အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
kosantun

kosantun

စိုက်ပျိုးရေးပညာရှင် · ဂွ

5,058
လွန်ခဲ့သော ၃ နှစ် က

အောက်ရွက်တွေဝါပြီး အထက်ကိုတဖြည်းဖြည်းတက်သွားမယ်။အချိန်မီမနှိမ်နင်းနိုင်ရင် တပင်လုံးဝါပြီး ပျက်စီးမယ်။ ညှပ်ထုတ်ပစ်လိုက်။ သိပ်မဆိုးသေးရင် ကာဇိတ်(mancozeb+cymoxanil)ဖျန်း။ တပတ်ခြားဖျန်း။ အရမ်းဆိုးနေရင် ဒိုင်မီသိုမော့ဖျန်း ဒိုင်မီသိုမော့ကအပင်ကိုလည်း နဲနဲထိတယ်။ ဝါနေတဲ့နေရာတွေအကုန်လုံး ခြောက်သွားမယ်။ နောက်ဆုံးအဆင့်ကျမှသူ့ကိုဖျန်း။

ကြက်ဟင်းခါးပင်တွေပါ ဒါဘာရောဂါကျတာလဲဗျ မိုးရွာပြီးပိုပိုဆိုးလာတယ် ဘယ်လိုဆေး aiသုံးရင်အဆင်ပြေမလဲဗျ

လွန်ခဲ့သော ၃ နှစ် က

909

ခရမ်းချဥ် မျိုး ၁၁၁ ၉၀၉ ကမိုးရာသီကိုဘယ်မျိုးကအဆင်ပြေလဲဗျ မိုးတွင်းကရောဂါအဖြစ်များလားဗျ ဘာတွေပြင်ဆင်ထားရမလဲဗျ နွေသီးတုန်းကအဆင်မပြေလို့ပါအကြံလေးများပေးကျပါအုံး

ခရမ်းချဉ်မျိုး
လွန်ခဲ့သော ၃ နှစ် က

ဘယ်ဒေသကလဲ။ မိုးအရမ်းများ ဖြစ်ထွန်းမှုနည်းမယ်။ မြေပြန်မှာ အခုချိန်ဆိုရင် ၉၀၉တို့၊ ၇၀၁တို့ကတော့ကောင်းတယ်။

ခရမ်းချဥ် ပျိုးမလို့ မိုးရာသီစိုက်လို့အဆင်ပြေနိင်လားဗျ ဘယ်မျိုးကိုစိုက်သင့်လဲ ဘာတွေပြင်ဆင်ထားသင့်လဲအကြံပေးပါအုးံဆရာသမားတို့

ခရမ်းချဉ်စိုက်ချိန်
လွန်ခဲ့သော ၃ နှစ် က

ကုက္ကိုပင်၊ သကြားသီးပင်၊ ဗာဒံပင်၊

အပင်ကြီးမြန်ပြီး အရိပ်ကောင်းတဲ. သစ်ပင် ရှိလာဗျ လမ်းကြာမှာစိုက်မလို.

လွန်ခဲ့သော ၃ နှစ် က

ဘူး၊ ဖရုံ၊ သခွား၊ ခဝဲ၊ ကန်ဇွန်း၊ ရုံးပတီ၊ ပြောင်း

မြန်မာပြည်အောက်ပိုင်း မိုးများဒေသမှာ ဒီချိန်ကာလာ သီးပင်၊စားပင် တွေစိုက်မယ်ဆို ဘယ်သီးနှံတွေ စိုက်လို့ ရမလည်း ခင်ဗျာ စီးပွားဖြစ်မဟုတ်ပါ၊ဝါသသနာအရ ပါ ခင်ဗျာ

လွန်ခဲ့သော ၃ နှစ် က

မိုးရာသီမှာ ဘာမျိုးစိုက်စိုက် အဆင်ပြေတယ်။ ၉၉၉/၃၉၅/ဒေဝီမျိုးတွေကြိုက်တယ်

မိုးရာသီနဲ့ဘယ်လိုသခွားမျိုးသင့်တော်ပါလဲ ဖြေပေးအုံး

လွန်ခဲ့သော ၃ နှစ် က

အရမ်းပူတဲ့အခါ စုပ်စားပိုးတွေတအားကျပြီး စုပ်စားခံရလို့ပါ။ စုပ်စားပိုးက စားလို့ အရွက်တွေ ဝါကုပ်တွန့်လိမ်နေတာထက် ပိုဆိုးတာက သူက ဗိုင်းရပ်ပိုးကို သယ်ဆောင်လာတာဆိုတော့ အပင်မှာ ဗိုင်းရပ်ရောဂါကျပြီးအရွက်တွေ ဝါကုန်တာပေါ့ဗျာ။ ကူးပြီးရင် ကုလို့မရပါဘူး။ ရောဂါကျအပင်ကို နှုတ်ပြီးလွတ်ရာမှာ စွန်ပစ်ပါ/မီးရှို့ပါ။ နောက်ပြီးတော့ ကျန်တဲ့ရောဂါမကျသေးတဲ့အပင်တွေကိုတော့ စုပ်စားပိုးနိုင်တဲ့ဆေးတစ်မျိုးမျိုးဖြန်းပါ။ ဒိုင်နိုတီဖျူရန်၊ သိုင်ရာမီသောက်ဆမ် စတဲ့ဆေးတွေဖျန်းလို့ရပါတယ်။ ဝါတဲ့အပင်တွေကို ဆက်ထားလည်း ကောင်းမလာပါဘူး။ ဘေးအပင်ကိုကူးစေပါတယ်။ ရာသီဥတုကလည်းအရမ်းပူနေမယ်၊ စုပ်စားပိုးတွေကလည်း အရမ်းများနေမယ်ဆိုရင်တော့ ပိုးသတ်ဆေးတွေလည်း မနိုင်တော့ပါဘူး။ မကျခင်ကြိုတင်ကာကွယ်ထားမယ်ဆိုရင်တော့ သက်သာပါမယ်။ နွေရာသီမှာစိုက်ရင်တော့ သေချာပေါက်ကျမှာပါ။ ခက်တာက နွေရာသီမှာစိုက်မှလည်း ဈေးကောင်းရတာဆိုတော့ စိုက်ကြတာပါပဲ။ ကျကျမကျကျ ပုံမှန်ဖျန်းပေးနေမှသာ အဆင်ပြေမှာပါ။ နှမြောလို့ နှုတ်မပစ်ရင် ပိုဆိုးမှာပါ။

ရုံးပတီသီးပင်ဘာလို့ဝါတာလဲဗျ ပိုးကျလို့လား အဝါမျိုးမို့ဝါတာလား အဝါပင်ကဆို အဝါသီးထွက်တယ် အဝါသီးကရောင်းတန်းမဝင်ဘူးဗျ ဘာဆေးဖျန်းရမလဲဗျ ဆေးဖျန်းပြီးရင် အပင်ပြန်စိမ်းနိုင်လားဗျ

လွန်ခဲ့သော ၃ နှစ် က

မိုးများရင်မဖြစ်ဘူး။ အလယ်ပိုင်း‌ဒေသတွေဆိုရင်တော့ အရမ်းဖြစ်ထွန်းတာပေါ့ဗျာ။

ဝါဆိုလမှာ ပဲတောင့်ရှည်စိုက်လို့အဆင်ပြေမလား မိုးတွင်းကာလမို့အပင်အတွက်အသီးအတွက်ဘာတေပြင်ဆင်ဖို့လိုမလဲဆရာ

လွန်ခဲ့သော ၃ နှစ် က

မြေခံထည့်မှာဆို အာမို ၄၆% အပင်ကအမြန်ရစေချင်တဲ့အခြေအနေမှာတော့ good brotherက DAP(diammoniumphosphate)ပေါ့

မြေဩဇာထဲ့က Pအသီးအားပေး brand ကောင်းတာညွန်ပေးကြပါလား ဘယ်ဆိူင်မာဝယ်လိုစုံလဲ အတုနဲ့ကျမှာစိုးလို့ Awwba or three circle or GB or အာမို or စုစံ GT? ~ much appreciated!

လွန်ခဲ့သော ၄ နှစ် က

ရောဂါကျအရွက်တွေ လိုက်ခူးပလိုက်

tin aye ခရမ်းပင် အရွက်အဖျားပိုင်းများ ဝါပြီး ခြောက်သွားပါသ ဖြင့် မည်ကဲ့သို့ ပြုလုပ်ရမည်ကို အကြံပြုပေးပါ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။