အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၃ ခု

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

ဓါတုမြေဩဇာတွေ မရှိခင်က သဘာဝအတိုင်းဖြစ်ပေါ်လာသော မြေဩဇာများကို အသုံးပြုခဲ့ကြပါတယ်။ ကောင်းသောရေဆင်းနှင့်ပြည့်စုံသောမြေများကို ရွေးချယ်စိုက်ပျိုးခဲ့ကြပါတယ်။ယနေ့စိုက်ပျိုးမှုအသွင်သဏ္ဌာန်နှင့်တော့ များစွာခြားနားပါတယ်။ လယ်ကို မိုးမကျမှိ မြေဆွေးမျာချပေးခြင်းတွင်လည်း စပါးရိပ်ပြီး နောက်ကျမိုးလက်ကျန်များရွာသွန်းချိန်တွင် မြေလှန်းပေးပြီ နွာချီးနှင့် ‌ေမြဆွေးများကို လှည်းများဖြင့် လယ်ထဲသို့ ချခြင်း၊ကျွဲနွားဖြင့် ယှဉ်တွဲ၍ လယ်ယာစိုက်ပျိုးစနစ်ကိုခင်းကျင်းခြင်းကြောင့်၊ မွေးမြူရေးနှင့် စိုက်ပျိုးရေးသည် အပြန်အလှန် ဒွန်တွဲလျက်ရှိခြင်း၊နွားများအတွက် သီခြားစားကျက်မြေထားရှိခြင်းတို့သည် ယနေ့မြေယာစနစ်နှင့် များစွာခြားနားပါသည်။မြေယာတို့၏ စနစ်အခင်းကျင်းသည် သူတလူငါတမင်းစနစ်မျိုးမဟုတ်ခြင်း၊ဗုဒ္ဓဘာသာလူမှုစနစ်ကိုကျင့်သုံးခြင်းနှင့်ယှဉ်လျက် စုစည်းထားသော ဘုံဝါဒသဘောတရားရှိခြင်းကြောင့် မြစ်ချောင်း အင်းအိုင်မှစ၍ တောတောင်မြေယာအားလုံးသည် သူ့သဘာဝ သူ့အကျင့်တရား သူသဘောနှင့်သူ အကြောင်းအကျိုးဥပဒေသတို့ရှိကြသည်။စနစ်ပြောင်းခေတ်ပြောင်းတို့သည် မိမိတိုင်းပြည်၏ အရှိတရားတိုင်းကိုအခြေပြုရခြင်းကြောင့် ဝိဝါဒ ဗဟုသဘောပြုခြင်းတို့သည်လည်း ယနေ့နှင့်တော့ မတူညီနိုင်ပါ။

ွဝင့်ဝါဖြူ
ွဝင့်ဝါဖြူ 696 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ဖြေပေးတာကျေးဇူးပါဒါပေမယ့်စိမ်းကြည့်မယ်

U Aye Naing
U Aye Naing အတည်ပြုပြီး 180,398 လွန်ခဲ့သော ၆ နှစ် က

မေးလို့သာဖြေရတယ်..အော်ဂဲနစ်သီးနှံစစ်စစ်ဖြစ်ဖို့မလွယ်ဘူးဗျ။နည်းပညာ တိုးတက်တဲ့နိုင်ငံတွေတောင်အနည်းအကျဥ်းဘဲလုပ်နိုင်သေးတယ်။မြေ,မျိုး,စိုက်ပျိုးနည်းပညာ အစစအရာရာ တိကျမှန်ကန်စွာလုပ်ဆောင်ရပါတယ်။စစ်ဆေးခံရပါတယ်။အသိအမှတ်ပြုလက်မှတ်ရအောင်ဆောင်ရွက်ရပါတယ်။အထွက်နှုန်းကလည်းထက်ဝက်နှုန်းလောက်ကျသွားတာကြောင့်စွန့်စားမှုတွေရှိပါတယ်။စပါးသီးနှံဆိုရင်အစားများများစားတာကြောင့်လိုအပ်တဲ့အာဟာရဓာတ်ကျွေးမှအထွက်ကောင်းနိုင်တာပါ။အော်ဂဲနစ်နည်းနဲ့စိုက်မရဘူးလို့မပြောလိုပါ။စိုက်၍ရပါတယ်။စွန့်စားလုပ်ဆောင်ရမှာရယ်,စျေးကွက်မရှိသေးတာရယ်ကြောင့်အချိန်ကာလတစ်ခုအထိကြာဦးမယ်ထင်တယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။