မတ်ပဲဈေးများ ၄ ရက်အတွင်း တစ်တန် ကျပ် ၄၀၀၀၀ ကျော် မြင့်တက်

02/06/2022 15:43 PM တွင် AMIA AMIA မှ ရေးသား

ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာတော့ မတ်ပဲဈေးတွေ အတက်ဘက်ပြန်ရောက်လာပြီး ၄ ရက်အတွင်း တစ်တန်ကို ကျပ် ၄၀၀၀၀ ကျော်ဈေးမြင့်တက်လာခဲ့ပါတယ်။ 

ယခုတစ်ပတ် ဈေးကွက်အဖွင့်နေ့ဖြစ်တဲ့ မေ ၃၀ ရက်တုန်းက တစ်တန်ကို ကျပ် ၁၄၄၇၀၀၀ သာ ပေါက်ဈေးရှိခဲ့တဲ့ မတ်ပဲ (အက်ဖ်အေကျူ၊ အာစီ (၂၀၂၂) ဈေးဟာ ဒီနေ့ ဇွန် ၂ ရက်မှာတော့ တစ်တန် ၁၄၉၁၀၀၀ ကျပ်ထိ ဖြစ်သွားပြီး လေးရက်အတွင်း ကျပ် ၄၄၀၀၀ ထိ မြင့်တက်သွားတာပါ။ 

မေ ၃၀ ရက်တုန်းက တစ်တန်ကို ကျပ် ၁၆၃၇၀၀၀ သာ ပေါက်ဈေးရှိခဲ့တဲ့ မတ်ပဲ (အက်စ်ကျူအာစီ - ၂၀၂၁) ဈေးဟာလည်း လေးရက်အတွင်း ကျပ် ၄၄၀၀၀ မြင့်လာပြီး ဇွန် ၂ ရက်မှာ တစ်တန် ကျပ် ၁၆၈၁၀၀၀ ဖြစ်သွားတာပါ။

ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီလည်း ဈေးမြင့်လာပါတယ်။ မေ ၃၀ ရက်က ပဲစင်းငုံနီ(အာစီ -၂၀၂၁) ဈေးက တစ်တန်ကို ၁၃၅၆၃၀၀ ကျပ်သာရှိခဲ့ရာကနေ ဇွန် ၂ ရက်မှာတော့ တစ်တန်ကို ၁၃၇၀၀ ကျပ် ဈေးတက်သွားလို့ ၁၃၇၀၀၀၀ ဖြစ်သွားတာပါ။

အလားတူ မန္တလေးဈေးကွက်မှာလည်း မတ်ပဲ(သစ်) ဈေး တက်လာပြီး မေ ၃၀ ရက်က တစ်အိတ် (ပိဿာ ၆၀) ကို ကျပ် ၁၃၈၀၀၀ - ၁၄၁၀၀၀ ကြားသာရှိခဲ့ရာကနေ ဇွန် ၂ ရက်မှာတော့ ကျပ် ၁၄၃၀၀၀ - ၁၄၄၀၀၀ ဖြစ်သွားပါတယ်။

ကုလားပဲဈေးတွေကတော့ ဆက်တိုက် အကျပိုင်းမှာရှိနေပြီး အမျိုးအစားအလိုက် တစ်အိတ် (ပိဿာ ၆၀) ကို ကျပ် ၂၀၀၀ ကနေ ၅၀၀၀ ကြား ဈေးကျသွားတာတွေ့ရပါတယ်။

ငွေကြေးဈေးအပြောင်းအလဲနဲ့ လကုန်ပိုင်း ဖြစ်တဲ့အတွက်ကြောင့် အရောင်းအဝယ်အနည်းငယ်သွက်နေလို့ မတ်ပဲဈေးတွေဟာ ပြီးခဲ့တဲ့အပတ်ကတည်းက အတက်ဘက်အနည်းငယ်ရှိနေရာကနေ ဒီတစ်ပတ်မှာတော့ သိသိသာသာ တက်လာတာပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်