မြေဆီလွှာအတွက် အရက်ချက်တဲ့ စိမ်ရည်ကို ဘယ်လိုအသုံးပြုရပါလဲခင်ဗျ မိတ်ဆွေဆရာများ ဖြေကြားပေးစေချင်ပါတယ်ခင်ဗျ ။
မြေဩဇာရည်ပြုလုပ်တဲ့အခါ အသီးရဲ့ အရသာကို ပံ့ပိုးပေးနိုင်ဆုံးဖြစ်အောင် တင်းလဲရည်ပါတဲ့ ကဇော်စိမ်ရည်အကြွင်းအကျန်တွေကို စနစ်တကျအသုံးပြုကြပါတယ်။အက်ဆစ်ဓါတ်ပါဝင်နုန်းမြင့်မားခြင်းကြောင့်၊ ဓါတုဆွေးေမြ့ပြိုကွဲလွယ်စေတတ်သော သဘောနှင့်သဘာဝရှိခြင်းကြောင့်၊ အသီးအရွက်နှင့် အပင်အကြွင်းကျန်များ၊သားငါးအကြွင်းအကျန်များ၊ကြက်ချီး ဝက်ချီး နွားချီး ဆိတ်ချီးများကို စည်တစ်လုံးထဲထည့်ပြီး ကဇော်ရည်အကြွင်းနှင့် စိမ်ပြီး ရေနှင့်အတူ ဓါတုပြိုကွဲစေရပါတယ်။ရေနှင့်ရောစပ်၍ ကြာရှည်သိမ်းဆည်းလို့ရပြီး၊အပင်များကို ရေနှင့်ရောစပ် လောင်းပေးနိုင်ပါသည်။သီးပင်များကို ကဇော်ကြွင်းကျန်ရည်နှင့်စိမ်ဖောက်ထားသော ပျော်ရည်ကို နေ့စဉ်လောင်းပေးခြင်းဖြင့် အသီးအရသာကိုလည်း ကောင်းမွန်လာစေပါသည်။အပင်များကို ရေနှင့်ရောစပ်ဖြန်းပေးခြင်းဖြင်လည် ပင်ဖြန်းမြေဩဇာရည် ပြုလုပ်နိုင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဆိတ်ချေးက ရွက်ဖျန်းနည်း ဖော်စပ်နည်းလေး မျှဝေပေးကြပါဦး မိတ်ဆွေပညာရှင်များခဗျား။
ဖြေကြားချက် 1 ခု
ဆိတ်ချေးကို ပိုးနှင်ဆေး ဘယ်လိုအသုံပြုရပါသလဲ မိတ်ဆွေဆရာများ ကျေးဇူးပြုပြီး ဖြေကြားပေးစေချင်ပါတယ်
ဖြေကြားချက် 1 ခု
စပျစ်သီး က. သြဂက်လ စတင်ဘာလတွေမှာ မှည့်အားနည်းကြပါတယ် ဓာတုမှည့်ဆေးတွေရှိပေမဲ့ သဘာဝနည်းနဲ့ မှည့်အားကောင်းဖို့...
ဖြေကြားချက် 5 ခု
စပျစ်စိုက်ပျိုးချင်ပါတယ် နားမလည်သေးပါ အခု စိုက်ပျိုးမည်ဖြစ်ပါသည် စပျစ်အကြောင်းအရာများ ဆေးဝါးများ ကိုင်းကူးနည်း...
ဖြေကြားချက် 2 ခု
ထရိုင်ကိုဒါးမား အလွယ်ပြုလုပ်နည်းလေးရှိရင် မျှဝေပေးကြပါဦး မိတ်ဆွေဆရာများခင်ဗျာ။
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။