စိုက်ပျိုးသုတ ဇွန်လ

02/06/2023 11:00 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

လယ်ယာစိုက်ပျိုးလုပ်ငန်းဆိုတာ အချိန်နှင့်တပြေးညီ ဆောင်ရွက်နေရတာ ဖြစ်သည်။ မိုးဦးကျ မိုးစတင်ရွာသည်မှ မိုးလယ်၊ မိုးနှောင်း ရွာသွန်းသည့်မိုးအနည်းအများနှင့် ဒေသအခြေအနေပေါ်မူတည်ပြီး လုပ်ငန်းအဆင့်ဆင့်ကို လုပ်ကိုင်ရန်လိုပါသည်။ 

မိုးစပါးနှင့် မိုးယာသီးနှံများစိုက်ပျိုးရေးနှင့်ပတ်သက်၍ ဇွန်လအတွင်း ဆောင်ရွက်သင့်သည်များကို ဖေါ်ပြလိုပါသည်။ 

၁။ မိုးစပါးသီးနှံ

ဒေသရေမြေအခြေအနေသုံးမျိုးတွင် မိုးစပါးကို စိုက်ပျိုးနေကြတာဖြစ်သည်။

  • (၁) ဆည်ရေသောက်ဒေသလယ်မြေ၊ 
  • (၂) မိုးနည်းပါးဒေသ မိုးရေသောက်လယ်မြေနှင့်
  • (၃) မိုးများဒေသ မိုးရေသောက်လယ်မြေ ဟူ၍ ခွဲခြားနိုင်သည်။

ဆည်ရေသောက်ဒေသလယ်မြေများအတွက် မိုးစပါးစိုက်ပျိုးရန် အောက်ပါတို့ကို ပြောကြားလိုပါသည်။ 

  • ၁။ ဇွန်လလယ်တွင်ပျိုးထောင်ပါ၊
  • ၂။ အပင်ပေါက်(၈၀)ရာခိုင်နှုန်းအထက်ရှိသည့်မျိုးသန့်ကို အသုံးပြုပါ၊
  • ၃။ ရေမြေဒေသကိုက်ညီဖြစ်ထွန်း စျေးကွက်ရှိသည့် အထွက်ကောင်းစပါးမျိုး(High Yieding Variety)ကို အသုံးပြုပါ။

မိုးနည်းပါးဒေသ မိုးရေသောက်လယ်မြေများအတွက်တော့...

လယ်စပါးအတွက် ပျိုးခင်းရေရရှိရန် မိုးရေချိန်ရွာသွန်းနိုင်ခြင်းရှိမရှိကို ယခင်နှစ် အတွေ့အကြုံများအရ လေ့လာသင့်သည်။

ရွာသွန်းနိုင်ခြင်းမရှိပါက တိုက်ရိုက်စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးရန်ဖြစ်သည်။ သို့ဖြစ်၍--

  • ၁။ ထွန်ရေးပြုပြင်ပြီး အခြောက်ထယ်ရေးအခြောက်မျိုးစေ့ချစနစ်(Dry Direct Seeded Rice Method)ဖြင့် ကြဲပက်(သို့မဟုတ်)အတန်းလိုက် စိုက်ပျိုးပါ။
  • ၂။ အပင်ပေါက်(၈၀)ရာခိုင်နှုန်းအထက်ရှိသည့် မျိုးသန့်ကို အသုံးပြုပါ။
  • ၃။ ရေမြေဒေသကိုက်ညီဖြစ်ထွန်း စျေးကွက်ရှိသည့် ယာစပါး၊ ရေငတ်ခံစပါး၊ ရေအနည်းလိုစပါး၊ တောင်ပေါ်ဒေသတွင်ကုန်းမြင့်စပါးတို့ကို အသုံးပြုစိုက်ပျိုးပါ။

မိုးများဒေသ မိုးရေသောက်လယ်မြေများအတွက်... မိုးများသည့်ဒေသ အထူးသဖြင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများနှင့် ကချင်ပြည်နယ် စသည့် အချို့ဒေသတွင်မူ မိုးစပါးကို ဇွန်လအတွင်း ပျိုးထောင်နိုင်သည့် မိုးရေချိန်ရရှိဖို့ မျှော်မှန်းနိုင်သည့်အတွက် စပါးသီးနှံကို ဆည်ရေသောက်ဒေသများကဲ့သို့ အချိန်မှန်တွင် စိုက်ပျိုးပါ။  

သို့ဖြစ်၍-

  • ၁။ ဇွန်လလယ်ထက်နောက်မကျစေဘဲပျိုးထောင်ပါ၊ 
  • ၂။ အပင်ပေါက်(၈၀)ရာခိုင်နှုန်းအထက်ရှိသည့် မျိုးသန့်ကိုအသုံးပြုရပါ၊
  • ၃။ ရေမြေဒေသကိုက်ညီဖြစ်ထွန်းစျေးကွက်ရှိသည့် အထွက်ကောင်းမျိုး(HYV) ဒါမှ မဟုတ် ဒေသစပါးမျိုး(Local Variety)တို့ကိုအသုံးပြုပါ။

သင့်တော်သည့်မျိုးကိုရွေးချယ်စိုက်ပျိုး

ရေမြေရာသီဥတုက ဒေသတစ်ခုနှင့်တစ်ခု ကွာခြားသည်။ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ မြန်မာ နိုင်ငံအထက်ပိုင်း၊ အောက်ပိုင်း ဒေသနေရာ ကွဲပြားသည်နှင့်အမျှ သဘာဝအခြေအနေတွေက မတူခြားနားသည်။ 

တောင်သူလယ်သမားတစ်ဦးချင်း ပိုင်ဆိုင်သည့် လယ်(၁၀)ကွက်ရှိလျှင်ပင် တစ်ကွက်နှင့်တစ်ကွက် ရေမြေအခြေအနေ မတူနိုင်ပါ။ လယ်ကွက်တိုင်းကို တူညီသောမျိုးတစ်မျိုးတည်းစိုက်ပျိုးရန်သင့်တော်ချင်မှ သင့်တော်ပါမည်။ 

တိတိကျကျ ပြောရလျှင် "လယ်တစ်ကွက်ချင်းအတွက် သင့်တော်သည့်မျိုးကို ရွေးချယ်စိုက်ပျိုးပါ" ဟု ပြောလိုပါသည်။

ပျိုးထောင်နည်းစနစ်မှန်ရန်

စပါးပျိုးထောင်ခြင်းနှင့် ပတ်သက်၍ အရေးကြီးသည့်အချက်နှစ်ချက်ကို ဖော်ပြလိုသည်။ 

၄င်းမှာ- 

၁။ မျိုးစေ့ကောင်း(Good Seed)ကိုအသုံးပြုပါ။

၂။ မျိုးစေ့နှုန်း (Seed Rate in the Nursery) မှန်ကန်ပါစေ။ 

မျိုးစေ့နှုန်းဆိုတာက ပျိုးထောင်နည်းစနစ်အပေါ် မူတည်သည်။ အခြောက်ပျိုးခင်း၊ အစိုပျိုးခင်း၊ အစိုပျိုးခင်းမှာမှ ပေါင်စနစ်၊ အက်စ်အာအိုင်စနစ်၊ သာမန်စနစ် စသည်တို့ဖြစ်သည်။ စနစ်အလိုက် သင့်တော်သည့် မျိုးစေ့နှုန်းတွေဖြစ်ဖို့ လိုပါသည်။

အလားတူ စပါးမျိုးအပေါ်လည်းမူတည်သည်။ စိုက်နေကျ အထွက်ကောင်းစပါး၊ ဒေသစပါးမျိုးနှင့် စပ်မျိုးစပါးမတူနိုင်ပါ။ သူ့စနစ် သူ့မျိုးတို့နှင့် ကိုက်ညီသည့် ပျိုးခင်းမျိုးစေ့နှုန်းတွေဖြစ်ဖို့ လိုပါသည်။

၂။ မိုးယာသီးနှံများ

စိုက်ချိန်မှန်‌ရေး

မိုးဦးသီးနှံများစိုက်ပျိုးရာတွင် သီးနှံအလိုက်လိုအပ်သည့် မြေအစိုဓာတ်ရအောင် မိုးရွာသွန်းသည်နှင့် မြန်မြန်ဆန်ဆန်ထွန်ရေးပြုပြင်စိုက်ပျိုးစေလိုသည်။

‘ယာမှာအသုတ် လယ်မှာ အပုပ်’ လို့ ရှေးကအဆိုရှိသည့်အတိုင်း ရာသီနှင့်ကိုက်ညီအောင်စိုက်ပျိုးမှသာ သီးနှံအထွက် သေချာနိုင်ပါသည်။ 

ပြုစုဂရုစိုက်ရေး

မေလအတွင်း မိုခါမုန်တိုင်းမိုးရွာသွန်းသောဒေသများတွင် မိုးဦးနှမ်းလျင်အပါအဝင် သီးနှံအချို့ကို စိုက်ပျိုးနိုင်ခဲ့သောဒေသများတွင် အပင်သားခွဲနောက်မကျဖို့ သတိပေးလိုသည်။ ပေါင်းမြက်ကို ငယ်စဉ်ကပင် နိုင်နင်းအောင်နှိမ်နင်းဖို့လိုသည်။ ဇွန်လအတွင်း စိုက်မည့် မိုးသီးနှံများသည်လည်း ထို့အတူပင် ဖြစ်ပါသည်။

ဆက်လက်၍လည်း မုတ်သုန်မိုးရွာချိန်တွင် နေရာလိုက်၍ မိုးကြီးရွာသွန်းပါက သီးနှံမပျက်စီးဖို့လိုသည်။ အပင်ခြေရေမဝပ်ရေး၊ ရေထုတ်မြောင်းများ ကောင်းစွာ ပြုလုပ်ထားသင့်သည်။ 

နှမ်းလျင်၊ မြေပဲ၊ ပြောင်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲပုပ် စသည့် သီးနှံအလိုက်လိုအပ်သည့် မြေသြဇာကျွေးခြင်း၊ ပိုးမွှားရောဂါကာကွယ်ခြင်းအပါအဝင် ပြုစုဂရုစိုက်မှုလုပ်ငန်းများကို ဆောင်ရွက်ရန် ဖြစ်ပါသည်။

ဆင်းသီဟ

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်