နွားမွေးမြူရေးအတွက် ဒစ်မန်းသပ်စ် (Desmanthus) စားကျက်ပင်

25/06/2018 11:52 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

(1) Desmanthuspernambucanus


အပင်၏အမြင့်သည် (၃-၄) ပေ အထိရှိသည်။ ရိတ်သိမ်း သယ်ယူ ကျွေးမွေး နိုင်သည်။ လွှတ်​ကျောင်းစားကျက်တွင်အတန်သင့်အသုံးပြုနိုင်သည်။ ဘော စကိုင်း ဖြစ်ထွန်းမှုနည်းသော ဒေသများအတွက် ရည်ရွယ်စိုက်ပျိုးရန်နှင့် သိုး/ဆိတ် လွှတ်ကျောင်းစားကျက်များအတွက် အလွန်ကောင်းမွန်သည်။
အာဟာရပြည့်ဝစွာပါဝင်ပြီး နေရာအနံ့ ပေါက်ရောက် ရှင်သန်နိုင်သည်။ မြေ၏ ချဉ်ဖန် ဓါတ် (၅-၈) တွင်ရှင်သန်နိုင်သော်လည်း မြေ၏ ချဉ်ဖန်ဓါတ် (၇) တွင် ပိုမို ဖြစ်ထွန်းနိုင်သည်။ မြေအရည်သွေးညံ့သော၊ သဲ/ဆား ဆန်သော ဒေသများ၌ ဖြစ်ထွန်းနိုင်သည်။
အတန်အသင့် အရိပ်အောက်တွင် ရှင်သန်နိုင်သော်လည်း အရိပ်ကောင်း အောက်တွင် ဖြစ်ထွန်းမှု နည်းသည်။
စိုက်ပျိုးရာတွင် အစေ့စိုက်ခြင်း၊ ပျိုးပင်စိုက်ခြင်းများတွင် တစ်တန်းနှင့်တစ် တန်း (၃-၄) ပေ ခြား၍ စိုက်ပျိုးနိုင်သည်။ စားကျက်မြက်များနှင့် ရောနှော စိုက်ပျိုးနိုင်ပြီး မျိုးစေ့ကျ ပြန့်ပွားနှုန်းကောင်းမွန်ကာ နှစ်ရှည်ပင်ဖြစ်သည်။
စိုက်ပျိုးပြီး (၃-၄) ပတ်လျှင် တစ်ကြိမ် ရိတ်ကျွေးနိုင်သည်။ တစ်ဧကထွက် နှုန်း ပျမ်းမျှ (၄-၈) တန် နှင့် အမြင့်ဆုံး (၁၅) တန် (အခြောက်ပမာဏ) အထိ ထွက်ရှိပါသည်။
မျိုးစေ့ထုတ် လုပ်နိုင်မှုမှာ တစ်ဧက (၁၃၃-၂၀၀) ကီလိုဂရမ် ထွက်ရှိနိုင် သည်။ ပဲမျိုးနွယ် စားကျက်ပင်များသည် မျိုးစေ့ထုတ်ပြီး စားကျက်ဖွံ့ဖြိုး ရေးလုပ်ငန်းများကို စတင်ကောင်အထည် ဖော် ဆောင်ရန်လိုအပ်ပါသည်။
အာဟာရပါဝင်မှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်။



(2) Desmanthusleptophyllus


မြေ၏ချဉ်ဖန်ဓာတ်(၇)တွင်ပိုမိုဖြစ်ထွန်းနိုင်သည်။ လယ်မြေများတွင်ပိုမိုဖြစ် ထွန်းနိုင်သည်။ ဘောစကိုင်းအပင်ပေါက်ငယ်နှင့်တူသည်။
ရာသီဥတုခြောက်သွေ့မှုနှင့် အရိပ်ရအပင်များအောက်စိုက်ပျိုးနိုင်သည်။
ရိတ်သိမ်းသယ်ယူခြင်းနှင့် လွှတ်ကျောင်းမွေးမြူခြင်းပြုလုပ်နိုင်သည်။
ထိုသို့ပြုလုပ်ရာတွင်မြက်ပင်များနှင့် ရောနှောစိုက်ပျိုးရန်သင့်တော်သည်။ စိုက်ပျိုးပြီ အပင်ကြီးထွားနှုန်းမှာ (၁၂) လက်မ အမြင့်ရှိပြီး (၃-၄) ပတ် တစ်ကြိမ် ရိတ်သိမ်း ခြင်း၊ လွှတ်ကျောင်းခြင်းပြုလုပ်နိုင်သည်။
မျိုးစေ့ထွက်နှုန်း ကောင်းမွန်သည်။ မျိုးစေ့ထုတ်လုပ်မှု တစ်ဧကလျှင် (၁၂၀၀- ၂၀၀၀) ကီလိုဂရမ် ထွက်နိုင်သည်။

Source - မြန်မာ-နယူးဇီလန် ကောင်းမွန်သော နို့စားနွား မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်