အစာအိမ်ကင်ဆာကို ကာကွယ်ပေးတဲ့ သင်မသိသေးတဲ့ ပဲစေ့၊ပဲလုံးတွေရဲ့ အကျိုးကျေးဇူးများ

01/06/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပဲစေ့၊ပဲလုံးတွေက ဟင်းလျာတွေမှာ အလှဆင်ဖို့လောက်ဘဲ သုံးကြတာမဟုတ်ပါဘူး။ သူတို့မှာ မထင်မှတ်ထားလောက်တဲ့ အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းညှိပေး

ပဲစေ့၊ ပဲလုံးတွေက အဆီဓာတ်ပါဝင်မှု နည်းပါတယ်။ ပဲစေ့၊ ပဲလုံး တစ်ခွက်မှာ ကယ်လိုရီ ၁၀၀ လောက်ဘဲ ပါဝင်ပေမယ့် ပရိုတင်း၊ အမျှင်ဓာတ်နဲ့ Micro-Nutrients ဓာတ်တွေ အများကြီး ပါဝင်ပါတယ်။

အစာအိမ် ကင်ဆာကိုလည်း ကာကွယ်ပေး

ပဲစေ့၊ ပဲလုံးတို့မှာ Coumestrol ဆိုတဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ Polyphenol ဓာတ်တွေ ပါဝင်ပါတယ်။ အစာအိမ် ကင်ဆာကို ကာကွယ်နိုင်ဖို့ တစ်နေ့ကို အနည်းဆုံး ၂ မီလီဂရမ် Polyphenol တွေ လိုအပ်ပါတယ်။ ပဲစေ့ သို့ ပဲလုံး တစ်ခွက်မှာ အနည်းဆုံး ၁၀ မီလီဂရမ်လောက် ပါဝင်ပါတယ်။

အရွယ်တင်နုပျို၊ ကိုယ်ခံအားကို ကောင်းစေ၊ စွမ်းအင်ကို မြင့်မားစေ

ပဲစေ့၊ပဲလုံးတွေမှာ Anti-Oxidants ဓာတ်တွေ အများကြီး ပါဝင်ပါတယ်။ Antioxidants ဓာတ်တွေဖြစ်တဲ့ FlavonoidsCarotenoidPhenolic Acids နဲ့ Polyphenols တွေ ပါဝင်တာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပြီး အရွယ်တင်နုပျိုစေပါတယ်။ အဲ့ဒီအပြင် ခန္ဓာကိုယ်ရဲ့ လုပ်နိုင်စွမ်း စွမ်းအင်တွေကိုလည်း မြှင့်တင်ပေးပါတယ်။

နှလုံးရောဂါကို ကာကွယ်ပေး

Antioxidants ဓာတ်တွေနဲ့ ယောင်ယမ်းတာတွေကို လျော့ချပေးတဲ့ (Anti-Inflammatory Compounds) တွေအများကြီးပါဝင်တာကြောင့် သွေးကြောတွေကို အထောက်အကူပြုပေးပါတယ်။ နှလုံးသွေးကြော ကျဉ်းစေတဲ့ အရာတွေက Oxidants ဓာတ်တွေနဲ့ Inflammation တွေ များလာတာကြောင့် ဖြစ်ပါတယ်။

ဗီတာမင် B1 နဲ့ FolateB2,B3 နဲ့ b6 တို့ကလည်း နှလုံးရောဂါကို ဖြစ်ပွားစေတဲ့ Homocysteine ကိုလည်း လျော့ချပေးပါတယ်။

အရိုးတွေကို သန်မာစေ

ပဲစေ့၊ပဲလုံး တစ်ခွက်မှာ ဗီတာမင် K ၄၄ ရာခိုင်နှုန်းပါဝင်ပြီး အရိုးထဲမှာရှိနေတဲ့ ကယ်ဆီယမ်ဓာတ်တွေကိုလည်း ထုတ်ဖော်ပေးပါတယ်။ အရိုးပျော့တာကိုလည်း ကာကွယ်ပေးပါတယ်။

ဝမ်းချုပ်တာကို ကာကွယ်ပေး

ပဲစေ့၊ပဲလုံးတွေမှာပါဝင်တဲ့ အမျှင်ဓာတ်တွေ အများကြီးပါဝင်တာကြောင့် အစာအိမ်ဟောင်းကျန်းမာရေးအတွက် ကောင်းမွန်စေပြီး ဝမ်းချုပ်တာကိုလည်း ကာကွယ်ပေးပါတယ်။

Myfood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်