ဦးတင်အောင်ဟိန်း
စိုက်ပျိုးရေးပညာရှင် · မိုးညှင်း
အပင်ကိုသုတ်လို့ရပါတယ်။
ရာဘာပင်က အခေါက်ပုပ်၊အခေါက်ကွဲနေတယ် ဘယ်လိုလုပ်ရမလဲ ပိုးကြောင့်လား၊ ဘာပိုးသတ်ဆေးဖြန်းရမလဲ။
ကိုယ်တိုင်လုပ် ဘော်ဒို မှိုသတ်ဆေးရည် ( Bordeaux Mixture) ပြုလုပ်နည်း ဘော်ဒိုဆေးရည်ဟာ မှိုရောဂါတွေကို နှိမ်နင်းနိုင်တဲ့ဆေးတစ်မျိုးဖြစ်ပါတယ်။ လွယ်လွယ်ကူကူ ဖျော်စပ်နိုင်ပြီး အစွမ်းထက်တဲ့ အာနိသင်ရှိပါတယ်။အချိုး အမျိုးမျိုးထားပြီး မိမိလိုအပ်ချက်အတိုင်း အသုံးပြုနိုင်ပါတယ်။ အသုံးများတဲ့အချိုးကတော့ ၅း၅း၅၀ ဖြစ်ပြီး အောက်ပါအတိုင်း ဖျော်စပ်နိုင်ပါတယ်။ ထုံး(မဖောက်ထုံး) - ၅ ပေါင် ဒုတ္တာ - ၅ ပေါင် ရေ - ၅၀ဂါလန် ဤအချိုးအတိုင်းဖျော်စပ်ပါက စိုက်ကွင်းကြီးများအတွက် သင့်တော်ပမာဏဖြစ်ပါတယ်။ စိုက်ခင်း ငယ်များအတွက် ထုံး (မဖောက်ထုံး) - ၁/၂ ပေါင် ဒုတ္တာ - ၁/၂ ပေါင် ရေ - ၅ ဂါလံ နှုန်းအသုံးပြုနိုင်သည်။ အချိုးအနေအထားအားဖြင့် ၅း၅း၅၀ ဖြစ်ပါတယ်။ မိမိလိုအပ်ချက် နဲ့အညီ အသုံးပြုရန် ၂း၂း၅၀၊ ၄း၄း၅၀ စသည်တို့မှာ ရေ (၅၀) ဂါလံ ကိုပုံသေထားပြီး ထုံးနှင့် ဒုတ္တာကို (၂) ပေါင်၊ (၄) ပေါင် စသည်ဖြင့် အဆင်ပြေသလိုထည့်နိုင်ပါတယ်။ ဖျော်စပ်ပုံ ဘော်ဒိုဆေးရည် ဖျော်စပ်ရန် အတွက် (၅)ဂါလံ ဝင်ပလပ်စတစ်ပုံး (၃) ပုံး ကြိုတင်ရှာထားရမည်။ သံပုံး၊ ဒန်ပုံးများမသုံးရ။ စဉ့်အိုး၊ ပလပ်စတစ်ပုံးများ သာ အသုံးပြုရမည်။ ပထမဦးစွာ မဖောက်ထုံး၊ ဒုတ္တာ ၁/၂ ပေါင် ချိန်တွယ်ပြီး အရည်ဖျော်ရာတွင် လွယ်ကူစေရန် အမှုန့် ထောင်းရမည်။ ပလတ်စတစ်ပုံး နှစ်ပုံး တွင် ရေ ၂ ၁/၂ဂါလံ စီထည့်၍ ထုံးမှုန့် သီးသန့် (၁) ပုံး ၊ ဒုတ္တာ သီးသန့် (၁) ပုံး စီဖျော်ပါ။ အမှုန့်များ ကျေညက်စေရန် တုတ်ဖြင့် နာနာမွှေပါ။ ထုံးမှုန့်များ၊ ဒုတ္တာများ အရည်ပျော်သွားပြီဆိုပါက ကျန်ပလတ်စတတ်ပုံး အလွတ်ထဲသို့ ထုံးရည်များ ဒုတ္တာရည်များကို ပြိုင်တူလောင်းထည့်ပါ။ ထုံးရည်ထဲ ဒုတ္တာလောင်းခြင်း၊ ဒုတ္တာရည်ထဲတွင် ထုံးရည်လောင်းခြင်းမျိုး မပြုလုပ်ရဘဲ ပြိုင်တူလောင်းချပေးရမည်။ ဤသို့ပြုလုပ်ခြင်းဖြင့် အာနိသင်ပိုမို ထက်မြက်သည် ဟုဆိုပါသည်။ တုတ်ဖြင့်မွှေ၍ သမစေပြီး၊ စတီးဓါးကို နှစ်ကြည့်ပါက ဓါးပြားပေါ်တွင် ငှက်ခါးတောင် အရောင် ဖြစ်နေရပါက ဘော်ဒိုဆေးရည်ရရှိပြီဖြစ်ပါသည်။ ဘော်ဒိုဆေးရည် ကိုစိုက်ခင်း၊ စိုက်ဘောင်၊အပင်များတွင်ပက်ဖျန်းမည်ဆိုပါက အခြားသောဆေးများကဲ့သို့ ရေရောရန်မလိုပဲ ဖျော်စပ်ပြီး ဆေးရည် အတိုင်းပက်ဖျန်းရန်သာဖြစ်ပါသည်။ ဆေးရည်များအပင်ကို ဖျန်းမည်ဆိုပါက ဆေးရည်စွဲကပ်မှု ကောင်းစေရန် ဆပ်ပြာရည်ထည့် ပေးနိုင်ပါသည်။ ရေ (၅) ဂါလံ ရွှေဝါဆပ်ပြာ (၁၀) ကျပ်သားကို ပျော်ဝင်အောင် ဖျော်ထည့် ပေးပါ။ ရွှေဝါဆပ်ပြာကိုပါးပါးလှီး၍ ရေအနည်းငယ် ထည့်ကာ အပူပေး၍ ကျိုလိုက်ပါက မြန်မြန်အရည်ပျော်ပါသည်။ အရွက်၊ ပင်စည်များတွင် ဘော်ဒိုဆေးရည် တွယ်ကပ် အားကောင်း မည်ဖြစ်သည်။ သတိပြုလိုက်နာရန်အချက်များ -မဖောက်ထုံး ကိုဖောက်ပြီးချက်ချင်း သုံးစွဲရမည်။လေမသလပ်စေရပါ။ - အလွယ်တကူ အနည်ထိုင်စေသဖြင့် မကြာခဏ မွှေပေးပါ။ - ဖျော်စပ်ပြီး ၂၄ နာရီအတွင်း အတွင်းသုံးစွဲရမည်။ -သံသွပ်ကြေးစသည်တို့ကိုစားတတ်သဖြင့်မြေ၊စဉ့်၊ကြွေ၊ပလပ်စတစ်ပုံးများဖြင့်ဖျော်ရမည်။ -ဆေးဖျန်းပြီး ပုံးကိုသုံးပြီးသေချာပြောင်စင်အောင် ဆေးရမည် -မိုးရွာချိန်၊အလွန်ပူပြင်းခြောက်သွေ့လွန်းချိန်၊အပင်ရေငတ်၍အားနည်းညှိုးနွမ်းချိန်မပက်ဖျန်းသင့်ပါ။ ကာကွယ်နိုင်သောရောဂါများ ၁။ စပါးကုတ်ကျိုးရောဂါ ၂။ စပါးရွက်ညိုပြောက်ရောဂါ ၃။ မြေပဲရွက်ပြောက်ရောဂါ ၄။ ဝါ ခါးရိနှင့်ပင်ညှိုးရောဂါ ၅။ ဂုံလျှော် ပင်စည်ပုပ်ရောဂါ ၆။ ပဲမျိုးစုံ မှဲ့ပြောက်စွန်းရောဂါ ၇။ ခါးရိရောဂါ ၈။ ကော်ဖီသံချေးရောဂါ ၉။ အာလူးနှင့် ခရမ်းချဉ်လောင်မီးရောဂါ ၁၀။ ကော်ဖီကိုင်းဖျားခြောက်မှဲ့ပြောက်စွန်းရောဂါ ၁၁။ ကွမ်းပင်ခြေပုပ်ရောဂါ ၁၂။ လက်ဖက်လောင်ဖူးထွက်ပင်နာကျရောဂါ ၁၃။ နှင်းဆီအနက်ပြောက်ရောဂါ ၁၄။ ကွမ်းသီးပုပ်ရောဂါ ၁၅။ နှင်းဆီရွက်နက်ပြောက်ရောဂါ ၁၆။ ရှောက်သံပုရာချေးဖတ်ရောဂါ၊အစေးထွက်ရောဂါ ၁၇။နှင်းဆီသံချေးရောဂါ ၁၈။ စပျစ်ဒေါင်းနီးမှိုရောဂါ ၁၉။ဒေလီယာ၊ သံပုရာရွက်ပြောက်ရောဂါ
ရာဘာပင်က အခေါက်ပုပ်၊အခေါက်ကွဲနေတယ် ဘယ်လိုလုပ်ရမလဲ ပိုးကြောင့်လား၊ ဘာပိုးသတ်ဆေးဖြန်းရမလဲ။
ထုံးကန့်ဆေးရည် (lime sulfur) ပြုလုပ်နည်း သဘာ၀မှိုသတ်ဆေး ရေ ၁၀ လီတာ ကြိုပါ။ ဆူခါနီးရင် ကန့် ၂ ပေါင် (၆၀ကျပ်သား) ကို ဖြေးဖြေးချင်း ရောပြီး မွှေပေးပါ။ သမသွားရင် ဆူခါနီးထိ လိုတဲ့ ရေပမာဏကို ထပ်ထည့်ပေးနေပါ။ (ဆူခါးနီး အပူချိန်ဆိုသည်မှာ ၉၅ ဒီဂရီ ၀န်းကျင်ဖြစ်ပါသည်။) ဆူခါးနီး ကန့်နဲ့ ရေလဲ သမသွားလောက်ရင် ထုံး တစ်ပေါင် (၃၀ကျပ်သား) လောက်ကို တခါထဲထည့်ပြီး မွှေပါ။ ထုံးက ရေထဲပျော်သည်အထိကြိုရင်း မွှေပါ။ နီညိုရောင် ပြောင်းသည်အထိ စိတ်ရှည်လက်ရှည်မွှေပါ။ ပြုလုပ်ချိန် ၁နာရီ ၂နာရီ၀န်းကျင်ကြာပါလိမ့်မည်။ အနည်ထိုင်အောင် ထားပြီး အပေါ်ယံ အရည်ကို စစ်ယူပါ။ ပုလင်းသန့်ထဲ သိမ်းထားပါ။ နှစ်ပေါက်အောင် အထားခံပါသည်။ ဆောင်းတွင်း၌ ရေ ၁ဂါလံမှာ စားပွဲဇွန်း ၅ဇွန်းမှ ၈ဇွန်းသုံးပါ။ နွေရာသီမှာ ရေ ၁ဂါလံမှာ စားပွဲဇွန်း ၁ဇွန်း သာ သုံးပါ။ အရမ်းပူချိန်မှာ ဖြန်းရင် အပင်လောင်တတ်သည်မို့ သတိထားပါ။ ထုံးကန့်ရေကို ဖြန်းချိန် ကိုင်တွယ်ချိန်မှာ လက်အိတ်အရှည်သုံးပါ။ အရေပြားလောင်တတ်ပါသည်။ အပင်များ ပန်းပြချိန်တွေမှာ မဖြန်းသင့်ပါ။ တလတကြိမ်သာ ဖြန်းပါ။ တလအတွင်း ၂ကြိမ် ၃ကြိမ်ဖြန်းက အပင်လောင်တတ်ပါသည်။ အပင်ငယ်စဉ် ပျိုးပင်ပေါက်များအား ဆေးနှုန်းအနဲဆုံးထားဖြန်းပါ။ ပန်းသီး၊ စပျစ်၊ သစ်တော်၊ မက်မွန်းပင်ကဲ့သို့ ကန့် (ဆာလဖာ) ကြောက်သော အပင်များကိုမဖြန်းရပါ။ ထိုအစား ဘော်ဒိုးကို သုံးသင့်ပါသည်။ ဆေးစစ်ပြီးအနှစ်များကို ရေနှင့်ရော၍အပင်မှာသုတ်ပေးနိုင်ပါသည်။ (သို့)စနစ်တကျ ကျင်းတူးစွန်ပစ်ပါ။
ရာဘာပင်က အခေါက်ပုပ်၊အခေါက်ကွဲနေတယ် ဘယ်လိုလုပ်ရမလဲ ပိုးကြောင့်လား၊ ဘာပိုးသတ်ဆေးဖြန်းရမလဲ။
မီးသွေးအမျိုးအစားပေါ်မူတည်ပြီးအပင်အတွက်သက်ရောက်မှု့မတူနိုင်ပါ။ဥပမာ။အရိုးမီးသွေးဟာ P-35 ရရှိစေနိုင်တယ်လို့လေ့လာတွေ့ရှိထားပါတယ် အခြားမီးသွေးများမှာတခုနှင့်တခုပါဝင်မှု့မတူနိုင်တာဖြစ်လို့အပင်အကြိုးပြုပုံခြင်းမတူနိုင်ပါ အနည်းဆုံးတော့မီးသွေးဟာရေနှင့်အစာကိုထိမ်းနိုင်ပြီးမြေကိုမွစေတဲ့ရလဒ်တော့ရှိပါတယ်။အတုံးအခဲထက်စာရင်အမှုံ့ကပိုကောင်းပါတယ်။
မီးသွေးကို မြေခံမှာထည့်လို့ရလား သိတဲ့သူများစေတနာရှေ့ထား ဖြေပေးစေချင်ပါတယ်
မှို့ကပ်နေပြီဆိုတော့ NအချိုးလျှောပြီးKအချိုးPအချိုးပိုထည့်သင့်ပါတယ် ။
ရက်၉၀စပါး၅၅ရက်သားရှိpမှို့ကပ်နေpရေ၃ရက်လောက်အပြောင်ရှေ့ာပြီးပေါ်တက်နဲ့ယူရီးယား၁ဧက၅ပြီးလောက်ကျွေးချင်လို့အဲ့လိုလုပ်လို့ရရဲ့လား
အသီးရင့်သည်အထိမစောင့်နိုင်ပါက အညွန့်အဖျား(၅)ရွက်(၆)ရွက်ခန့်အဆစ်မှာမြေထုတ်စီးမျိုးပွားယူနိုင်ပါတယ်။နိုင်ငံခြားမျိုးတွေကိုကျနော်အထက်ဖေါ်ပြပါနည်းအတိုင်မျိုးပွားယူပါတယ်။
တစ်ခုလောက်မေးချင်လို့ပါဗျ ဒီဘူးသီးက ဘာမျိုးလဲခင်ဗျ မျိုးယူလို့ရလားဗျ
ထုံး+ကန့်ဆေးဖြန်းပေးခြင်း(သို့)ထုံး+ဒုတ္ထာဆေးသုတ်ပေးခြင်းပြုသင့်ပါတယ်။
ရာဘာပင်က အခေါက်ပုပ်၊အခေါက်ကွဲနေတယ် ဘယ်လိုလုပ်ရမလဲ ပိုးကြောင့်လား၊ ဘာပိုးသတ်ဆေးဖြန်းရမလဲ။
၁၀/၁၅အတွင်းမှာထေုတ်လေ့ရှိပါတယ် နေရာဒေသလုပ်နည်းမတူကြပါ။
nကျွေးပြီးဘယ်နှစ်ရက်နေရင်ရေထုတ်လို့ရမလဲရေလှည့်ချင်လို့ပါ
အများအားဖြင့် ကောက်စိုက်ပြီး(၇)ရက်မှ(၁၅)ကြားကျွေးကြပါတယ် ။
အမိုနီယမ်ဆာလဖိတ်ကို ရက်၉၀စပါးသက်တမ်းတလျှောက်ဘယ်လိုအချိန်တွေနဲ့ ဘယ်နကြိမ်ကျွေးရမလဲ။
၁၁ရက်ဆိုတော့လိုအပ်ပါသေးတယ်မဖြစ်မနေသုံးရင်တော့ရပါတယ် နေပူထဲထားဖို့လိုပါအုံးမယ်။
ကြက်ဥဂျူလင်စီ ၁၁ ရက် နည်းနည်းတော့ နီတယ် သုံးလို့မရသေးဘူးလား ...