ဝက်ရောဂါကျတာကို ထိုင်းအစိုးရ ဖုံးကွယ်ထားခဲ့လို့ မွေးမြူရေးသမားတွေ နစ်နာခဲ့ကြရ

25/02/2022 16:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

အသက် ၇၅ နှစ် အရွယ် ထိုင်းနိုင်ငံက ဝက်မွေးမြူရေးသမား ဂျင်တာနာ ဟာ လွန်ခဲ့တဲ့နှစ်နှစ်လောက်က သူ့ ဝက်ခြံမှာ အာဖရိကဝက်အပြင်းဖျားရောဂါ ကျနေတယ်လို့ သံသယရှိခဲ့ပါတယ်။ ဝက်တွေမှာ ရောဂါလက္ခဏာ ပြလာပြီး အကောင် ဒါဇင်နဲ့ချီ သေဆုံးခဲ့တာပါ။ 

ဒါပေမဲ့ ထိုင်းအစိုးရကတော့ ဥရောပနဲ့ အာရှနိုင်ငံတွေမှာ ဝက်ကောင်ရေ အများအပြားကို ပျက်စီးစေခဲ့တဲ့ အဲဒီ ဗိုင်းရပ်စ်ရောဂါ ထိုင်းနိုင်ငံထဲ ဝင်မလာသေးဘူးလို့ ပြီးခဲ့တဲ့လကအထိကို ပြောနေတုန်းပါပဲ။ 

အစိုးရက နိုင်ငံတွင်း ရောဂါကျရောက်နေပြီဖြစ်ကြောင်း အတည်ပြုလိုက်ချိန်မှာတော့ နိုင်ငံရေးအရ ဝေဖန်မှုတွေ စကြုံလာရပါတယ်။ အတိုက်အခံ အမတ်တစ်ယောက်က ရောဂါကျတာကို နှစ်နဲ့ချီ ဖုံးကွယ်ထားခဲ့တယ်လို့ အစိုးရကို စွပ်စွဲခဲ့ပြီး စိုက်ပျိုးရေး ဒုဝန်ကြီးကတော့ ဒီစွပ်စွဲမှုကို ငြင်းဆန်ခဲ့ပါတယ်။

 "ရောဂါကျတာ သူတို့တွေ (အာဏာပိုင်တွေ) မသိဘူးဆိုတာ ဘယ်လိုမှမှ မဖြစ်နိုင်တာ။ တစ်နိုင်ငံလုံးမှာ ဝက်တွေ ဒီလောက်တောင် သေနေတာကို ရောဂါမကျဘူးလို့ ပြောနေတုန်းပဲ။ ဘာကြောင့် ဒီလို ဖုံးကွယ်ထားရတာလဲ" လို့ ဂျင်တာနာက မေးခွန်းထုတ်တယ်။ 

ယခုတော့ ထိုင်းအစိုးရအနေနဲ့ ပြည်နယ် ၁၃ ပြည်နယ်ရဲ့ ဒေသ ၂၂ ခုမှာ ဝက်အပြင်းဖျားရောဂါ တွေ့ရှိခဲ့ကြောင်း၊ တစ်ပိုင်တစ်နိုင် မွေးမြူရေးခြံတွေမှာ ရောဂါကျ ဝက်ကောင်ရေ ၄၀၀ ကျော် သုတ်သင်ခဲ့ရကြောင်း တိရစ္ဆာန်ရောဂါ ကာကွယ်ရေးနဲ့ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဘန်ယာဂျစ်က အတည်ပြုပြောဆိုပါတယ်။ 

တာဝန်ရှိသူတွေဟာ ၂၀၁၉ နဲ့ ၂၀၂၁ ကြား ရောဂါကျရောက်နိုင်ခြေမြင့်တဲ့ ဝက်ကောင်ရေ သုံးသိန်းနီးပါး သုတ်သင်ခဲ့ရပေမယ့် အဲဒီဝက်တွေရဲ့ အသားစ နမူနာတွေထဲမှာ ရောဂါပိုး မတွေ့ခဲ့ရဘူးလို့ ဘန်ယာဂျစ်က ပြောပါတယ်။ 

ဝက်တွေ သေကြတာ အများစုက ဝက်နားရွက်ပြာရောဂါ (PRRS) ကြောင့်လို့ သူက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ အာဖရိကဝက်အပြင်းဖျားရောဂါကပ်အသွင် ကျရောက်နေပြီလို့ ပြီးခဲ့တဲ့လက ပထမဆုံးအကြိမ် အတည်ပြု လိုက်ချိန်မှာ ဝက်ကောင်ရေ ၅၀ ထိသာ အများဆုံးမွေးတဲ့ တစ်ပိုင်တစ်နိုင် ဝက်မွေးသမား တစ်သိန်းနီးပါးဟာ လုပ်ငန်း ထဲကနေ ထွက်သွားကြရပြီးပါပြီ။ 

ယခုတော့ တစ်ပိုင်တစ်နိုင်ဦးရေ ၇၉၀၀၀ သာ ကျန်တော့တယ်လို့ အစိုးရရဲ့ မွေးမြူရေးလုပ်ငန်း ကိန်းဂဏန်းတွေ အရ သိရပါတယ်။ တစ်ပိုင်တစ်နိုင်သမားတွေ မွေးတဲ့ ဝက်ကောင်ရေဟာ ထက်ဝက်လောက် ပျက်စီးသွားပြီး တစ်သန်းလောက်သာ ကျန်ရှိတော့ပါတယ်။

 တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ယခင်နှစ်က ဝက်ကောင်ရေ ၁၃ ဒသမ ၁ သန်း ရှိခဲ့ရာကနေ ၁၇ ရာခိုင်နှုန်း ကျပြီး ၁၀ ဒသမ ၈၅ သန်းသာ ရှိတော့ရာမှာ တစ်ပိုင်တစ်နိုင်သမားတွေရဲ့ ဆုံးရှုံးမှုက အချိုးအများစု ပါဝင်နေတာ တွေ့ရပါတယ်။ မွေးမြူရေးတိရစ္ဆာန် ကောင်ရေကျဆင်းလာတာကြောင့် ပြည်တွင်းဝက်သားဈေးဟာ စံချိန်တင် မြင့်တက်သွားခဲ့ရပါတယ်။

 ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ဘန်ကောက်မြို့ရဲ့ ဝက်သားလက်လီဈေး တစ်ကီလိုကို ၂၁၅ ဘတ်အထိ မြင့်တက် သွားခဲ့ပြီး ဒါဟာ ကုန်သွယ်ရေးဝန်ကြီးဌာနက စာရင်းစကောက်တဲ့ ၂၀၀၁ ခုနှစ်နောက်ပိုင်း နေ့စဉ်ဈေးတက်နှုန်း အမြင့်ဆုံး ဖြစ်ပါတယ်။

 "မွေးမြူးရေးလုပ်ငန်းထဲမှာ တစ်ပိုင်တစ်နိုင်သမားတွေ ခုထက်ပိုပြီး ရှိနေသေးရင်တော့ လုပ်ငန်းကြီးတွေကို ပြန်ထိန်းညှိနိုင်မယ်။ ဈေးလည်း ခုလောက် တက်မှာမဟုတ်ဘူး" လို့ အသက် ၅၅ နှစ်ရှိ ဝက်မွေးမြူရေးသမား စီတီချိုင်က ပြောပါတယ်။

 ထိုင်းအစိုးရဟာ ပြည်တွင်းဝက်သား ရောင်းလိုအား မြှင့်တင်ဖို့ဆိုပြီး ဝက်အရှင် ပြည်ပတင်ပို့မှုကို ဧပြီလအထိ အရင်လက စပိတ်လိုက်ပါတယ်။ အစိုးရဟာ တစ်ပိုင်တစ်နိုင်သမားတွေဆီ ဝက်သားပေါက်တွေ ဈေးသက်သာစွာနဲ့ ချပေးသွားဖို့ ပြင်ဆင်နေကြောင်းလည်း ဘန်ယာဂျစ်က ပြောပါတယ်။ ရောင်းအားပြတ်တာ ဖြေရှင်းနိုင်ဖို့ကတော့ ၁၀ လလောက် အချိန်ယူရဦးမယ်လို့ သူက ဆိုပါတယ်။

 ဝေယံဟိန်း (B.Ag)

Ref: Thai pig farmers angered by swine fever outbreaks - Reuters

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်