ကျော်သိဂ်ါအောင် တောင်သူ · မုံရွာ 232 1 ဖြေဆို 0 မေးမြန်း လွန်ခဲ့သော ၂ နှစ် က ဖရဲပင်ငယ်လေးတွေ အရွက်ခြောက်လာတာက ဆေးလောင်ထားတဲ့ အတွက်ကြောင့်ပါ။အဓိက အကြောင်းအရင်းကတော့ ဆေးနှုန်းထားနှင့် အရွက်ကို ဆေးထိသည့်အချိန်များခြင့်ကြောင့်ပါ။ ထိုအတွက်ကြောင့် လောလောဆယ် ဖရဲအပင်ငယ်လေးများ ဆေးဖျန်းမည်ဆိုပါက သတ်မှတ်ဆေးနှုန်းထားထက် ထက်ဝက်ခန့် လျှော့ဖျန်းပေးပါ။ဆေးဖျန်းသည့်အခါ ဆေးကို စိမ်မဖျန်းပါနဲ့။နောက်ပြီး ဆေးဖျန်းသ ည့်အခါ ဆေးဖျန်းပုံးမော်တာကို 100% မဖွင့်ဘဲ 50% လောက်သာ ဖွင့်ဖျန်းပေးပါ။အခုလို အရွယ်မှာ ပုံမှန်သုံးနေကြ ဆေးဖျန်းဂေါင်း မသုံးဘဲ တစ်ပေါက်ဂေါင်း ပြောင်း၍ သုံးပေးသင့်ပါတယ်။ဆေးဖိုးကုန်ကျစားရိတ်လည်း သက်သာစေပါတယ်။အနဲလို အာဟာရ ရွက်ဖျန်းအားဆေးတစ်မျိုးမျိုး ဖျန်းပေးပါ။ ဪ... ဖရဲပင်ဘောင်ပေါ်ကို ရောင်ပြန်ပလက်စတစ် မသုံးဘူးလားခင်ဗျ။ပြည်တွင်း ရောင်းဖို့ အတွက်လားခင်ဗျ။ ဖရဲပင်ငယ်လေးတွေအရွက်ခြောင်လာလို့ဘယ်လိုလုပ်ရမှာလဲခင်ဗျာ