မတ်ပဲဈေး တစ်တန် ကျပ် ၂၅၀၀၀ ခန့် ဆက်တက်နေပြီး ဆက်တက်နိုင်ဖွယ်ရှိဟုဆို
ဈေးဆက်တိုက်အတက်ရှိနေတဲ့ မတ်ပဲဈေးဟာ ဒီနေ့မှာလည်း ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်တန်ကို မနေ့ကထက် ကျပ် ၂၄၅၀၀ စီမြင့်တက်လာပါတယ်။ မတ်ပဲ(အက်ဖ်အေကျူ၊အာစီ)ကော မတ်ပဲ(အက်စ်ကျူ၊အာစီ) ကော တစ်တန်ကို ၂၄၅၀၀ ကျပ်စီ မြင့်တက်လာတာပါ။

မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဧရာကုန်သွယ်မှုဗဟိုဌာနရဲ့သတင်းထုတ်ပြန်ချက်မှာတော့ ယခင်နှစ်ကာလတူတင်သွင်းမှုနဲ့ နှိုင်းယှဉ်ရင် အိန္ဒိယနိုင်ငံမှ မတ်ပဲဝယ်ယူတင်သွင်းမှုနည်းသွားပေ မယ့် သူတို့နိုင်ငံတွင်း မတ်ပဲဈေးကျသွားခြင်းမရှိလို့ မြန်မာပြည်တွင်းမတ်ပဲဈေးနှုန်းဟာလည်း ကျဆင်းသွားတာမရှိတာဖြစ်တယ်လို့ ဆိုထားပါတယ်။
အိန္ဒိယနိုင်ငံဘက်မှ ဝယ်လိုအားပြန်ကောင်းလာရင် မတ်ပဲဈေးဆက်တက်နိုင်ဖွယ်ရှိပြီး လက်ရှိမြန်မာမတ်ပဲဈေးနှုန်းသည် မြန်မာငွေကြေးဈေးနှုန်းနှင့် ဒေါ်လာငွေလဲလှယ်မှု၊ စက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုတို့အပေါ်မူတည်နေကြောင်းနဲ့ အိန္ဒိယနိုင်ငံ၏ပဲလိုအပ်ချက်များပြားမှုနှင့် ရာသီဥတုအခြေအနေများအရ မတ်ပဲဝယ်လိုအားပြန်ကောင်းလာနိုင်ပြီး ဈေးနှုန်းအတိုင်းအတာတစ်ခုအထိ ဆက်လက်မြင့်တက်လာနိုင်သေးတယ်လို့လည်း ဧရာကုန်သွယ်မှုဗဟိုဌာနက ဆိုထားပါတယ်။
ကြက်သွန်နီဈေးနှုန်းတွေကတော့ အတက်ရပ်ပြီး မနေ့ကအတိုင်းပဲရှိနေသလို ကြက်သွန်ဖြူဈေးနှုန်းတွေကလည်း မနေ့ကဈေးနှုန်းအတိုင်းပဲ အပြောင်းအလဲ မရှိပါဘူး။
ဒီနေ့ ရန်ကုန်ဘုရင့်နောင်ဈေးကွက် ကြက်သွန်နီနဲ့ မတ်ပဲဈေးနှုန်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
မတ်ပဲ(အက်ဖ်အေကျူ၊အာစီ) (၂၀၂၂) (၁)တန် 1535500 ကျပ်
မတ်ပဲ(အက်စ်ကျူ၊အာစီ) (၂၀၂၁) (၁)တန1725500 ကျပ်
ကြက်သွန်နီ (ဆိပ်ဖြူရှယ်)(သစ်) (၁)ပိဿာ 1900 ကျပ်
ကြက်သွန်နီ (ဆိပ်ဖြူလတ်ကြီး) (၁)ပိဿာ 1800 ကျပ်
ကြက်သွန်နီ (ဆိပ်ဖြူလတ်သန့်) (၁)ပိဿာ 1650 ကျပ်
ကြက်သွန်နီ(ဆိပ်ဖြူလတ်ချော) (၁)ပိဿာ 1300 ကျပ်
ကြက်သွန်ဖြူ(ကြူကုတ်)(ရှယ်) (၁)ပိဿာ 2600 မှ 2800 ကျပ်
ကြက်သွန်ဖြူ(အောင်ပန်း ထူး ၂) (၁)ပိဿာ 2000 မှ 2100 ကျပ်
ကြက်သွန်ဖြူ(အောင်ပန်း ထူး ၃) (၁)ပိဿာ 2600 မှ 2700 ကျပ်
ကြက်သွန်ဖြူ(အောင်ပန်း ထူး ၄) (၁)ပိဿာ 3000 မှ 3400 ကျပ်
ကြက်သွန်ဖြူ(အောင်ပန်း ထူး ၅) (၁)ပိဿာ 3700 မှ 3800 ကျပ်
(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)
နိုင်ငံတစ်ဝန်း စပါး၊ ဆန်၊ ပဲများအပါအဝင် သီးနှံမျိုးစုံဈေးနှုန်းများကို သိလိုပါက အစိမ်းရောင်လမ်း App ရှိ နေ့စဉ်ဈေးနှုန်းများကဏ္ဍထဲတွင် သက်ဆိုင်ရာမြို့နယ်တစ်ခုချင်းစီအလိုက် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပွင့်ဝင်ချိန်ပဲပင်များ သေဆုံးရသည့် ကိုကာကွယ်နိုင်မည့် နည်းလမ်းများကို သိချင်ပါတယ်
ဦးနေလင်းထက် • ဖြေကြားချက် 1 ခု
ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပင််များအပွင့်ဝင်ချိန်မှ စတင်သေဆုံးရသည့် အကြောင်းအရင်းကို သိချင်ပါတယ်ခင်ဗျ
Nay L H • ဖြေကြားချက် 1 ခု
GW 11 ကြဲပြီးရက်မှ ရိတ်ချိန်အထိမြေဆီကြွေးပုံကြွေးနည်းလေးပြောပြပေးပါဗျ
Aye Chan Min • ဖြေကြားချက် 0 ခု
ဆရာကြီးခများ သဘာဝပိုးသတ်ဆေးကောင်းတာလမ်းညွန်ပေးပါခများ chemical ပိုးသတ်ဆေးတွေဈေးကြီးလို့ပါ
U Than Toe Aung • ဖြေကြားချက် 1 ခု
ဆရာတို့ ပုံမှာ ငရုတ်ပင်က ဘာဖြစ်တာလဲ ရောဂါလား ပိုးမွှားလား ပညာရှင်များဝေဖန်ပေးကျပါဦး
MgMinlwinsoe • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026