အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
chit ko
chit ko 4,582
လွန်ခဲ့သော ၆ နှစ် က · သာစည်

နွားမဒန်းမ သားတင်ထားတာ တစ်လရှိပါပြီ အစာအကျွေးများရင် သားညှပ်တယ် လှီတယ်ပြောကြလို့ အစာဘယ်လိုကျွေးသင့်လည်းသိချင်ပါတယ်ခင်ဗျာ့ ကျေးဇူးပြု၍ဖြေပေးပါ

မျိုးပွားခြင်း နွား
5

ဖြေကြားချက် ၅ ခု

UZaw
UZaw 1,105 လွန်ခဲ့သော ၆ နှစ် က

အိပ်ရာနေရာကောင်း အစာဝဝ ထားရင်သားမညှက်ပါ မျိုးသန့်ဖို့တော့လိုပါတယ်။

chit ko
chit ko 4,582 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးတင်ပါတယ်ခင်ဗျာ

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

အစာကြမ်းကိုအများကြီးစားပေမယ့်၊အဟာရနည်းတဲ့အစာဖြစ်တဲ့အတွက် ကယ်လိုရီမမှီ‌‌ပါ။ဇီးနွားမတွေ နို့အတွက်ရော၊သားအတွက်ပါ အဟာရပိုမိုစုဆောင်းရပါတယ်။အဟာရကယ်လိုရီမမှီတဲ့အခါမှာ အစာစားများပေမယ့်လည်း နွားကလေးမွေးတဲ့အခါ လှီပါတယ်။အစာကြမ်းချည်းကြွေးရင် အစာကဖောင်းကားပြီးနေတတ်ပါတယ်။နွားရဲ့သားအိမ်ထဲက နွားလေးက တဖြည်းကြီးထွားလာလေ အစာကိုများများစားရလေဖြစ်လာတဲ့အတွက်၊အစာအိမ်တင်းလို့ သားအိမ်ညှပ်ပြီးလှီတယ်လို့ထင်ကြေးပေးကြတာပါ။ကယ်လိုရီပြည့်မှီတဲ့အဟာရတွေကို ကြွေးပေးတဲ့အခါ နည်းနည်းလေးနေ့စဉ်စားရပေမယ့် အဟာရပြည့်မှီတဲ့အတွက် နွားလေးအတွက်ရော နို့အတွက်ပါအဆင်ပြေပြည့်ဝပါတယ်။ကယ်လိုရီအဟာရမှီဖို့အတွက် ပြောင်းဆံမှုန့်က အကောင်းဆုံးပါပဲ။

chit ko
chit ko 4,582 လွန်ခဲ့သော ၆ နှစ် က

အစာအကျွေးများရင် နွားကလေး လှီတယ်ဆိုတာရောဟုတ်ပါသလား

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

ပြောင်းကြမ်းမှုန့်၊နှမ်းဖတ်တို့ကို မှန်မှန်ထည့်သွင်းကြွေးပေးနိုင်ရင် နွားကကယ်လိုရီမှီပြီး အဆီအသားဖြစ်စေပါတယ်။ကြွေးပေးနိုင်ရင်ကောင်းပါတယ်။အစာကြမ်းချည်းကြွေးတာထက် အဟာရဖြစ်စေတဲ့အစာက နွားအတွက်လိုအပ်ပါတယ်။အထူးသဖြင့် ဇီးရှိတဲ့နွားမတွေကို ဂရုစိုက်ကြွေးပေးရပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။