အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
မိုးကျော်
လွန်ခဲ့သော ၂ နှစ် က · ဂွ

ဖရဲပင်ငယ်လေးတွေအရွက်ခြောင်လာလို့ဘယ်လိုလုပ်ရမှာလဲခင်ဗျာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
မြူဆိုင်း၍ နေသာ
ပိုးမွှားရောဂါ ဖရဲ
Post image
Post image

ဖြေကြားချက် ၄ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,595 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

ကော့ပါးဖျန်း​ပေးပါ။ ​ရေတိုက်​ပေးပါ

မိုးကျော်
မိုးကျော် 931 လွန်ခဲ့သော ၂ နှစ် က

အပင်က၁၅ရက်သားရှိနေပြီရွက်ဖျန်းဆေးသုံးချင်လို့ခင်ဗျာ

မိုးကျော်
မိုးကျော် 931 လွန်ခဲ့သော ၂ နှစ် က

ဆေးလောင်ရအောင်ဆေးဖျန်းသေးဘူးခင်ဗျာ

ကျော်သိဂ်ါအောင်
ကျော်သိဂ်ါအောင် 232 လွန်ခဲ့သော ၂ နှစ် က

ဖရဲပင်ငယ်လေးတွေ အရွက်ခြောက်လာတာက ဆေးလောင်ထားတဲ့ အတွက်ကြောင့်ပါ။အဓိက အကြောင်းအရင်းကတော့ ဆေးနှုန်းထားနှင့် အရွက်ကို ဆေးထိသည့်အချိန်များခြင့်ကြောင့်ပါ။ ထိုအတွက်ကြောင့် လောလောဆယ် ဖရဲအပင်ငယ်လေးများ ဆေးဖျန်းမည်ဆိုပါက သတ်မှတ်ဆေးနှုန်းထားထက် ထက်ဝက်ခန့် လျှော့ဖျန်းပေးပါ။ဆေးဖျန်းသည့်အခါ ဆေးကို စိမ်မဖျန်းပါနဲ့။နောက်ပြီး ဆေးဖျန်းသ ည့်အခါ ဆေးဖျန်းပုံးမော်တာကို 100% မဖွင့်ဘဲ 50% လောက်သာ ဖွင့်ဖျန်းပေးပါ။အခုလို အရွယ်မှာ ပုံမှန်သုံးနေကြ ဆေးဖျန်းဂေါင်း မသုံးဘဲ တစ်ပေါက်ဂေါင်း ပြောင်း၍ သုံးပေးသင့်ပါတယ်။ဆေးဖိုးကုန်ကျစားရိတ်လည်း သက်သာစေပါတယ်။အနဲလို အာဟာရ ရွက်ဖျန်းအားဆေးတစ်မျိုးမျိုး ဖျန်းပေးပါ။ ဪ... ဖရဲပင်ဘောင်ပေါ်ကို ရောင်ပြန်ပလက်စတစ် မသုံးဘူးလားခင်ဗျ။ပြည်တွင်း ရောင်းဖို့ အတွက်လားခင်ဗျ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။