ထောပတ်သီးပင် စိုက်သင့်သည့်ဒေသနှင့် အသင့်တော်ဆုံး မြေအမျိုးအစားများ
ထောပတ်သီးဟာ အာဟာရပြည့် အရသာရှိတဲ့ အသီးတစ်မျိုးဖြစ်လို့ လူအတော်များများ နှစ်သက်စွာ စားသုံးကြ လေ့ရှိပါတယ်။ ဒါ့အပြင် လက်ရှိမှာတော့ ထောပတ်ဆီနဲ့ အလှကုန်ပစ္စည်းတွေဟာလည်း ဈေးကွက်မှာ အတော် လေး တွေ့လာရပြီး စီးပွားရေးအလားအလာအတော်ကောင်းတဲ့ အသီးတစ်မျိုး ဖြစ်နေပါပြီ။
ဒါကြောင့် ထောပတ်သီးပင်စိုက်ပျိုးလိုသူတွေအတွက် ထောပတ်သီးပင်စိုက်သင့်တဲ့ မြေအမျိုးအစားတွေ အကြောင်းနဲ့ ဘယ်နေရာတွေမှာ စိုက်လို့အဆင်ပြေနိုင်မလဲ ဆိုတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

မြန်မာနိုင်ငံတွင် လက်ရှိထောပတ်သီးစိုက်ပျိုးနေသော ဒေသများမှာ ချင်းတောင်၊ ပြင်ဦးလွင်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ ဖြစ်သည်။ ထောပတ်သီးပန်းပွင့်ခြင်းသည် နေ့တာအတိုအရှည်ထက် အအေးဓာတ်မှာ အဓိကဖြစ်သည်။ ပန်းဖူးများဖြစ်ပေါ်စေရန် (flower initiation) အအေးဓာတ်သည် အဓိကဖြစ်ပြီး နေ့တာအတိုအရှည်သည် ပန်းပွင့်စောခြင်း၊ နောက်ကျခြင်းတို့အပေါ်တွင်သာ အားပေးသည်။
ထောပတ်သီးကို မြန်မာနိုင်ငံတွင် စိုက်ပျိုးမည်ဆိုပါက...
- ပင်လယ်ရေမျက်နှာပြင်မှ အမြင့် ၁၀၀၀ မှ ၂၀၀၀ မီတာကျော်မြင့်သော တောင်ပေါ်ဒေသများဖြစ်သင့်သည်။
- ပျမ်းမျှအပူချိန်မှာ ၁၀'C နှင့် ၃၆'C တွင်ရှိပြီး တစ်နှစ်တာမိုးရွာသွန်းမှုမှာ မေလမှ စက်တာဘာလ (၅) လအတွင်း ပျမ်းမျှ ၁၂၀၀ မှ ၁၅၀၀ mm ရှိရပါသည်။
- လတ္တီကျု(ဒ်) ၂၀ 'N မှ ၂၄ 'N အတွင်းဖြစ်ပါသည်။
- ထောပတ်သီးပင်အတွက် အသင့်တော်ဆုံးမြေအမျိုးအစားမှာ ရွှံစေး ၃၀%၊ နုန်းမြေ ၃၀% နှင့် သဘာဝမြေဆွေးများစွာ ပါဝင်သောမြေမျိုး (Clay loam soil) ဖြစ်သည်။
- ထောပတ်သီးပင်အမြစ်များသည် အပေါ်ယံမြေသားထဲတွင်သာ ရှိတတ်ပြီး အပင်ရွက်အုပ်အထိခန့် ဘေးသို့ကြီးထွား တတ်သည်။ အထူးသဖြင့် ထောပတ်သီးစိုက်ပျိုးရန်မြေသည် တောင်ပေါ်ဒေသဖြစ်၍ ဆင်ခြေလျှောဖြစ်ပါက မြေတိုက်စားမှု သက်သာစေရန် ကွန်တိုအလိုက်စိုက်ပြီး သင့်တော်သော အကွာအဝေးတွင် ကန့်လန့်ဖြတ်ရေနုတ်မြောင်းများ ပြုလုပ်ထားပေးရပါမည်။
- အပူပိုင်းမိုးများသောဒေသများတွင် စိုက်ပျိုးမည်ဆိုပါက ရေတိုက်စားမှုနှင့် ခြောက်သွေ့သောကာလများတွင် အစိုဓာတ် ထိန်းသိမ်းနိုင်ရေးတို့ကို ဂရုစိုက်ရန်အရေးကြီးသည်။
- ထောပတ်သီးပင်များသည် မြေအချဉ်ဓာတ်များသောမြေများတွင် ကောင်းစွာပေါက်သည်။ သဘာဝတွင် pH ၃.၅ မှ ၅.၅ တွင် ပေါက်ရောက်သည်။ မြန်မာနိုင်ငံတွင်လည်း မိုးများသောဒေသဖြစ်သည့် ရှမ်းပြည်ကဲ့သို့သောဒေသတွင် pH ၅.၅ ခန့်သာ ရှိတတ်သည်။
- မိုးများသောဒေသတွင် အချဉ်ပေါက်ရခြင်းမှာ အဓိကအားဖြင့် Aluminum (Al) နှင့် Manganese (Mn) များကြောင့်ဖြစ်၍ ထုံးဖြင့် pH ကို ပြုပြင်ရန်ခက်ခဲသည်။ သဘာဝမြေဆွေးများစွာရရှိရန် ကြိုတင်ပြီး သစ်စိမ်းမြေဩဇာများကျွေးထားရန် လိုအပ် ပါသည်။ မြေသားအနက် ၃ ပေခန့်ရှိလျှင် အသင့်တော်ဆုံးဖြစ်သည်။
- ထောပတ်ပင်များ၏ အမြစ်သည် အပေါ်ယံမြေသားထဲတွင်သာရှိသဖြင့် လေပြင်းတိုက်ခတ်လျှင် မလဲစေရန် လေကာပင်များ ထားရှိခြင်းနှင့် လေကာပင်များ ကြိုတင်စိုက်ပျိုးထားရန် အရေးကြီးသည်။
- စိုက်ပျိုးမည့်မြေမှတဆင့် အမြစ်တွင်ကျရောက်သော ဖိုင်တော့သရာမှိုရောဂါကျရောက်မှုကို ကျော်လွှားနိုင်ရန်လည်း အရေးကြီးသည်။
- သီးပွင့်ချိန်စောသောဒေသများတွင် ဒီဇင်ဘာလ၌ ပန်းပွင့်ပြီး နောက်ကျမှ ပွင့်သောဒေသများ၌ မတ်လခန့်တွင် ပန်းပွင့်ပြီး အသီးများ သီးသည်။
- ထောပတ်သီးပန်းခိုင်များသည် အများအားဖြင့် ၂ လမှ ၃ လကြာအောင် ပန်းများပွင့်ပါသည်။ မျိုးပေါ်မူတည်ပြီး ပန်းပွင့်သော အချိန်မှစ၍ အများဆုံး ၆ လကျော်ကြာမှသာ အသီးများရင့်မှည့်သည်။ ရာသီဥတုအပူချိန်ပေါ်မူတည်ပြီး အသီးများမှာ ရင့်မှည့်ပြီး အပင်ပေါ်တွင် ၁၅ ရက်မှ ၂ လကျော်အထိ ရှိနေတတ်သည်။
- ဆွတ်ခူးပြီးနောက်တွင် ထောပတ်သီးများသည် အခန်းအပူချိန်၌ ၅ ရက်မှ ၁၅ ရက်ခန့်ကြာမှသာ မှည့်သည်။ ရင့်မှည့်ချိန်တွင် အချို့မျိုးမှာ အစိမ်းရောင်မှ နီညိုရောင်ပြောင်းသည်။ အချို့မျိုးများမှာ အခွံသည် အစိမ်းရောင်သာရှိပြီး မှည့်လာလျှင် ပြောင်လာပြီး အနည်းငယ်ပျော့သွားမည်ဖြစ်သည်။ အမှည့်လွန်သွားပါက အစေ့နှင့်ကပ်လျက်အသားသည် အညိုရောင် ပြောင်းလဲလာမည် ဖြစ်သည်။
(Myanseed Agri Business Consultancy မှ ထုတ်ဝေသည့် ‘ထောပတ်သီးပင်စိုက်ပျိုးခြင်းဆိုင်ရာ နည်းလမ်းကောင်းများ’ စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Myo Thet Wai
လွန်ခဲ့သော ၂ နှစ် ကကိုင်းဆက်ပျိုးပင်ဝယ်ချင်တယ် ဘယ်မှာဝယ်ရမလဲ
myomyo
လွန်ခဲ့သော ၃ နှစ် ကပျိုးပင်များရောင်းတာလေးမရှိဘူးလား
myomyo
လွန်ခဲ့သော ၃ နှစ် ကကျနော်ပျိုးထားတာကြာပြီအခုထိမပေါက်သေးဘူး
4zaw zaw
လွန်ခဲ့သော ၃ နှစ် ကကျောက်စရစ်ကျောက်ပုပ်မြေနီမြေစေးမာဖြင့်ထွန်းသလား
Changdang Khensar
လွန်ခဲ့သော ၃ နှစ် ကအင်မတန်အကျိုးရှိပါတယ်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းပင်စိုက်ပျိုးနည်းလမ်းညွန်ပေးကြပါဗျာ ဆောင်းအမှီစိုက်ချင်လို့ဗျာ
စောလှထွန်း • ဖြေကြားချက် 1 ခု
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 2 ခု
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
မတ်ပဲပက်ထားတာစိတ်နေသလားလို့ဗျဘာလုပ်သင့်သလည်းဖြေပေးကြပါအုံး
ဦးဇာနည် • ဖြေကြားချက် 1 ခု
ရေဆင်းပေါ်ဆန်း(၂)ကြဲခင်းမှာ၇၀ရက်မှာအလံရွက်ထွက်နေပါတယ်
U Kyaw Win Htike • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....