အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
pyaephyoaung
pyaephyoaung 1,317
လွန်ခဲ့သော ၃ နှစ် က · မိုးညှင်း

ကြက်ဥဂျူလင်စီ ၁၁ ရက် နည်းနည်းတော့ နီတယ် သုံးလို့မရသေးဘူးလား ...

မြေဆီလွှာ ပဲပုပ်
Post image

ဖြေကြားချက် ၃ ခု

Thet Paing Oo
Thet Paing Oo 3,692 လွန်ခဲ့သော ၃ နှစ် က

အရင်ဆုံး နီလာပါတယ် အဲ့အဆင့်မှာ သုံးလို့ရပါတယ် ဒီထက်ကောင်းအောင် ဆိုရင်တော့ နဲနဲ အနီကနေ အနီညို ရောင်ပြောင်းတဲ့ အဆင့်မှာ သုံးရင် ပိုကောင်းပါတယ်ဗျ

ဦးတင်အောင်ဟိန်း
ဦးတင်အောင်ဟိန်း 1,861 လွန်ခဲ့သော ၃ နှစ် က

၁၁ရက်ဆိုတော့လိုအပ်ပါသေးတယ်မဖြစ်မနေသုံးရင်တော့ရပါတယ် နေပူထဲထားဖို့လိုပါအုံးမယ်။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,594 လွန်ခဲ့သော ၃ နှစ် က

အနီ​ရောင် နည်းနည်း လို​သေးတယ်.. ​နေလှန်းကြည့်ပါဦး။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

စိုက်ပျိုးရေးဆရာတို့ခင်ဗျာ ယနေ့ခေတ်မှာတောင်သူတွေမှာ ကော်ရည်ဆိုပီးတော့ ရွက်ဖျန်းအားဆေးမှာ။ ရွက်ဖျန်းပိုးသတ်ဆေး...

ဖြေကြားချက် 3 ခု

ကောက်ရိုးငုတ် ပြဿနာ ဘယ်လိုဖြေရှင်းကြလဲဗျ.. ဒီအတိုင်းထယ်ထိုးမြေမြုပ် ထွန်လိုက်တော့လဲ စိုက်မြောင်းဖော်တဲ့အခါ...

ဖြေကြားချက် 1 ခု

ပဲပုတ် ၁ လသားပါ.. မှိုဆေးဖြန်းသင့်ပီလား.. ထပ်စောင့်သင့်လား.. ရောဂါတော့ကျနေပီ။

ဖြေကြားချက် 3 ခု

မိုးတွင်း စိမ့်ထွက်တဲ့ လယ်ကွက်တွေက ပဲစိုက်လို့မကောင်းဘူးတဲ့။ တစ်ကယ်လည်း ပဲပုတ်စိုက်ကြည့်တာ မကောင်းပါဘူး။ ဘာ...

ဖြေကြားချက် 3 ခု

ပဲအထူး အပင်ကြီး အပွင့် အသီး ရွက်ဖြန်းအားဆေးရည်တဲ့.. အပင်အတွက်လိုအပ်တဲ့ n p k အနည်းလိုဘလာဘလာပေါ့ဗျာ ဗူးမှာရေး...

ဖြေကြားချက် 7 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။