်။ ဝါးပင်အတွက်အပင်အဟာရ ဘာများကျွေးသင့်ပါသလည်း။လက်တလောမြက်ခြောက်၊နွားခြေး...
ဖြေကြားချက် 4 ခု
ဝါးပင် စိုက်ပျိုးနည်း ပြောပြပေးပါ
ဖြေကြားချက် 1 ခု