စိုက်ပျိုးသုတ ဖေဖေါ်ဝါရီလ

01/02/2023 11:00 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

ဖေဖေါ်ဝါရီလသည် မိုးကြိုသီးနှံများကို စတင်စိုက်ပျိုးသင့်သည့်လဖြစ်သည်။ မိုးကြိုသီးနှံများတွင် ယာသီးနှံများဖြစ်သော ပဲတီစိမ်း၊ နှမ်းလျင်၊ ချည်မျှင်ရှည်ဝါစသည့် သီးနှံများ ပါဝင်သည်။ မြန်မာ နိုင်ငံအလယ်ပိုင်းနှင့်အထက်ပိုင်း ဆည်‌ရေရရှိသည့်ဒေသများအတွက် နွေစပါးလည်း ပါဝင်ပါသည်။

သီးထပ်သီးနှံပုံစံချမှတ်စိုက်ပျိုးရေး

မိုးကြိုယာသီးနှံများနှင့် နွေစပါး၏စိုက်ပျိုးချိန်မှန်ကန်မှုနှင့် မျိုးရွေးချယ်မှုသည် လာမည့်နှစ်တွင် စိုက်ပျိုးဆောင်ရွက်မည့် သီးထပ်သီးနှံပုံစံအတွက် အလွန်အရေးပါသည်။ 

သီးထပ်သီးနှံပုံစံချမှတ်စိုက်ပျိုးရာတွင် သီးနှံတစ်မျိုးမက ပါဝင်သည်ဖြစ်ရာ မိုးကြို၊ မိုး၊ မိုးနှောင်း သီးနှံတစ်မျိုးတည်းအတွက် အကောင်းဆုံးအခြေအနေတွေချည့် ဦးစားပေးဆောင်ရွက်ခြင်း မပြုသင့်ပါ။ သီးနှံတစ်မျိုးကို ဦးစားပေးခြင်းဖြင့် အခြားသီးနှံများကို လျစ်လျူရှုရာ မရောက်သင့်ပါ။ 

သီးနှံတစ်မျိုးက တစ်ဧကအထွက်အမြင့်ဆုံးကို ရရှိပြီး အခြားသီးနှံများက သင့်တင့်သောအထွက်ကိုပင် မပေးနိုင်လျှင် သီးနှံပုံစံတစ်ခုလုံးအနေဖြင့် ခြုံလိုက်ပါက အရှုံးနှင့်ရင်ဆိုင်ရနိုင်သည်။ တစ်နှစ်တာအတွင်း  စိုက်ပျိုးကုန်ကျစရိတ်စုစုပေါင်းထက် သီးနှံအထွက် ရောင်းရဝင်ငွေစုစုပေါင်းက လျော့နည်းနိုင်မည်ကို သတိမူသင့်ပါသည်။ 

သို့ဖြစ်၍ စိုက်ပျိုးသမျှသီးနှံတိုင်းက ပုံမှန်အထွက်ကိုပေးနိုင်ဖို့ သီးနှံအလိုက် စိုက်ချိန်တွေမှန်ဖို့ လိုသည်ဖြစ်ရာ ယခုစိုက်ပျိုးမည့် မိုးကြိုယာသီးနှံနှင့် နွေစပါးက စတင်၍ ချိန်ဆဆောင်ရွက်ရန် ဖြစ်ပါသည်။

မိုးကြိုယာသီးနှံစိုက်ချိန်မှန်

မိုးကြိုယာသီးနှံများကို ဖေဖေါ်ဝါရီလတွင် စိုက်ပါ။ သို့မှသာ သီးထပ်သီးနှံပုံစံအတွက် အဓိကသီးနှံဖြစ်သည့် လာမည့်မိုးစပါးကို စိုက်ချိန်မှန်ဖြင့် စိုက်ပျိုးနိုင်မည်။ စိုက်ချိန်မှန်မှ မျှော်မှန်းသည့်မိုးစပါးအထွက်ကို ရရှိနိုင်ပါမည်။ 

မိုးစပါးအပြီးဆက်လက်စိုက်ပျိုးမည့် ယာသီးနှံကိုလည်း စိုက်ချိန်မှန်တွင်စိုက်နိုင်မည်။ အထွက်လျော့နည်းမှုမရှိဘဲ မျှော်မှန်းအထွက်ကို ရရှိနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ မိုးစပါးကို ပုံမှန်စိုက်ချိန်တွင် စိုက်ပျိုးနိုင်ရန် မိုးကြိုသီးနှံများကို ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးရန် ထောက်ခံရခြင်း ဖြစ်ပါသည်။ 

မိုးကြိုယာသီးနှံ မျိုးရွေးချယ်မှုမှန်

မိုးကြိုယာသီးနှံများအတွက် ဒေသရေမြေနှင့်ကိုက်ညီ၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ပြီး စျေးကွက်ကောင်းသည့် မျိုးကောင်းမျိုးသန့်ကို ရွေးချယ်စိုက်ပျိုးရန်ကို အထူးပြောစရာ လိုမည်မထင်မိပါ။ သို့သော် အသက်ရက်နှင့်ပတ်သက်၍ ရွေးချယ်မှု မှန်စေလိုပါသည်။

မိုးစပါးကို ပုံမှန်စိုက်ချိန် ဇွန်၊ ဇူလိုင်တွင် စိုက်ပျိုးနိုင်ရန်အတွက် မိုးကြိုသီးနှံ၏ အသက်ရက်သည် မရှည်သင့်ပါ။ သို့ဖြစ်၍ သက်တမ်းတိုသောမျိုးကိုသာ အသုံးပြု စိုက်ပျိုးသင့်ပါသည်။

မိုးကြိုကာလသည် ဖေဖေါ်ဝါရီလလယ်ခန့်မှ မိုးဦးကျသည်ထိကာလသာဖြစ်သည်။ ရေသွင်းခြင်း၊ ထွန်ယက်မြေပြုပြင်ခြင်းအချိန်ကာလများရှိသေးသည်။ သီးနှံပင်စိုက်ပျိုး သီးပွင့် ရင့်မှည့်ရန် အချိန်ကာလသည် ရက်ပေါင်း ၁၀၀ ခန့်သာဖြစ်သည်။ ထို့ကြောင့် သက်တမ်းတိုမျိုးကိုသာ စိုက်ပျိုးပါလို့ ထောက်ခံရခြင်းဖြစ်ပါသည်။

မိုးကြိုယာသီးနှံများ

နှမ်းလျင်သီးနှံကို ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးလျှင် မေလကုန်တွင် ရိတ်သိမ်းနိုင်မည်။ ထို့ကြောင့်ဇွန်လတွင် မိုးစပါးကို ပုံမှန်စိုက်ပျိုးနိုင်မည်။ မိုးစပါးရိတ်သိမ်းပြီးသည်နှင့် ပဲမျိုးစုံ၊ နေကြာ၊ ပြောင်း ဖူးကြိုက်နှစ်သက်ရာကို စိုက်ပျိုးနိုင်သည်။ မိုးကြိုနှမ်းလျင်သီးနှံပါဝင်သော နှစ်သီး၊ သုံးသီး သီးနှံပုံစံများကို အောင်မြင်စွာချမှတ် ဆောင်ရွက်နိုင်စေမည်ဖြစ်ပါသည်။

ပဲတီစိမ်းသီးနှံကို ဖေဖေါ်ဝါရီလတွင်စိုက်ပျိုးပါက နှမ်းလျင်ကဲ့သို့ပင် မေလကုန်ထက် နောက်မကျဘဲ ရိတ်သိမ်းနိုင်မည်။ ပုံမှန်မိုးစပါးကို ဇွန်လတွင် စိုက်ပျိုးနိုင်မည်။ မိုးစပါးအပြီးတွင် အခြားယာသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးနိုင်မည်။ မိုးကြိုပဲတီစိမ်းသီးနှံ ပါဝင်သောနှစ်သီး၊ သုံးသီး သီးနှံပုံစံများကို အောင်မြင်စွာချမှတ်ဆောင်ရွက်နိုင်စေမည် ဖြစ်ပါသည်။

ချည်မျှင်ရှည်ဝါသီးနှံကို ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးပါက ကောက်သိမ်းပြီးစီးနိုင်သည်မှာ ဇူလိုင်လ၊ သြဂုတ်လဖြစ်မည်။ ဆက်လက်ပြီး သက်တမ်းတို ယာသီးနှံတစ်မျိုးမျိုးကို အောင်မြင်စွာစိုက်ပျိုးနိုင်စေမည် ဖြစ်ပါသည်။

ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးနိုင်သည့် အခြားယာသီးနှံ များစွာရှိပါသေးသည်။ ဥပမာ- မြေပဲ၊ ပြောင်းဖူး၊ ငြုပ် စသည့်သီးနှံများဖြစ်ပါသည်။ ယာသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးကာ လာမည့်နှစ်အတွက် နှစ်သီး သုံးသီး သီးထပ်သီးနှံပုံစံကို အောင်မြင်စွာ ဆောင်ရွက်စေလိုပါသည်။

မိုးကြိုယာသီးနှံများကို စိုက်ပျိုးရန် မြေအစိုဓာတ်လိုသည်။ ထွန်ရေးပြုပြင်ဖို့ ရေသွင်းရန်လိုသည်။ သီးပွင့်ရန်အစိုဓာတ်လိုချိန် ရေသွင်းပေးရန်လိုသည်။ အနည်းဆုံး ထိုနှစ်ချိန်တွင် မြေတွင်းအစိုဓာတ်တည်ရှိနေရေးချိန်ဆပြီး ရေသွင်းပေးရန်လိုသည်။ သို့ဖြစ်၍  ဆည်ရေ သို့မဟုတ် သွင်းရေရရှိရေးကို ကြိုတင်စဉ်းစား ဆောင်ရွက်သင့်ပါသည်။

နွေစပါးသီးနှံ 

ဖေဖေါ်ဝါရီလတွင် စတင်စိုက်ပျိုးသင့်သည်။ အထူးသဖြင့် အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများအတွက် ထောက်ခံခြင်းဖြစ်ပါသည်။ 

နွေစပါးသည် သွင်းရေဖြင့်စိုက်ပျိုးရသည်ဖြစ်ရာ သွင်းရေချွေတာ သုံးစွဲရေးကိုလည်း အလေးထားသင့်သည်။ ပျိုးထောင်ကောက်စိုက်စနစ်ထက် တိုက်ရိုက်မျိုးစေ့ချစနစ်က ရေကိုချွေတာရာရောက်သည်။ တိုက်ရိုက်မျိုးစေ့ချစနစ်သည် ပျိုးထောင်ကောက်စိုက်စနစ်ထက် ရေလိုအပ်မှုနည်းသည်။ လုပ်သားလိုအပ်မှုနည်းသည်။ အသက်ရက်ကို(၇) ရက်မှ (၁၀) ရက်ခန့် တိုစေနိုင်ပါသည်။ 

ဖေဖေါ်ဝါရီလသိမှတ်စရာများကို အနှစ်ချုပ်ဖေါ်ပြရလျှင်-

  • သွင်းရေရရှိသည့် ဒေသများတွင် နွေစပါးကို စိုက်ပျိုးရန်ဖြစ်ပါက ဖေဖေါ်ဝါရီလကုန် အပြီး စိုက်ပျိုးပါ။ သက်တမ်းတိုစပါးမျိုးကို အသုံးပြုပါ။
  • စပါးစိုက်ပျိုးရန် လုံလောက်သည့်သွင်းရေ မရရှိနိုင်ပါက မိုးကြိုယာသီးနှံတစ်မျိုးမျိုးကို ဖေဖော်ဝါရီလအတွင်းစိုက်ပျိုးပါ။ သက်တမ်းတို မိုးကြိုယာသီးနှံမျိုးကို အသုံးပြုပါ။ 
  • လာမည့်နှစ် မိုးစပါးကို စိုက်ချိန်မှန် ဇွန်၊ ဇူလိုင်လတွင် စိုက်ပျိုးနိုင်ရေး ရည်ရွယ်ဆောင်ရွက်ရန် ဖြစ်ပါသည်။ 

ဆင်းသီဟ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။               


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်