စားမြုံပြန်သတ္တဝါမွေးမြူရေးတွင် Fermented Total Mixed Ration ကျွေးမွေးခြင်းနှင့် ပတ်သတ်သည့် အလုပ်ရုံ ဆွေးနွေးပွဲများကို ရန်ကုန်နှင့်မန္တလေးမြို့များတွင် ကျင်းပသွားမည်။

07/05/2019 17:01 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စားမြုံပြန်သတ္တဝါမွေးမြူရေးတွင် Fermented Total Mixed Ration ကျွေးမွေးခြင်းနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် ထိုင်းနိုင်ငံမွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန (Department of livestock Development)၊ ထိုင်းနိုင်ငံ တိရစ္ဆာန်အာဟာရဗေဒပညာရှင်များအဖွဲ့ (Thai Society of Animal Nutritionists – ThaiSAN)Thai – Danish Suan Madua Dairy Cooperative (SMD – COOp)၊ မြန်မာနိုင်ငံ နို့လုပ်ငန်းအသင်း (Myanmar Dairy Association – MDA) တို့နှင့် ပူးပေါင်းကာ စားမြုံပြန်သတ္တဝါမွေးမြူရေးတွင် Fermented Total Mixed Ration ကျွေးမွေးခြင်းနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲများကို မြန်မာနိုင်ငံအောက်ပိုင်းမှ မွေးမြူရေးသမားများအတွက် ရန်ကုန်မြို့တွင် မေ ၂၁ ရက်၌ လည်းကောင်း၊ မြန်မာနိုင်ငံအထက်ပိုင်းမှ မွေးမြူသူများအတွက် မန္တလေးမြို့တွင် မေ ၂၃ ရက်၌လည်းကောင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကျွဲ၊ နွား၊ သိုး၊ ဆိတ် အစရှိသည့် စားမြုံပြန်သတ္တဝါများ၊ မွေးမြူရာတွင် တိရစ္ဆာန်၏ အသက်အရွယ်နှင့် ထုတ်လုပ်မှုအလိုက် လိုအပ်သည့် အာဟာရဓာတ်များကို တွက်ချက်ကာ ယင်းလိုအပ်ချက်ကို ပြည့်မီစေမည့် အစာဖော်မြူလာကို တွက်ထုတ်ပြီး အစာနု၊ အစာကြမ်း၊ အစာအမယ်အားလုံးကို ရောမွှေကာ ထုတ်လုပ်သည့် အစာကို Total Mixed Ration ဟု ခေါ်ဆိုခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှ အသေးစား နွားမွေးမြူသူများအနေဖြင့် လွန်ခဲ့သည့် ငါးနှစ်မှစတင်ကာ Total Mixed Ration (TMR) ကို အသုံးပြုခဲ့ပြီး၊ မွေးမြူသူများအတွက် အကျိုးအမြတ်များစွာ ဖြစ်ထွန်းသည်ကို တွေ့ရှိခဲ့ရပြီးဖြစ်ကြောင်း၊ သို့ဖြစ်၍ ထိုင်းနိုင်ငံ၏ အတွေ့အကြုံကောင်းများအား မြန်မာ့မွေးမြူသူများက လေ့လာနိုင်ရေးအတွက် "FIMR Feeding to Enhance Dairy Productivity of Myanmar Smallholder Farms” အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ နို့စားနွားမွေးမြူရေး၊ နို့ထုတ်လုပ်ရေးအခြေအနေများနှင့် တိရစ္ဆာန်အစာ အရင်းအမြစ်များ၊ ထိုင်းနိုင်ငံ၏ နို့စားနွားမွေးမြူရေး၊ နို့ထုတ်လုပ်ရေး အခြေအနေများ၊ တိရစ္ဆာန်အစာအရင်းအမြစ်များနှင့် နို့စားနွားမွေးမြူရေးတွင် ပြောင်းလဲတိုးတက်လာသမည့် အစာကျွေးမွေးမှုစနစ်များ၊ TMR နှင့် FTMR ကျွေးမွေးခြင်းဖြင့် နို့ထုတ်လုပ်မှုနှင့် အရည်အသွေးမြင့်တင်ခြင်း၊ TMR ကျွေးမွေးခြင်းဖြင့် မွေးမြူရေးခြံ၏ စီးပွားရေး အကျိုးအမြတ်အပေါ်သက်ရောက်မှုများနှင့် နို့စားနွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မွေးမြူသူများ အစုအဖွဲ့ ဖွဲ့စည်းလုပ်ကိုင်ခြင်း၏ အရေးပါပုံ၊ ထိုင်းနိုင်ငံ နို့စားနွာမွေးမြူရေး၊ နို့ထုတ်လုပ်ရေးအခြေအနေများ၊ တိရစ္ဆာန်အစာ အရင်းအမြစ်များနှင့် နို့စားနွား မွေးမြူရေးတွင် ပြောင်းလဲတိုးတက်လာသည့် အစာကျွေးမွေးမှုစနစ်များ၊ TMR နှင့် FTMR ကျွေးမွေးခြင်းဖြင့် မွေးမြူရေးခြံ၏ စီးပွားရေးအကျိုးအမြတ်အပေါ်သက်ရောက်မှုများနှင့် နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မွေးမြူသူများ အစုအဖွဲ့ဖွဲ့စည်းလုပ်ကိုင်ခြင်း၏ အရပါပုံ ထိုင်းနိုင်ငံ နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုအစာကြမ်း (Forage) စိုက်ပျိုးထုတ်လုပ်ရေး၏ အရေးပါပုံနှင့် တိုးတက်ပြောင်းလဲမှု များကို ဆွေးနွေးဟောပြောသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲချုပ်မှ သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများသို့ မွေးမြူသူများ (အထူးသဖြင့် နို့စားနွား၊ အသားစား၊ နွား၊ ကျွဲ၊ သိုး၊ ဆိတ် မွေးမြူသူများ) တိရစ္ဆာန်အာဟာရဗေဒ စိတ်ဝင်စားသူများ၊ မွေးမြူရေးပညာရှင်များ၊ တိရစ္ဆာန်ဆေးကုဆရာဝန်များ အခမဲ့ တက်ရောက်ဆွေးနွေးမည်ဖြစ်ကာ တက်ရောက်လိုသူများအနေဖြင့် မေ ၁၀ ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဖုန်း ၀၁၃-၆၄၄၀၄၁၊ ၀၁၃-၆၄၄၈၄၃၊ ၀၉-၄၂၁၀၀၆၂၃၉ သို့ ရုံးချိန်အတွင်း စာရင်းပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။

ငြိမ်းငြိမ်း

မြန်မာ့အလင်းသတင်းစာ

 

 

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်