ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင်များ ဂရုစိုက်သင့်တဲ့ ကြက်ဥခွံအရည်အသွေး

22/05/2023 14:51 PM တွင် Ning Naing Ling Ning Naing Ling မှ ရေးသား

စီးပွားဖြစ်ကြက်မွေးမြူရေးလုပ်ငန်းမှာ ဉစားကြက်မွေးမြူရေးဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်ပြီး နှစ်စဉ် ပြည်တွင်းစားသုံးရန်အတွက် ကြက်ဥသန်းချီထုတ်လုပ်ပေးနေပါတယ်။

ပြည်တွင်းမွေးမြူသူတွေအနေနဲ့ ဉစားကြက်မွေးမြူရေး ပိုမိုတွင်ကျယ်လာတာနှင့်အမျှ စိန်ခေါ်မှုတွေအမျိုးမျိုးနဲ့လည်း ရင်ဆိုင်လာရပါတယ်။ ဒီစိန်ခေါ်မှုတွေထဲကမှ ဉစားကြက်မွေးမြူရေးလုပ်ငန်းရှင်များ ရင်ဆိုင်ရတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ ကြက်ဉခွံအရည်အသွေး (Egg Shell Quality) နဲ့ ပတ်သက်ပြီး မျှဝေပေးချင်ပါတယ်။

ပုံမှန်အားဖြင့် ဥကြက်မတွေဟာ အသက် ၂၀ ပတ်သားအရွယ်မှာ စတင်ဥကာ  အသက် (၅၂) ပတ်သားအရွယ်အထိ ဥကြတာတွေ့ရပါတယ်။ စီးပွားဖြစ်ဉစားကြက်မွေးမြူရေးမှာ ကြက်ဉခွံအရည်အသွေးကို လွှမ်းမိုးထားတဲ့အချက်များစွာရှိပါတယ်။

(၁) တိရစ္ဆာန်အစာ အရည်အသွေး

ကြက်ဉခွံအရည်အသွေးကို အဓိကလွှမ်းမိုးထားတဲ့ အချက်ကတော့ ကြက်စာအရည်အသွေးပဲ ဖြစ်ပါတယ်။ အဓိကအားဖြင့် ကြက်ဉခွံမှာ အဓိကပါဝင်တဲ့ Calcium ဟာ ဉကြက်မအစာထဲမှာ လုံလောက်စွာ ပါဝင်ဖို့ အရေးကြီးပါတယ်။ ကြက်စာထဲ Calcium လုံလုံလောက်လောက်ပါဝင်မှသာ ဥကြက်မရဲ့ခန္ဓာကိုယ်နဲ့ ထုတ်လုပ်လိုက်တဲ့ ကြက်ဥခွံအရည်အသွေး ပြည့်မီမှာဖြစ်ပါတယ်။

ကြက်စာအတွင်း လုံလောက်တဲ့ Calcium မပါဝင်ဘူးဆိုရင်တော့ ကြက်ဉခွံပါးခြင်း၊ ဥပျော့ထွက်ခြင်း၊ ပုံသဏ္ဌာန်မမှန်ခြင်းတို့ကို ကြုံရတတ်ပါတယ်။

(၂) ကြက်ခြံအတွင်း အပူချိန်လွန်ကဲ့ခြင်း

ဒုတိအချက်ဖြစ်တဲ့ ကြက်ခြံအတွင်း အပူချိန်လွန်ကဲရင်လည်း ကြက်ဥခွံ အရည်အသွေးအပေါ် ထိခိုက်မှုရှိနိုင်ပါတယ်။ ကြက်ခြံအတွင်း ပုံမှန်ထက် အပူချိန်လွန်ကဲလာမယ်ဆိုရင် မွေးမြူထားတဲ့ကြက်များ Stress ဒဏ်ခံစားရကာ ပုံမှန် ခန္ဓာကိုယ်အတွင်း လုပ်ငန်းဆောင်တာများ ပျက်စီးကာ ကြက်ဥခွံအရည်အသွေး ထိခိုက်တာ ဖြစ်တတ်ပါတယ်။

အထူးသဖြင့် အပူချိန်လွန်ကဲတဲ့ နွေရာသီမျိုးတွေမှာ ဥစားကြက်မများကို အထူးဂရုစိုက်သင့်ပါတယ်။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကြက်စာ (သို့မဟုတ်) ကြက်သောက်ရေထဲမှာ ဖြည့်စွက်အားဆေးများကို တိုက်ကျွေးနိုင်ပါတယ်။

(၃) ကြက်ခြံအတွင်း ရောဂါတစ်မျိုးမျိုး တွေ့ရခြင်း

မိမိမွေးမြူထားတဲ့ကြက်ခြံအတွင်းရောဂါဖြစ်မယ်ဆိုရင်လည်း ရောဂါလက္ခဏာတစ်ရပ်အနေနဲ့ ကြက်ဥခွံ အရည်အသွေး မကောင်းတာကို တွေ့ရတတ်ပါတယ်။ ဥပမာအနေနဲ့ ကြက်ခြံအတွင်း ဆုံးရှုံးမှုများစေတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်တဲ့ လည်လိမ်ရောဂါနှင့် လေပြွန်ရောင်ရောဂါတွေကြောင့်လည်း ကြက်ဥခွံအရည်အသွေး မကောင်းတာ ဖြစ်တတ်ပါတယ်။

ဒါ့အပြင် ဘက်တီးရီးယားပိုးကြောင့်လည်း ကြက်ဥခွံပုံမမှန်ခြင်း၊ ဥခွံပျော့ခြင်း၊ ကြက်ဥနှုန်းကျဆင်းခြင်းတို့ ဖြစ်တတ်ပါသေးတယ်။ 

ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် မိမိခြံအတွင်း ကြက်ဥအရည်အသွေးနှင့် ကြက်ဥနှုန်းကျဆင်းတို့ကို ဖြစ်စေတဲ့ အထက်ပါအချက်တွေကို ဂရုစိုက်ထိန်းချုပ်ခြင်းဖြင့် ကြက်ဥအရည်အသွေးကျဆင်းခြင်းတွေကို ကြိုတင်ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်