အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Ko Ye Min Htut
လွန်ခဲ့သော ၁ နှစ် က · ကျောင်းကုန်း

ကွမ်းပင်ခြေပုပ်နဲ့ ရွက်ပုပ်ကျလို့ ဆိုင်မှာဆေးသွားဝယ်တာ (Azoxystrobin 15%+Dimethomorph 50%) ၂၀ဂရမ် တစ်ပုံးစာ နဲ့ (Folpet 25% +Fosetyl aluminum 50%) ၅၀ ဂရမ် တစ်ပုံးစာ ပေးလိုက်တယ် ဆေးဖျန်းပုံး တစ်ပုံးထဲမှာ AI ၄မျိုးစလုံးရောဖြန်းခိုင်းတာပေါ့ (၂၀ဂရမ် ၁ထုပ် + ၅၀ဂရမ် ၁ထုပ်) ဖြန်းလိုက်တာ ရောဂါ ဆက်မဖြစ်တော့ပါဘူး ရပ်သွားပါတယ် ဒါပေမယ့် ကွမ်းပင်ရဲ့ အရွက်တေပ အဝါရောင်နဲ့ အစိမ်းရောင် စပ်ကြားတေဖြစ်သွားတယ်ဆရာ အရွက်ကလေးတွေလည်း ပုံစံပျက်သွားပါတယ်ဆရာ (စုပ်စားပိုးတော့ ရှာကြည့်တယ် စုပ်စားပိုးတော့မတွေ့ပါ) ဘာကြောင့်အဲ့လိုဖြစ်သွားတာလည်းဆရာ ဖြန်းလိုက်တဲ့ဆေးကြောင့်လား? အဲ့ဒါဆိုရင် ဘယ်လိုဆေးမျိုးကိုပြန်ဖြန်းရမလဲဆရာ ပုံပါရိုက်ထားပါတယ်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့်တိမ်ထူထပ်ပြီး မိုးထစ်ချုန်း
ပိုးမွှားရောဂါ ကွမ်း ကွမ်းပင်ခြေပုပ်ရောဂါ
Post image
Post image
Post image

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 352,834 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

ဆေးလောင်ခြင်းဖြစ်နိုင်ပါတယ်၊ နိုက်ထရိုဂျင်ပါသောအဟာရကျွေး‌ခြင်း ရပ်နားထားပေးပါအမိုင်နိုအက်စစ်ပါ‌ သောအားဆေးဖျန်း‌ ပေးပါ။ ပိုတက်စီယမ်နှင့်ကယ်လ်စီယမ်အား‌‌ ဆေးဖျန်းပေးပါ။အပင်ခြေဟူးမစ်မြေဩဇာထည့်ပေးပါ။

ko Ye Moe Htet
ko Ye Moe Htet 239 လွန်ခဲ့သော ၁ နှစ် က

ဆေးများသွားတာပါ တကယ်ဆိုရင် ရက်ခြားပီးဖျန်းသင့်ပါတယ် အတတ်နိုင်ဆုံး ဆေးကို လိုတာထက်ပိုပြီး မသုံးသင့်ပါဘူး ဘာကြောင့်လည်း ဆိုတော့ ဆေးအပြင်းတေ အသုံးများတဲ့အခါ နောက်ထပ် ဆေးတွေ မတိုးတာတွေ မသိသာတာ‌တာတွေ ရှိတတ်ပါတယ် ပြောချင်တာကတော့ ဆေးတွေကို အလွန်အကျွံ မသုံးဘဲ ထိန်းပြီးပဲ သုံးစေချင်ပါတယ် (N) ပါသော မြေဩဇာကျွေးတာကို ရပ်ထားပါ (K) များတဲ့ အားဆေးကို ပြန်ပြောင်းသုံးပါ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,595 လွန်ခဲ့သော ၁ နှစ် က

ဆေးကြောင့်ပါ။တကယ်ဆိုရင်၊တတွဲချင်း ၄,၅ရက်ခြားပြီးဖျန်းသင့်ပါတယ်

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။