အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub

ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub

ဒီနေ့ခေတ်မှာ body scrub ကို လူတော်တော်များများသုံးလာကြပါတယ်။ အလှအပတွက်သာမက အသားအရည်ရဲ့ကျန်းမာရေးအတွက် ချေးချွတ်အာနိသင်ပေးတဲ့ scrub တွေကို တစ်ပတ်တစ်ခါလောက်ရေချိုးချိန်မှာ ထည့်သွင်းသုံးပေးတာက ကြည်လင်သန့်ရှင်းတဲ့ အရေပြားကို ပိုင်ဆိုင်စေမှာပါ။

ဒီနေ့စျေးကွက်မှာ scrub မျိုးစုံရှိနေပေမယ့် ကိုယ်တိုင် အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေသုံးပြီး ငွေကုန်ကြေးကျနည်းကာ တကယ်ထိရောက်တဲ့ Home-made scrub လုပ်နည်းလေးကို ဝေမျှပေးမှာဖြစ်ပါတယ်။ ကော်ဖီ scrub ဟာဆိုရင် အသားအရည်ကို ဖြူဝင်းစေတဲ့အပြင် အကြောပြတ်ရာတွေကိုပါ သက်သာစေတာမို့ အကြောပြတ်ရာရှိတဲ့ လူတွေအနေနဲ့လည်း အကုန်အကျနည်းစွာ အိမ်မှာ စမ်းသုံးကြည့်ဖို့ တိုက်တွန်းပါရစေ။

ပါဝင်ပစ္စည်းများက

(၁) ကော်ဖီအကြမ်းမှုန့်- စားပွဲတင်ဇွန်း ၄ ဇွန်း

(၂) ဆားကြမ်:- စားပွဲတင်ဇွန်း ၂ဇွန်း

(၃) သကြား- စားပွဲတင်ဇွန်း ၃ဇွန်း

(၄) သံလွင်ဆီ (သို့) အုန်းဆီ- စားပွဲတင်ဇွန်း ၂ဇွန်း

(၅) ပျားရည်- စားပွဲတင်ဇွန်း ၁ဇွန်း

(၆) Vitamin-E capsule- ၂လုံး


ပထမဦးစွာ ခြောက်သွေ့သော ခွက်ထဲတွင် ခြောက်သွေ့သောကော်ဖီမှုန့်အကြမ်းကိုထည့်ပါ။ ထို့နောက် ဆားကြမ်းထည့်၍ ကော်ဖီနှင့်ဆား သမအောင်မွှေပေးပါ။ ခြောက်သွေ့သောလက်နှင့်ချေပေးရန်လိုပါသည်။ ကော်ဖီနှင့်ဆား သမသွားပါက သကြားထည့်ကာ ထပ်မွှေပေးပါ။ သမအောင် မွှေပေးရန်လိုပါသည်။ ထို့နောက် သံလွင်ဆီ နှစ်ဇွန်းထည့်ကာ ထပ်မွှေပေးပါ။ သံလွင်ဆီနှင့် ကော်ဖီ၊ သကြား၊ ဆား နှံ့စပ်ပါက ပျားရည် တစ်ဇွန်းထပ်ထည့်ကာ ထပ်မွှေပေးပါ။ နောက်ဆုံးတွင် vitamin-e အဆီ ထည့်ကာ မွှေပေး၍ ပါဝင်ပစ္စည်းများအားလုံး လုံးထွေးမနေဘဲ သမအောင် သေချာနယ်ပေးရပါမည်။ Vitamin-e သည် ဆီချေးစော်နံခြင်းနှင့် အချဉ်ဖောက်ခြင်းကို သက်သာစေပါသည်။

သတိပြုရန်မှာ တာရှည်ခံ မှိုထိန်းဆေးများမသုံးထားသည့်အတွက် ရေစိုနေသော လက်နှင့် ယူသုံးခြင်း၊ ဘူးအဖုံးကို လေမလုံခြင်းနှင့် ထားသိုသည့်ဘူးရေစိုခြင်း၊ scrub စလုပ်စဉ်တွင် လက်ရေစိုခြင်းတို့မှ မှိုပေါက်ဖွားခြင်း၊ အနံ့ဆိုးထွက်ခြင်းတို့ကို သတိပြုရန်လိုပါသည်။

အိမ်သုံးရန် ဓာတုပစ္စည်းများမပါဘဲ ငွေကုန်ကြေးကျသက်သာပြီး အမှန်တကယ်ထိရောက်ကာ ဖော်ပြထားသော နည်းအတိုင်းစနစ်တကျ ပြုလုပ်ပါက တစ်လခွဲမှ နှစ်လအထိ အနည်းဆုံးအထားခံပါသည်။

အကျိုးကျေးဇူးအနေဖြင့် ကော်ဖီ scrub သည် ခန္ဓာကိုယ်ရှိ မဲညစ်နေသောနေရာမှ ဆဲလ်သေများဖယ်ရှားပေးခြင်း၊ အသားအရည်ကို နူးညံ့ချောမွတ်စေခြင်း၊ ပေါင်ရင်းတစ်ဝိုက်ရှိ အဆီထစ် (cellulite) များတိုက်ဖျက်ရာတွင် အရေးပါခြင်း၊ အကြောပြတ်ရာများကို သိသိသာသာ မှေးမှိန်စေခြင်းအပြင် အမာရွတ်များကိုပါ ပါးစေခြင်း စသော အကျိုးကျေးဇူးများကြောင့် ကုန်စျေးနှုန်း အဆမတန်တက်နေသောခေတ်တွင် အိမ်တွင်ရှိသောပစ္စည်းများဖြင့် အလှပဆုံး အကျန်းမာဆုံး အသားအရည်ကိုရရှိနိုင်ရန် ရည်ရွယ်၍ ဖော်ပြလိုက်ပါသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Shine Htut Khaung

Shine Htut Khaung

လွန်ခဲ့သော ၄၄ မိနစ် က

@စုမြတ်မြတ်မိုး ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျ ☺☺☺🙏🏻

You

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 0 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 1 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။