သံပုရာပင်မှာသီးကင်းလေးများသီးနေသော်လဲ ရွက်သစ်များလုံးဝထွက်မလာပါ..အချို့ကိုင်းများမှာလဲ ခြောက်သွေ့သွားပါသည်..ရေလဲအမြဲလောင်းပါသည်..ဘာကြောင့်ပါလဲခင်ဗျ ဘယ်လိုလုပ်ရမလဲဆိုတာ သိလိုပါသည်.. အပင်က ၅ နှစ်သားရှိပါပြီ အရင်ကအသီးအရွက်စုံပါသည်
Compost Tea (မြေဆွေး လက်ဖက်ရည်) မြက်တွေနဲ့လုပ်တဲ့ မြက်မြေဆီ ဒီဆောင်းပါးတွေကလည်း နိုက်ထရိုဂျင်ဓာတ်အားပေးတဲ့ မြေသြဇာလုပ်နည်းတွေပါ အဆင်ပြေပါစေရှင့်
ကိုင်းခြောက်တွေဖြတ်ပစ်လိုက်ပါရှင့်။ သံပုရာပင်က ကိုင်းချိုင်ပေးဖို့ လိုပါတယ်။ အဲတာမှ အရွက်သစ် ကိုင်းသစ်တွေထွက်တာပါရှင့် ။ ကိုင်းခြောက်ပယ်ပြီးရင် နိုက်ထရိုဂျင်ပါတဲ့ အာဟာရမျိုးကျွေးပါ။ နွားချီး၊ ငါးအမိုင်နို ၊ ဒါတွေပြုလုပ်ပြီးကျွေးလို့ရပါတယ်။ သစ်ရွက်စိမ်းတွေမှာ နိုက်ထရိုဂျင်ဓာတ်ပါတာမို့ အနားမှာပုံပေးနိုင်ပါတယ်ရှင့်။ ငါးအမိုင်နိုအက်ဆစ်ပြုလုပ်နည်း (Fish Amino Acid - FAA) ဒီဆောင်းပါးမှာပြုလုပ်နည်းလေ့လာနိုင်ပါတယ်။
ဆက်စပ်မေးခွန်းများ
ဆရာသမားများခဗျား ကျေးဇူးပြုပြီး ဆေးအမျိုးစား ဖြန်းရမယ့်စနစ်လေး သွန်သင်ပြောပြပေးကြပါဦး ပုံပါအတိုင်းဖြစ်နေလို့...
ဖြေကြားချက် 1 ခု
မျိုးအာလူးကို ဒီလိုအိတ်နဲ့ စိုက်ချင်လို့ပါ၊ ဖြစ်နိုင်မလား သိချင်ပါတယ်၊ ကျေးဇူးပြု၍ ဖြေကြားပေးါ။
ဖြေကြားချက် 1 ခု
သဘေင်္ာပင်အဖူးထွက်ပြီး ကြွေကုန်လို့အသီးမတင်ဘူးခင်ဗျ
ဖြေကြားချက် 5 ခု
ကန်စွန်းဥ မျိုကွဲများနှင့်စိုက်ပျိုးနည်းသိချင်ပါသည်။ GAP စိုက်ပျိုးရန်အတွက်
ဖြေကြားချက် 1 ခု
ဖန်လုံအိမ်အကြောင်းသိချင်လို်ပါ
ဖြေကြားချက် 0 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။