ဇီဝကမ္မ ဖြစ်စဉ်ချို့တဲ့မှုကြောင့် ဖြစ်ပွားတတ်သော ရောဂါလက္ခဏာများ

27/06/2018 09:43 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

နို့စားနွားခြံများတွင် ဇီဝကမ္မဖြစ်စဉ်ချို့တဲ့မှုကြောင့် (အာဟာရနှင့်ဆိုင်သော) အဖြစ်များသော Milk Fever, Ketosis စသည့် အကြောင်းအရာများဖြစ်ပွားလျှင် အစားအစာကျွေးမွေးသောမှတ်တမ်းနှင့် အစားအစာ၏ အရည်အသွေးများကို စစ်ဆေးခြင်း ပြုလုပ်ရန် လိုအပ်ပါသည်

ကူးစက်ရောဂါများထိန်းချုပ်ခြင်း

ကူးစက်ရောဂါများထိန်းချုပ်ရာတွင် ကာကွယ်ဆေးထိုးထားခြင်းသည် ကုသခြင်း ထက်ပိုမိုကောင်းမွန်သည်။ ကူးစက်ရောဂါဖြစ်ပွားလျှင် သက်ဆိုင်ရာဆရာဝန်များ ထံသို့ အကြောင်းကြား၍ ရောဂါထိန်းချုပ်ခြင်းများကို ပူးပေါင်းဆောင်ရွက်ရမည်။ ရောဂါအခြေနေပေါ်မူတည်၍ တစ်နေရာမှ တစ်နေရာ ရွှေ့ပြောင်းမှုများထိန်းချုပ်ခြင်း၊ ခွဲခြားထားခြင်း၊ စမ်းသပ်ခြင်းများပြုလုပ်၍ ကာကွယ်ထိန်းချုပ်ရန်လိုအပ်ပါသည်။ တိရစ္ဆာန်မှလူသို့ ကူးစက်သောရောဂါများကို ကာကွယ်ထိန်းချုပ်ရန်သည်လည်း အဓိကကျပါသည်။ ခြံလုပ်သားများကို စနစ်တကျပညာပေးခြင်းများပြုလုပ်ရန် လိုအပ်ပါသည်။

.မြန်မာ-နယူးဇီလန် ကောင်းမွန်သော နွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်