နိုက်ထရိုဂျင်နဲ့ ကွန်ပေါင်းမြေဆီတွေ တိုးမြှင့်တင်ပို့ခွင့်ပြုမယ်လို့ ရုရှားထုတ်ပြန်

01/04/2022 15:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ရုရှားနိုင်ငံအနေနဲ့ နိုက်ထရိုဂျင်ဓာတ်မြေသြဇာနဲ့ ကွန်ပေါင်းဓာတ်မြေသြဇာတွေ တင်ပို့ခွင့်ပမာဏကို မြှင့်တင်ပေးဖို့ စီစဉ်နေကြောင်း ရုရှားစီးပွားရေးဝန်ကြီးဌာနက ကြာသပတေးနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြလိုက်ပါတယ်။

ရုရှားနိုင်ငံဟာ အပင်မြေဆီအာဟာရအတွက် အရေးကြီးတဲ့ ပိုတက်ရှ်၊ ဖော့စဖိတ်နဲ့ နိုက်ထရိုဂျင်တို့ ပါဝင်တဲ့ ဓာတ်မြေသြဇာ အဓိကထုတ်လုပ်တဲ့ နိုင်ငံကြီးဖြစ်ပါတယ်။ နှစ်စဉ် ကမ္ဘာ့ထုတ်လုပ်မှု ၁၃ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ဓာတ်မြေသြဇာ တန်ချိန် သန်း ၅၀ ကျော် ထုတ်လုပ်နေပြီး အာရှနဲ့ လက်တင်အမေရိကဒေသတွေကို တင်ပို့လျက်ရှိပါတယ်။

မော်စကိုအစိုးရဟာ ယမန်နှစ် နိုဝင်ဘာလတုန်းက နိုက်ထရိုဂျင်ဓာတ်မြေသြဇာနဲ့ နိုက်ထရိုဂျင်ပါတဲ့ ကွန်ပေါင်းဓာတ်မြေသြဇာတွေ တင်ပို့မှုကို ဒီဇင်ဘာ ၁ ရက်ကနေ မေလ ၃၁ ရက်အထိ ကန့်သတ်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သဘာဝဓာတ်ငွေ့ဈေး မြင့်မားနေချိန်မှာ စားသောက်ကုန်ဈေးနှုန်းတွေ ထပ်တက်လာတာမျိုး မဖြစ်ရအောင် ဓာတ်မြေသြဇာတင်ပို့မှုကို ကန့်သတ်ခဲ့တာလို့ သိရပါတယ်။

ယခုတော့ ဓာတ်မြေသြဇာတင်ပို့ခွင့်ကိုတာကို နိုက်ထရိုဂျင်အတွက် တန်ချိန် ၂၃၁၀၀၀၊ ကွန်ပေါင်းဓာတ်မြေသြဇာအတွက် တန်ချိန် ၄၆၆၀၀၀ တိုးမြှင့်ပေးသွားမှာ ဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိအစီအမံဟာ အဆိုပါထုတ်ကုန်များ တင်ပို့မှုကို မြှင့်တင်ပေးမှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ပြည်တွင်းတောင်သူလယ်သမားတွေအတွက် လုံလောက်တဲ့ မြေဆီကို ဖြည့်ဆည်းပေးနိုင်အောင် ဆောင်ရွက်မယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားပါတယ်။

ရုရှားဟာ ကမ္ဘာပေါ်မှာ ဂျုံတင်ပို့မှုအများဆုံး နိုင်ငံတွေထဲ ပါဝင်ပြီး ဈေးကွက်မှာ သူနဲ့ အဓိက ယှဉ်ပြိုင်နေရတာက ဥရောပသမဂ္ဂနဲ့ ယူကရိန်းတို့ ဖြစ်ပါတယ်။ ယခုအခါ မိုးလေဝသ အဆင်ပြေချိန် ရုရှားလယ်သမားတွေက ၂၀၂၂ ခုနှစ်အတွက် နွေဦးသီးနှံတွေကို စိုက်ပျိုးလျက်ရှိပါတယ်။

ယခင်က နိုက်ထရိုဂျင်ဓာတ်မြေသြဇာ တင်ပို့ခွင့်ပြုခဲ့တဲ့ပမာဏဟာ တန်ချိန် ၅ ဒသမ ၉ သန်း ဖြစ်ပြီး နိုက်ထရိုဂျင်ပါဝင်တဲ့ ကွန်ပေါင်းဓာတ်မြေသြဇာတွေ တင်ပို့ခွင့်ကတော့ တန်ချိန် ၅ ဒသမ ၃၅ သန်း ဖြစ်ပါတယ်။

ရုရှားနဲ့ ဘီလာရုစ်ဆီက ရောင်းအားတွေ ကျလာတာ၊ ကုန်စည်ရောင်းချမှုကွင်းဆက် ပြတ်တောက်တာ၊ တရုတ်ရဲ့ ပို့ကုန်ပိတ်ပင်မှုနဲ့ ကနေဒါ မီးရထားဝန်ထမ်းသပိတ်တို့ကြောင့် ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ကမ္ဘာ့ဓာတ်မြေသြဇာဈေးနှုန်းတွေဟာ စံချိန်သစ်နှုန်းတွေနဲ့အတူ အမြင့်ဆုံးထိ ရောက်ရှိနေတာဖြစ်ပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Russia to increase export quotas for nitrogen, complex fertilisers - Reuters

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်