အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)

ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)

ဆီအုန်းနှင့်စားအုန်းဆီ အကြောင်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ ရေးသားဆွေးနွေး ရင်းက ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်၊ နေထိုင်မှုများ ကို လေ့လာဆန်းစစ် လိုပါသည်။ အစားအစာများနှင့် ပတ်သက်သော အစားအစာသိပ္ပံနှင့်နည်းပညာ အပိုင်း ၁၊ ၂ နှင့် ၃ တို့ကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် ၁၀၊ ၁၁၊ ၁၀၃ တွင်ရေးသား ဆွေး နွေးခဲ့ပြီးဖြစ်ပါသည်။

နိုင်ငံတကာတွင်တော့ ဤအစားအစာသိပ္ပံဘာသာရပ်ကို အမေရိကန်နိုင်ငံ မက်ဆာကျူး ဆက်စက်မှုတက္ကသိုလ် (MIT – Massachusetts Institute of Technology) တွင် ၁၉၁၃-ခုနှစ် ကတည်းက စတင်သင်ကြားခဲ့သည်ဟူ၍ မှတ်တမ်းများတွင် တွေ့ရှိပါသည်။

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင်တော့ စာရေးသူရှိစဉ် ဖွဲ့စည်းပုံရေးဆွဲ၊ တင်ပြခွင့်ပြု ချက်ရရှိသော ၂၀၁၈-ခုနှစ်တွင်မှ အရေးကြီး လိုအပ်နေသော အခြားဘာသာရပ်များနှင့် အတူပါမောက္ခစီမံအုပ်ချုပ်သော (သီးသန့်ဌာန) ၈-နှစ်ကြာသက်တန်းနုဌာနကလေး တော့ ဖြစ်သွား ပါပြီ၊ ၂၀၂၀-ခုနှစ် စာရေးသူ အမျိုးသားပညာရေးမူဝါဒကော်မရှင်တွင်ရှိစဉ်ကလည်းနည်းပညာတက္ကသိုလ်များတွင် စိုက်ပျိုးရေးအင်ဂျင်နီယာဘာသာ (Agricultural Engineering) နှင့်အတူ အစားအစာအင်ဂျင်နီယာပညာ (Food Engineering) သီးခြား ဌာန၊ ဘာသာရပ် ဖြစ်ပေါ်စေဖို့ ကြိုးစားခဲ့ရာ စိုက်ပျိုးရေးအင်ဂျင်နီယာဘာသာကို တက္ကသိုလ် ၃-ကျောင်းတွင်လည်းကောင်း၊ အစားအစာအင်ဂျင်နီယာပညာကို တက္ကသိုလ် ၁-ကျောင်း တွင် သီးခြားဘာသာ၊ အထူးပြု (Major/Specialization) တက်ရောက်သင် ကြားခွင့်ရသော်လည်း ဘာသာရပ်ဆိုင်ရာ သီးခြားဌာနများတော့ မဖွင့်လှစ်ရသေးဘူး ဟူ၍ထင်ပါသည် (၂၀၂၅-၂၆ ပညာသင်နှစ်များတွင်မှ ဘွဲ့ကြိုသင်တန်း တတိယနှစ်၊ နောက်ဆုံးနှစ်လောက် ဘဲရောက်နေပါသေးသည်။ နိုင်ငံ၏လယ်ယာလုပ်ငန်းများ အတွက် အရေးတစ်ကြီး လိုအပ် နေသော စိုက်ပျိုးရေးအင်ဂျင်နီယာဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးနိုင်သည့် မဟာ သိပ္ပံ၊ ပါရဂူဘွဲ့သုတေသနများကတော့ ခရီးရှည်ကြီး သွားရပါဦးမည်။)

စားသုံးဆီများကို ကျန်းမာရေး ရှုထောင့်မှ ဆက်လက်လေ့လာရာတွင် -

ကျန်းမာရေးအတွက်သင့်တော်သောစားသုံးဆီများနှင့်၎င်းတို့၏ အဓိကဂုဏ်သတ္တိများ

စားသုံးဆီတစ်မျိုး၏ လူ့ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု ကို လေ့လာရာတွင် အဓိကအားဖြင့်— ပြည့်ဝအဆီ (Saturated Fat ) ပါဝင်မှု၊ တစ်ဆင့်မပြည့်ဝအဆီ (Monounsaturated Fat – MUFA)၊ အများဆင့်မပြည့်ဝအဆီ (Polyunsaturated Fat – PUFA)၊ အိုမီဂါ-၃ (Omega-3)၊  အိုမီဂါ-၆ (Omega-6)၊ အကျိုးမဲ့ကိုလက်စတရော (LDL Cholesterol) အပေါ်သက်ရောက်မှု၊ အပူမြင့်တွင် ချက်ပြုတ်/ကြော်ရာ၌ အဆီ၏ တည် ငြိမ်မှု (oxidative stability) တို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။

ပုံ - ၁ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ

(၁) ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်သောရွေးချယ်စရာ ဟင်းချက်ဆီ/စားသုံးဆီများ

အထူးသံလွင်ဆီ (Extra-Virgin Olive Oil)၊ ထောပတ်သီးဆီ (Avocado Oil)၊ နေကြာဆီ (High-Oleic Sunflower Oil)၊ ဖွဲနုဆီ (Rice-Bran Oil)၊ မူလမုံညင်းကနိုလာဆီ (Canola/ Rapeseed Oil) စသည်တို့ဖြစ်ပါသည်၊ ဤဆီများတွင် မပြည့်ဝသောအဆီ (unsaturated fats) များပြီး ပြည့်ဝဆီ (Saturated fat) နည်းပါးသောကြောင့် နှလုံးသွေးကြော ကျန်းမာ ရေးအတွက် ယေဘုယျအားဖြင့် ပိုမိုသင့်တော်ပါသည်။

(၂) ဒုတိယသင့်တော်သော်လည်း ပမာဏနှင့် ချက်ပြုတ်ပုံကို ဂရုပြုသင့်သော ဆီများ

မြေပဲဆီ (Peanut Oil)၊ နှမ်းဆီ (Sesame Oil)၊ ပဲပုတ်ဆီ (Soybean Oil)၊ ပြောင်းဖူးဆီ (Corn Oil)၊ ပုံမှန်နေကြာဆီ (Sunflower Oil) စသည်တို့ဖြစ်ပါသည်၊

(၃) နောက်ဆုံးအကန့်အသတ်ဖြင့်သာ အသုံးပြုသင့်သော အဆီများ

စားအုန်းဆီ (Palm Oil)၊ အုန်း (Coconut Oil)၊ ထောပတ် (Butter)၊ ထောပတ်အကြည် (Ghee)၊ ပြည့်ဝဆီ (Saturated fat) အလွန်မြင့်သော အခြားအဆီများ စသည်တို့ ဖြစ်ပါ သည်၊

စားသုံးနေသော ဆီအပြင် နေ့စဉ်စားသောက်နေသော အစားအစာသည် လူသား အားလုံး အတွက် နေ့စဉ်ပတ်သက်နေရမည့်၊ ဘဝတစ်လျှောက်လုံး မရှိမဖြစ်လိုအပ်မည့် (Food is an integral part of ones’ life) အရာဖြစ်ပါသည်၊ ‘ရေအသက်တမနက်၊ ထမင်း အသက် ၇-ရက်’ အဆိုရှိသလို အစားအစာ မရရှိပါက လူ့အသက်ရှင်ဘို့ မလွယ်ကူ လှပါ (One cannot live without food for more than a few days)၊

အစားအစာ၏ မတူညီသော လုပ်ဆောင်ချက်များ (Different Functions of Food)

အစားအစာသည် ဗိုက်ဆာခြင်းကို ဖြည့်ဆည်းပေးရန်သာမက လူ့ခန္ဓာကိုယ်၏ ကျန်းမာ ရေး၊ ကိုယ်ခန္ဓာလုပ်ငန်းစဉ်များ၊ စိတ်ကျေနပ်မှုနှင့် လူမှုဆက်ဆံရေးများ အတွက်ပါ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။

အစားအစာ၏ လုပ်ဆောင်ချက်များကို အဓိကအားဖြင့် အောက်ပါ (၄) မျိုး ခွဲခြားနိုင်ပါ သည်။

(က) အစားအစာ၏ အာဟာရဆိုင်ရာ လုပ်ဆောင်ချက် (Nutritional Functions of Food)

အာဟာရဆိုင်ရာ လုပ်ဆောင်ချက်သည် အစားအစာ၏ အခြေခံအကျဆုံး လုပ်ဆောင်ချက် ဖြစ်ပါသည်။ အစားအစာသည် ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရဓာတ်များနှင့် စွမ်းအင်ကို ပေးစွမ်းပြီး ကြီးထွားမှု၊ ခန္ဓာကိုယ်ထိန်းသိမ်းမှု၊ ကိုယ်လက်လှုပ်ရှားမှုနှင့် ကျန်း မာရေးကို အထောက်အကူပြုပါသည်။

(က-၁) စွမ်းအင်ပေးခြင်း အစားအစာမှ ရရှိသော စွမ်းအင်သည်— လမ်းလျှောက်ခြင်း၊ အလုပ်လုပ်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ခန္ဓာကိုယ်အပူချိန် ထိန်းသိမ်းခြင်း၊  အသက်ရှူ ခြင်း၊ နှလုံးခုန်ခြင်းနှင့် သွေးလည်ပတ်ခြင်း၊ ဦးနှောက်လုပ်ငန်းဆောင်တာ၊ အစာချေဖျက် ခြင်းနှင့် ဇီဝဖြစ်စဉ်များ အတွက် အသုံးပြုပါသည်။

အဓိက စွမ်းအင်ပေးသော အာဟာရဓာတ်များမှာ—

အာဟာရဓာတ်

စွမ်းအင်

ကာဗိုဟိုက်ဒရိတ် Carbohydrate

၄ kcal/g ခန့်

ပရိုတင်း Protein

၄ kcal/g ခန့်

အဆီ Fat

၉ kcal/g ခန့်

အရက် Alcohol

၇ kcal/g ခန့်

ဥပမာ – ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး စသည့် ကာဗိုဟိုက်ဒရိတ်ပါဝင်သော အစားအစာများ သည် စွမ်းအင်၏ အရေးကြီးသော ရင်းမြစ်များဖြစ်ပြီး အဆီများသည် စွမ်းအင်ကို အလွန် စုစည်းထားသော ပုံစံဖြင့် ပေးနိုင်ပါသည်။

(က-၂) ခန္ဓာကိုယ်တည်ဆောက်ခြင်းနှင့် တစ်ရှူးများ ပြန်လည်ပြုပြင်ခြင်း

အစားအစာမှ ရရှိသော ပရိုတင်းနှင့် အခြားအာဟာရဓာတ်များသည် ကြွက်သားများ တည် ဆောက်ခြင်း၊ အရိုးနှင့်တစ်ရှူးများ ဖွံ့ဖြိုးခြင်း၊ ပျက်စီးသွားသော ဆဲလ်များ ပြန်လည် ပြု ပြင်ခြင်း၊ ဟောင်းနွမ်းသွားသော တစ်ရှူးများ အစားထိုးခြင်း၊ အင်ဇိုင်းများနှင့် ဟော်မုန်း များ ထုတ်လုပ်ခြင်း၊ ကလေးများ၏ ကြီးထွားဖွံ့ဖြိုးမှု အတွက် လိုအပ်ပါသည်။

ဥပမာ – ငါး၊ အသား၊ ဥ၊ နို့၊ ပဲအမျိုးမျိုး၊ ပဲပိစပ်၊ ပဲနီ၊ ပဲလွန်း စသည်

(က-၃) ခန္ဓာကိုယ်လုပ်ငန်းစဉ်များကို ထိန်းညှိခြင်း

ဗီတာမင်များ၊ သတ္တုဓာတ်များနှင့် ရေတို့သည် ဇီဝဖြစ်စဉ်၊ သွေးဖွဲ့စည်းမှု၊ အာရုံကြော လုပ်ငန်း၊ ကြွက်သားကျုံ့ခြင်း၊ ခန္ဓာကိုယ်အတွင်း ရေဓာတ်ညီမျှမှု၊ အရိုးဖွံ့ဖြိုးမှု၊ ကိုယ်ခံ အား တို့ကို ထိန်းညှိပေးပါသည်။

ဥပမာ— သံဓာတ် (Iron) ဟီမိုဂလိုဘင် ဖွဲ့စည်းရန်၊ ကယ်လစီယမ် (Calcium) အရိုး၊ သွား နှင့် ကြွက်သားလုပ်ငန်းအတွက်၊ အိုင်အိုဒင်း (Iodine) သိုင်းရွိုက်ဟော်မုန်း ထုတ် လုပ်ရန်၊ ဗီတာမင်-အေ A မျက်စိမြင်နိုင်မှုနှင့် အရေပြား/အတွင်းသား တစ်ရှူးများအတွက်၊ ဗီတာ မင်-စီ C တစ်ရှူးများဖွဲ့စည်းခြင်းနှင့် antioxidant လုပ်ဆောင်ချက်များအတွက်၊ ဗီတာ မင်-ဒီ D ကယ်လစီယမ်စုပ်ယူမှုနှင့် အရိုးကျန်းမာရေးအတွက်

(က-၄) အာဟာရချို့တဲ့မှုရောဂါများကို ကာကွယ်ခြင်း

အာဟာရမျှတသော အစားအစာကို စားသုံးခြင်းဖြင့် အာဟာရချို့တဲ့မှုကြောင့် ဖြစ်ပေါ် နိုင်သော ပြဿနာများကို လျှော့ချနိုင်ပါသည်။

ဥပမာ— သံဓာတ်ချို့တဲ့ခြင်း → သွေးအားနည်းခြင်း၊ ဗီတာမင် A ချို့တဲ့ခြင်း → ညဘက် မြင်နိုင်မှု လျော့နည်းခြင်း၊ ဗီတာမင် C ချို့တဲ့ခြင်း → စကာဗီရောဂါ၊ အိုင်အိုဒင်း ချို့တဲ့ခြင်း → အိုင်အိုဒင်းချို့တဲ့မှုဆိုင်ရာ ရောဂါများ၊ ဗီတာမင် D ချို့တဲ့ခြင်း → အရိုးဖွံ့ဖြိုးမှု ထိခိုက် ခြင်း

(က-၅) ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုခြင်း

အာဟာရလုံလောက်စွာ ရရှိခြင်းသည် အထူးသဖြင့် ကိုယ်ဝန်ဆောင်ကာလ၊ နို့စို့အရွယ်၊ ကလေးဘဝ၊ ဆယ်ကျော်သက်အရွယ် တို့တွင် အလွန်အရေးကြီးပါသည်။

ဤကာလများအတွင်း ရရှိသော အာဟာရသည် ကိုယ်ခန္ဓာကြီးထွားမှု၊ ဦးနှောက်ဖွံ့ဖြိုးမှု၊ သင်ယူနိုင်စွမ်း၊ ကိုယ်ခံအားနှင့် ရေရှည်ကျန်းမာရေး တို့အပေါ် သက်ရောက်မှုရှိပါသည်။

ပုံ - ၂ အစားအစာ၏ အဟာရဆိုင်ရာလုပ်ဆောင်ချက်များ

(ခ) အစားအစာ၏ ဇီဝကမ္မ/ကိုယ်ခန္ဓာဗေဒဆိုင်ရာ လုပ်ဆောင်ချက် (Physiological Functions of Food)

Physiological Function ဆိုသည်မှာ အစားအစာနှင့် ၎င်းတွင်ပါဝင်သော အာဟာရဓာတ် များက ခန္ဓာကိုယ်၏ အင်္ဂါအစိတ်အပိုင်းများ၊ တစ်ရှူးများနှင့် ဇီဝကမ္မလုပ်ငန်းစဉ်များကို မည်သို့ အထောက်အကူပြုသနည်းဆိုသည်ကို ရည်ညွှန်းပါသည်။

အာဟာရဆိုင်ရာနှင့် ဇီဝကမ္မဆိုင်ရာ လုပ်ဆောင်ချက်များသည် အနီးကပ်ဆက်စပ် နေသော်လည်း Nutritional Function = အစားအစာက ဘာအာဟာရဓာတ်တွေ ပေးသလဲ?၊ Physiological Function = ထိုအာဟာရဓာတ်တွေက ခန္ဓာကိုယ်အတွင်း ဘာလုပ် ဆောင်ပေးသလဲ  ဆိုတာလေ့လာရပါမည်။

(ခ-၁) အစာချေခြင်းနှင့် အာဟာရဓာတ် စုပ်ယူခြင်း

အစားအစာသည် အစာခြေစနစ်၏ ပုံမှန်လုပ်ငန်းကို အထောက်အကူပြုပါသည်။ အစားအစာ → အစာချေခြင်း → စုပ်ယူခြင်း → သယ်ဆောင်ခြင်း → ဇီဝဖြစ်စဉ် → အသုံးပြုခြင်း

ဥပမာ အမျှင်ဓာတ် (Dietary fiber) သည်— အူလမ်းကြောင်းလှုပ်ရှားမှု၊ ဝမ်း၏ ပမာဏ နှင့် ဖွဲ့စည်းပုံ၊ အူတွင်းရှိ အဏုဇီဝများ၏ လုပ်ဆောင်ချက်၊ ဂလူးကို့စ်စုပ်ယူမှု၊ ဗိုက်ပြည့်ဝမှု တို့အပေါ် သက်ရောက်မှုရှိနိုင်ပါသည်။

(ခ-၂) သွေးတွင်းသကြားဓာတ် ထိန်းညှိခြင်း

စားသုံးသည့် ကာဗိုဟိုက်ဒရိတ်၏ အမျိုးအစားနှင့် ပမာဏသည် သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်နိုင်ပါသည်။

ဥပမာ — အစေ့အဆန်ပြည့် အစားအစာများ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်များ၊ အမျှင်ဓာတ်များသော အစားအစာများသည် သန့်စင်ထားသော ကာဗိုဟိုက်ဒရိတ် အစားအစာများနှင့် မတူညီသော သက်ရောက်မှုရှိနိုင်ပါသည်။

(ခ-၃) ရေနှင့် သတ္တုဓာတ်များ ညီမျှမှုကို ထိန်းသိမ်းခြင်း

ရေ၊ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ ကလိုရိုက်၊ ကယ်လစီယမ်၊ မဂ္ဂနီဆီယမ် စသည်တို့သည် ခန္ဓာကိုယ်အရည်ညီမျှမှု၊ အာရုံကြောလှုံ့ဆော်မှု၊ ကြွက်သားကျုံ့ခြင်း၊ သွေးပေါင်ချိန် ထိန်းညှိမှု၊ ဆဲလ်များ၏ ပုံမှန်လုပ်ဆောင်မှု တို့အတွက် အရေးကြီးပါသည်။

(ခ-၄) ကိုယ်ခံအားလုပ်ဆောင်ချက်

လုံလောက်သော အာဟာရသည် ကိုယ်ခံအားစနစ်အတွက် အရေးကြီးပါသည်။ အထူးသဖြင့်— ပရိုတင်း၊ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် D၊ ဗီတာမင် E၊ ဇင့်၊ သံဓာတ်၊ ဆီလီနီယမ် တို့သည် ကိုယ်ခံအားလုပ်ငန်းစဉ်များတွင် အရေးပါပါသည်။

(ခ-၅) ဟော်မုန်းနှင့် အင်ဇိုင်းများ၏ လုပ်ဆောင်ချက်

အစားအစာမှ ရရှိသော အာဟာရဓာတ်များသည် ဟော်မုန်းနှင့် အင်ဇိုင်းများ ထုတ်လုပ်ရာ တွင် လိုအပ်သော ပစ္စည်းများ သို့မဟုတ် အထောက်အကူပြုပစ္စည်းများအဖြစ် ပါဝင် ပါသည်။ ဥပမာ— ပရိုတင်း → အမိုင်နိုအက်စစ်များ ပေးခြင်း၊ အိုင်အိုဒင်း → သိုင်းရွိုက် ဟော်မုန်း ထုတ်လုပ်ခြင်း၊ ဇင့် → အင်ဇိုင်းလုပ်ငန်းများစွာတွင် ပါဝင်ခြင်း၊ B ဗီတာမင်များ → ဇီဝဖြစ်စဉ်တုံ့ပြန်မှုများတွင် ပါဝင်ခြင်း တို့ဖြစ်ပါသည်။

(ခ-၆) အူလမ်းကြောင်းရှိ အဏုဇီဝများကို ထောက်ပံ့ခြင်း

အထူးသဖြင့် အမျှင်ဓာတ်နှင့် အူအတွင်း အဏုဇီဝများက ဖောက်ဖျက်အသုံးပြုနိုင်သော ကာဗိုဟိုက်ဒရိတ်များ သည် အူအတွင်းရှိ အကျိုးပြုအဏုဇီဝများအတွက် အစားအစာ အဖြစ် လုပ်ဆောင်နိုင်ပါသည်။

၎င်းတို့သည်— အစာချေဖျက်မှု၊ သက်တန်းတိုအဆီအက်ဆစ် (Short-chain fatty acids) ထုတ်လုပ်မှု၊ အူနံရံ၏ ပုံမှန်လုပ်ဆောင်မှု၊ ကိုယ်ခံအားထိန်းညှိမှု၊ ဇီဝဖြစ်စဉ်တို့နှင့် ဆက်စပ် ပါသည်။

(ဆက်ပါဦးမည်)

စာရေးသူ၏အတွေး

စာရေးသူတို့ စိုက်ပျိုးရေးတက္ကသိုလ်၊ ကျောင်းသားဘဝက ဤဘာသာရပ် မရှိပါ၊ စာရေး သူပါမောက္ခချုပ် ဘဝတွင် အခြားအရေးကြီးဘာသာရပ်များနှင့် အတူ အစား အစာသိပ္ပံနှင့် နည်းပညာ (Food Science and Technology) သီးခြားဌာန ဖွင့်လှစ် ခွင့်ပြုရန် ကြိုးစား ခဲ့ရာ ရရှိခဲ့ပါသည်။  ဤပညာရပ်/ဘာသာရပ်သည် လူသားအားလုံး နေ့စဉ်ကြုံတွေ့နေရ မည့်၊ ‘အစာလည်းဆေး၊ ဆေးလည်းအစာ’ ကျန်းမာရေးနှင့်လည်း သက်ဆိုင်နေသည့် အတွက် အလေးထား သင်ကြား၊ သုတေသနပြုသင့်ပါသည်။

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Sharma, Avantina (2006) Text Book of Food Science and Technology. 2nd Revised and Enlarged Ed. IBDC Publishers, India. 441p.

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ဆရာ သီးလုံးဖောက်ပိုးအတွက် ဒီကောင်လေးပေးလိုက်လို့ဆျာ အဆင်ပြေပါ့မလားဆရာ ဝိစာရက ဘီတာစီပါဆရာ

U Yan • ဖြေကြားချက် 0 ခု

မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး

Sawsamson • ဖြေကြားချက် 2 ခု

ဘဲတွေခြေထောက်မှာ ပုံမှာ ပါတဲ့အတိုင်းဖြစ်နေပါတယ်။ လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ ဆရာများ လမ်းညွှန်ပါအုန်း။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

နွေရာသ်ိစိုက်ပျိုးနည်း။

ေဌးလင်းဦး • ဖြေကြားချက် 1 ခု

ကျတော့်ကွမ်းယခုလက်ရှိအရွက်ဖျားမာလှိမ့်နေပါတယ်ပိုးမွားလဲမတွေ့ဘူးအရွက်ကြားမာမရှိဘူးဘာကြောင့်လဲသိရင်မျဝေပေးကြပါမိတ်ဆွေတို့ခဗျ ဘာကြောင်းကြောင့်လဲမြေဆီလွာကြောင့်လားအဟာရကြောင့်လားခဗျကူညီပေးပါခဗျ

ko ko chit • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။