အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း (၃၈) အခန်း ၂၅ - မွေးမြူရေးသိပ္ပံပညာ 

22/08/2022 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

 

Chapter 25 – Animal Science

ကမ္ဘာ့တက္ကသိုလ်အများစု၌ စိုက်ပျိုးရေးပညာ (Agriculture) အောက်တွင် မွေးမြူရေးပညာ ဘာသာခွဲများရှိပါသည်။

  • တိရစ္ဆာန်များ မျိုးစပ်မွေးမြူခြင်း (Animal Breeding)၊
  • တိရစ္ဆာန်များ ကျွေးမွေးပြုစုခြင်း (Animal Feeding and Management)၊
  • လယ်ယာသီးနှံပညာဌာနနှင့် တွဲဖက်၍ စားမြုံ့ပြန် တိရစ္ဆာန်များ (Ruminants) အတွက် (ဥပမာ-နွား၊ ကျွဲ၊ ဆိတ်၊ သိုး) စားကျက်မြက်၊ ပဲများ စိုက်ပျိုးခြင်း (Pasture or Forage Grass/Forage Legume Growing)၊
  • မွေးမြူရေးအစာအာဟာရပညာများ (Animal Nutrition)

စသည်တို့ကို အသေးစိတ်လေ့လာကြခြင်းဖြစ်ပါသည်။

ဥပမာဆိုရလျှင် ထိုင်းနိုင်ငံကတင်သွင်းလာသည့် စီပီ အသားစားကြက်၊ ဥစားကြက်တို့တွင် မိဘမျိုးရိုး (Parental Genetics Stock)ကို ပေးခြင်းမရှိပါ။ မျိုးစပ်ထားသော ကြက်ဥ၊ ကြက်ပေါက်များသာ ပေးပါသည်။

ကျွန်တော်တို့နိုင်ငံတွင် မွေးမြူရေးဆိုင်ရာ မျိုးရိုးဗီဇပညာ (Animal Genetics)၊ တိရစ္ဆာန်မျိုးစပ်မွေးမြူရေးပညာ (Animal Breeding) တို့ကို တက္ကသိုလ်များစွာက သင်ကြားပေးပြီး မိမိဒေသနှင့် ကိုက်ညီသော၊ အသားထွက်၊ ဥထွက်နှုန်း ကောင်းမွန်သော စပ်မျိုးအသစ်များ (New Hybrid Poultry) စသည်ဖြင့် သင်ကြား၊ သုတေသနပြုလုပ်လာပါက ကျွန်တော်တို့နိုင်ငံ၏ မွေးမြူရေးကဏ္ဍ ထိုးဖောက်ကျော်လွှား (Break through)နိုင်မည် ဖြစ်ပါသည်။

ယခုမွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် (University of Veterinary Science) တွင် မွေးမြူရေးပညာဘွဲ့ (Bachelor of Animal Science) ပေးအပ်နေပါပြီ။

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင်လည်း (JICA Japan International Cooperation Agency) ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ အကူအညီပေးမှုအရ ယခင် အထူးပြုဘာသာ (၇) ခု-

  • (က) လယ်ယာသီးနှံပညာ (Agronomy)
  • (ခ) အပင်မွေးမြူရေးပညာနှင့်အပင်ဇီဝကမ္မဗေဒ (Plant Breeding and Plant Physiology)
  • (ဂ) မြေဆီလွှာနှင့်ရေသိပ္ပံ (Soil and Water Science)
  • (ဃ) အပင်ရောဂါဗေဒ (Plant Pathology)
  • (င) စိုက်ပျိုးရေးဆိုင်ရာမိလဗေဒ (Agricultural Entomology)
  • (စ) ဥယျာဉ်ခြံသီးနှံစိုက်ပျိုးရေး (Horticulture)
  • (ဆ) စိုက်ပျိုးစီးပွားရေးပညာ (Agricultural Economics) တို့အပြင်

၂၀၁၇ -၂၀၁၈ ပညာသင်နှစ်မှ စတင်၍-

  • (ဇ) စိုက်ပျိုးရေးအင်ဂျင်နီယာပညာ (Agricultural Engineering)
  • (ဈ) မွေးမြူရေးသိပ္ပံပညာ (Animal Science)
  • (ည) အစားအသောက်သိပ္ပံနှင့်နည်းပညာ (Food Science and Technology)
  • (ဋ) စိုက်ပျိုးပညာပေးရေးနည်းပညာ (Agricultural Extension)
  • (ဌ) စိုက်ပျိုးရေးဆိုင်ရာဇီဝနည်းပညာ (Agricultural Biotechnology)
  • (ဍ) အသုံးချအဏုဇီဝဗေဒ (Applied Microbiology)

စသည့် ဘာသာရပ်အသစ်များကို ပါမောက္ခအဆင့်ဌာနများ တိုးချဲ့ဖွင့်လှစ်ကာ သင်ရိုးနာရီစနစ် (Credit-hours System) ဖြင့် ပြုပြင်ပြောင်းလဲသင်ကြားလာခဲ့ရာ ယခုအထွေထွေစိုက်ပျိုးမွေးမြူရေး ဘာသာရပ်များကို ပထမနှစ်၊ ဒုတိယနှစ်များတွင် မယူမနေရဘာသာရပ်များအဖြစ် သင်ကြားခဲ့ရပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစတင်၍ အထူးပြုဘာသာရပ် (၁၃) ခုအထိ ရွေ:ချယ်သင်ယူနိုင်ရာတွင် ယခု ၂၀၂၂ ခုနှစ်တွင် စတုတ္တနှစ် (Semester – 7) သို့ ရောက်ရှိသင်ကြားလျက်ရှိနေပါပြီ။

ဇယား(၁) တွင် မြန်မာနိုင်ငံနှင့်အခြားနိုင်ငံအချို့တွင် စိုက်ပျိုးမွေးမြူရေးပညာ သင်ကြားပေးနေသော တက္ကသိုလ်များကို နှိုင်းယှဉ် လေ့လာနိုင်ပါသည်။

ဇယား(၁) ကမ္ဘာ့နိုင်ငံများရှိ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များ (List of Agricultural Universities, 2020)

နိုင်ငံတကာစိုက်ပျိုးရေးတက္ကသိုလ်များတွင် သင်ကြားနေသော ဘာသာရပ်များကို နမူနာအနေဖြင့် ကြည့်မည်ဆိုလျှင် -

(၁) ကမ္ဘာ့စိုက်ပျိုးမွေးမြူရေးတွင် ထိပ်ဆုံးရောက်နေသော နယ်သာလန်နိုင်ငံ ဝက်ဂန်နီဂန် သုတေသနတက္ကသိုလ် (Wageningen University and Research - WUR) တွင် ဘွဲ့ကြိုသင်တန်းများကို အောက်ပါအတိုင်း သင်ကြားနေပါသည်။

  • (၁) အပင်သိပ္ပံ (Plant Science)
  • (၂) တိရစ္ဆာန်သိပ္ပံ (Animal Science)
  • (၃) အစားအသောက်နည်းပညာ (Food Technology)
  • (၄) ပတ်ဝန်းကျင်ဆိုင်ရာသိပ္ပံ (Environmental Science)
  • (၅) ဇီဝဗေဒ (Biology)
  • (၆) ဇီဝနည်းပညာ (Biotechnology)
  • (၇) အပြည်ပြည်ဆိုင်ရာ မြေယာနှင့်ရေ စီမံခန့်ခွဲမှု (International Land and Water Management))
  • (၈) အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု (International Development Studies)
  • (၉) မြေယာအလှ ဗိသုကာပညာနှင့်စီမံကိန်း (Landscape Architecture and Planning)
  • (၁၀) မြေဆီလွှာ၊ ရေနှင့်လေထုသိပ္ပံ ဘာသာရပ် (Soil, Water and Atmosphere Sciences)
  • (၁၁) မော်လီကျူးအဆင့် သက်ရှိသိပ္ပံ (Molecular Life Sciences)
  • (၁၂) စိုက်ပျိုးရေး၊ ဂေဟဗေဒဆိုင်ရာ ခရီးသွားလုပ်ငန်း (Agro-tourism and Ecotourism)

မွေးမြူရေးပညာတွင်မှ ကျွဲ (Buffalo)၊ ထွန်ယက်ရန်အတွက်နွား (Draught/Draft Cattle)၊ အသားစားနွား (Beef Cattle) စသည်တို့အတွက် ပညာရပ်များကို မြန်မာနိုင်ငံတွင် တွင်ကျယ်စွာ ပြုလုပ်သင့်ပါပြီ။

  • နို့စားနွား (Dairy Cattle)၊ မြင်း (Horse)၊ သိုး (Sheep)၊ ဆိတ် (Goat)၊ ဝက် (Pig/Swine)၊ ကြက် (Chickens)၊ ဘဲ (Ducks)၊ ငုံး (Quail) မွေးမြူရေးများကိုလည်းကောင်း၊
  • မြစ်၊ ချောင်းများရှိ ရေချို (Fresh Water)၊ ရေငန် (ပင်လယ်စာ (Sea Foods) ငါး၊ ပုဇွန် (Fish and Prawn/Shrimp) မွေးမြူရေး (Aquaculture/Aquaponics) တို့ကိုလည်းကောင်း

စသည်တို့ကိုလည်း စနစ်တကျ လေ့လာသင်ကြား သုတေသန ပြုရပါမည်။  

ဘာသာရပ်များတွင်လည်း...

  • တိရစ္ဆာန်များ၏အလေ့အထကို လေ့လာသောပညာ (Animal Behaviors)၊
  • စားမြုံ့ပြန် သတ္တဝါများကို မွေးမြူထုတ်လုပ်ခြင်း (Ruminant Animal Production) ဥပမာ - ကျွဲ၊ နွား။
  • အစာအိမ်တစ်ခုတည်းသာရှိသော သတ္တဝါများကို မွေးမြူထုတ်လုပ်ခြင်း (Monogestric Animal production) ဥပမာ - ကြက်၊ ဝက်။
  • အိမ်မွေး တိရစ္ဆာန်များ (Pet Animal Rearing) ဥပမာ - ခွေး၊ ကြောင်။
  • ဆေးဝါးကုသပေးခြင်း (Veterinary Medicine)။
  • တိရစ္ဆာန်များ၏ကျန်းမာသန့်ရှင်းရေး (Animal Sanitation)၊
  • အသားအဆင့်အတန်း ခွဲခြားခြင်းနှင့်သိပ္ပံပညာ (Meat Evaluation and Meat Science)၊
  • နွားနို့နှင့်ဒိန်ခဲသိပ္ပံပညာ (Dairy Science and Cheese Science)၊
  • တိရစ္ဆာန်အစားအစာထုတ်လုပ်ရေး (Animal Feed Production)၊
  • တိရစ္ဆာန်အာဟာရဗေဒ (Animal Nutrition)၊
  • တိရစ္ဆာန်ဗီဇဗေဒနှင့် မျိုးသစ်များမွေးမြူရေးပညာ (Animal Genetics and Animal Breeding)

စသည်တို့ကို များစွာလေ့လာရပါဦးမည်။  

ကျေးလက်နေတောင်သူဦးကြီးများသည် စိုက်ပျိုးရေးကော မွေးမြူရေးပါ တွဲဖက်ပြုလုပ်နေကျဖြစ်သဖြင့် တောင်သူပညာပေးလုပ်ငန်းများ (Agricultural Extension Services) ကို ကျွန်တော်တို့ တွေ့ရှိခဲ့သည့် ဩစတေးလျနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့ကဲ့သို့ ပညာရှင်များစွာ စုစည်းပြီး ခရိုင် (သို့မဟုတ်) မြို့နယ်များတွင် တစ်ရုံးတည်းထားသည့် စနစ် (One-Stop Service) ကိုအကောင် အထည်ဖေါ်သင့်ပါပြီ။

တစ်ရုံးတည်းတွင် စိုက်ပျိုးရေး၊ မွေးမြူကုသရေး၊ ဆည်မြောင်း၊ စက်မှုလယ်ယာ အားလုံးကို မြို့နယ်၊ ခရိုင်တိုင်းတွင် တစ်ဦးတည်းက ကြီးကြပ်အုပ်ချုပ်ပါသည်။

Agriculture ဟူသော ဘာသာရပ်ကို ဘောင်ခတ်ထား၍၊ ဘောင်ကျဉ်း၍ မရပါ။

စိုက်ပျိုး၊ မွေးမြူရေးမှသည်..

  • မြေယာအလှအပဖန်တီးမှုပညာ ၊
  • မြေယာအလှဆင်ခြင်း ဗိသုကာပညာ (Creative Arts – Landscape Architecture) ၊
  • သဘာဝအခြေခံသော ဝင်ငွေရ ခရီးသွားလုပ်ငန်း (Agro-tourisms)

စသည်ဖြင့် နယ်ပယ်ချဲ့ထွင်ပြီး နိုင်ငံ့ဝင်ငွေများစွာရရှိအောင် ပြုလုပ်ပေးနိုင်သဖြင့် အခြေခံ စိုက်ပျိုးမွေးမြူရေး (Basic Agricultural Science) မှသည် အသုံးချစိုက်ပျိုးမွေးမြူရေးပညာ (Applied Agricultural Technology) အထိ ကျယ်ပြန့်ပါကြောင်း ရေးသားလိုက်ရပါသည်။

ဒေါက်တာမျိုးကြွယ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်