ko Ye Moe Htet
ဆိုင်ပိုင်ရှင် · မအူပင်
Emamectin Benzoate+ Lambda-cyhalothrin အရော ဖျန်းပါ
ဆရာကြီးခင်ဗျ ရုံးပတီရွက်တွေအောက်မှာ အခုလို ဖြုတ်စိမ်းလေးတွေ စတင်ပြီးတွယ်ကပ်လာပါပြီ မနှစ်ကလိုတော့ အရမ်းကြီးမဆိုးသေးဘူး အပင်တိုင်းလဲ မရှိသေးဘူးဆရာ အစီဖိတ်လောက်နဲ့ရမလားဆရာ မရရင်လဲ အခြားဆေးနည်းလေးပေးပါအူးဆရာ
ဆေးများသွားတာပါ တကယ်ဆိုရင် ရက်ခြားပီးဖျန်းသင့်ပါတယ် အတတ်နိုင်ဆုံး ဆေးကို လိုတာထက်ပိုပြီး မသုံးသင့်ပါဘူး ဘာကြောင့်လည်း ဆိုတော့ ဆေးအပြင်းတေ အသုံးများတဲ့အခါ နောက်ထပ် ဆေးတွေ မတိုးတာတွေ မသိသာတာတာတွေ ရှိတတ်ပါတယ် ပြောချင်တာကတော့ ဆေးတွေကို အလွန်အကျွံ မသုံးဘဲ ထိန်းပြီးပဲ သုံးစေချင်ပါတယ် (N) ပါသော မြေဩဇာကျွေးတာကို ရပ်ထားပါ (K) များတဲ့ အားဆေးကို ပြန်ပြောင်းသုံးပါ
ကွမ်းပင်ခြေပုပ်နဲ့ ရွက်ပုပ်ကျလို့ ဆိုင်မှာဆေးသွားဝယ်တာ (Azoxystrobin 15%+Dimethomorph 50%) ၂၀ဂရမ် တစ်ပုံးစာ နဲ့ (Folpet 25% +Fosetyl aluminum 50%) ၅၀ ဂရမ် တစ်ပုံးစာ ပေးလိုက်တယ် ဆေးဖျန်းပုံး တစ်ပုံးထဲမှာ AI ၄မျိုးစလုံးရောဖြန်းခိုင်းတာပေါ့ (၂၀ဂရမ် ၁ထုပ် + ၅၀ဂရမ် ၁ထုပ်) ဖြန်းလိုက်တာ ရောဂါ ဆက်မဖြစ်တော့ပါဘူး ရပ်သွားပါတယ် ဒါပေမယ့် ကွမ်းပင်ရဲ့ အရွက်တေပ အဝါရောင်နဲ့ အစိမ်းရောင် စပ်ကြားတေဖြစ်သွားတယ်ဆရာ အရွက်ကလေးတွေလည်း ပုံစံပျက်သွားပါတယ်ဆရာ (စုပ်စားပိုးတော့ ရှာကြည့်တယ် စုပ်စားပိုးတော့မတွေ့ပါ) ဘာကြောင့်အဲ့လိုဖြစ်သွားတာလည်းဆရာ ဖြန်းလိုက်တဲ့ဆေးကြောင့်လား? အဲ့ဒါဆိုရင် ဘယ်လိုဆေးမျိုးကိုပြန်ဖြန်းရမလဲဆရာ ပုံပါရိုက်ထားပါတယ်