စိုက်ဒေသများတွင် စစ်ရှောင်နေရမှုများကြောင့် ကုလားပဲအထွက်နှုန်းကျပြီး အတက်ဈေးနှင့် ဆက်ရှိနေ

23/04/2022 07:00 AM တွင် AMIA AMIA မှ ရေးသား

ကုလားပဲဈေး ကျဆင်းနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားပေမယ့် ကုလားပဲအများစု ထွက်ရာ ဒေသတွေမှာ စစ်ဘေးရှောင်နေရတဲ့ အနေအထားတွေကြောင့်စိုက်ပျိုးနိုင်မှုမရှိပဲ အထွက်နှုန်းလျော့နည်းမှုတွေ ရှိလာပြီး ယခုတစ်ပတ်အတွင်းဈေးက အတက်ဈေးနဲ့ပဲ ရှိနေပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ပိတ်ရက်မတိုင်ခင်အထိ ဈေးကျဆင်းတဲ့ ကုလားပဲကတော့ ပိတ်ရက်အပြီးမှာ ဈေးအနည်းငယ်တက်လာပါတယ်။ လက်ရှိ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၂၂၅၀ ကနေ ၂၃၃၀ ပေါက်ဈေးရှိပြီး ၂၄၅ ကျပ်ဈေးတက်လာပါတယ်။ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၂၂၈၀ ကနေ ၂၄၂၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၂၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ကုလားပဲထိုင်ဝမ်က တစ်အိတ်ကို ၁၂၃၀၀၀ ကနေ ၁၂၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲ ၉၂၉ ကလည်း တစ်အိတ်ကို ၁၂၄၅၀၀ ကနေ ၁၂၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်၊ ကုလားပဲ V2က တစ်အိတ်ကို ၁၃၃၀၀၀ ကနေ ၁၃၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ V7ကတော့ တစ်အိတ်ကို ၁၃၂၀၀၀ ကနေ ၁၃၃၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်အသီးသီးဈေးတက်လာပါတယ်။

မုံရွာဈေးကွက်မှာလည်း ကုလားပဲ(ထိုင်ဝမ်) က တစ်တင်းကို ၄၁၀၀၀ ကနေ ၄၁၃၀၀ ပေါက်ဈေးရှိပြီး ၈၀၀ ကျပ်၊ ကုလားပဲ ၉၂၉ က တစ်တင်းကို ၄၁၇၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ်၊ ကုလားပဲ V2 က တစ်တင်းကို ၄၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ ကျပ်အသီးသီးဈေးတက်လာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း လက်ကျန်ပြတ်သွားတဲ့အထိ အရောင်းအဝယ်ရှိခဲ့ပြီး  ယခုနှစ်မှာတော့  ထွက်လာသမျှ အသစ်တွေက ရောင်းကုန်တဲ့ အခြေအနေမို့ ကုလားပဲဈေးက အတက်ဈေးနဲ့ပဲ အတက်အကျ အပြောင်းအလဲ အနည်းငယ်ရှိနိုင်ဦးမယ်လို့ ဆိုပါတယ်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်