ဖောလိတ်ကြွယ်ဝသောအစားအစာများနှင့် ချို့တဲ့ခြင်း၏ဆိုးကျိုးများ
ဖောလိတ်၊ ဖောလစ်အက်စစ် (ဗီတာမင် B 9)
မျိုးပွားနိုင်သောအရွယ်ရှိသည့် အမျိုးသမီးတိုင်းသည် ဖောလိတ် ၊ ဖောလစ်အက်စစ်သောက်သုံးရန် အရေးကြီးသည်။
ဖောလိတ်၏အသုံးဝင်ပုံ
- ဖောလိတ်သည် သန္ဓေသားဖွံ့ဖြိုးရန်၊ ကျန်းမာစွာ ကိုယ်ဝန်ဆောင်နိုင်ရန်နှင့် ကလေးအသက်ရှင်နှုန်း မြင့်မားရန် အရေးပါသည်။ အဆိုပါ ဗီတာမင်သည် ကိုယ်ဝန်ဆောင်ချိန်နှင့် နို့တိုက်ချိန်များတွင် လိုအပ်သော သွေးနီဥများ ပြုလုပ်ရန်အတွက်လည်း အသုံးပြုသည်။
- အထူးသဖြင့် ဖောလိတ်သည် ကိုယ်ဝန်ဆောင် ပထမ ၂၈ ရက်အတွင်း အစောပိုင်းကာလ သန္ဓေ ̈သား၏ ပင်မအာရုံကြောဖွံ့ဖြိုးစဉ်ကာလတွင် အရေးပါသည်။
ချို့တဲ့ခြင်း၏နောက်ဆက်တွဲ ဆိုးကျိုးများ
- ဖောလိတ်ချို့တဲ့မှုသည် အာရုံကြောမ ချို့ယွင်းမှုကို ဖြစ်စေနိုင်သည်။ ပင်မကျောရိုးမှာ ကောင်းစွာ ပြန်မပိတ်သဖြင့် ကျောရိုးအာရုံကြောနှစ်ခွဖြစ်ခြင်းများ ဖြစ်ပေါ်သည်။ အဆိုပါချို့ယွင်းမှုသည် အမျိုးသမီးများအနေဖြင့် မိမိကိုယ်မိမိ ကိုယ်ဝန်ရှိပြီဟု သတိမထားမိချိန် ကိုယ်ဝန်ဆောင်ကာလ ပထမ ၂၈ ရက်အတွင်းတွင် ဖြစ်လေ့ ရှိသည်။
- ထို့အတူ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါရသကဲ့သို့ သွေးအားနည်းရောဂါ ဖြစ်ပေါ်ပေမည်။ ထိုသို့ သွေးအားနည်းခြင်းကြောင့် ပင်ပန်းခြင်း၊ အားနည်းခြင်း မောပန်းလွယ်ခြင်းနှင့် အာရုံစူးစိုက်မှု မပြုနိုင်ခြင်းများ ဖြစ်ပေါ်ပေမည်။
ချို့တဲ့ခြင်းမှ ရှောင်ကြဉ်ရန်
အာရုံကြောမချို့ယွင်းမှုသည် အမျိုးသမီးများအနေဖြင့် မိမိကိုယ်မိမိ ကိုယ်ဝန်ရှိပြီဟု သတိမထားမိချိန် ကိုယ်ဝန်ဆောင်ကာလအတွင်းတွင် ဖြစ်လေ့ရှိသဖြင့် ကလေးမွေးဖွားနိုင်သည့် အမျိုးသမီးများအားလုံးသည် ဖောလိတ်ကြွယ်ဝသော အစားအစာများ နေ့စဉ်စားသုံးရန် လိုအပ်သည်။
• ဖောလိတ်ကြွယ်ဝသည့် အကောင်းဆုံးအရင်းမြစ်မှာ အစားအသောက်များဖြစ်သော်လည်း ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များသည် ၎င်းတို့၏ သန္ဓေသားများ ကောင်းစွာဖွံ့ဖြိုး ကြီးထွားစေရန်အတွက် ဖောလစ်အက်ဆစ်အားဆေးကို နေ့စဉ်သောက်သုံးသင့်သည်။ တစ်နည်းဆိုသော် ကလေးမွေးဖွားနိုင်သော အမျိုးသမီးအရွယ်များသည် ကိုယ်ဝန်ရနိုင်ခြေရှိသည်နှင့် တစ်ပြိုင်နက် ဖောလစ်အက်ဆစ်ကို ကြိုတင်သောက်သုံးခြင်းသည် ကောင်းမွန်သော အကြံဖြစ်သည်။
ဖောလိတ်ကြွယ်ဝသော အစာများ

- ကြယ် ၄ ပွင့် အစာအုပ်စုတွင် ပါဝင်သော မုန်ညင်း၊ ပန်းကော်ဖီစိမ်း၊ ဘရိုကိုလီခေါ် ပန်းပွင့်စိမ်းနှင့် အခြားအစိမ်းရင့်ရောင်ရှိ အသီးအရွက်များ။
- ဖောလိတ်ကြွယ်ဝသော အခြားအစားအစာများမှာ အသည်းများ အထူးသဖြင့် ကြက်အသည်း၊ ပဲအမျိုးမျိုးနှင့် အစေ့အဆံများ။
ကြယ်ပွင့်အစားအစာများအကြောင်းသိလိုပါက အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ စားပေးသင့်သည့် ကြယ်လေးပွင့်အစားအစာများ (၁)
ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ စားပေးသင့်သည့် ကြယ်လေးပွင့်အစားအစာများ (၂)
#LEARN Program မှ ထုတ်ဝေထားသည့် ‘စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်း ကျောင်းဖွံ့ဖြိုးရေး ကွင်းဆင်းလုပ်သားများအတွက် သင်တန်းပံ့ပိုးသူလက်စွဲလမ်းညွှန်’ စာအုပ်မှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
နွားမျက်စိတဘက်ဝယ်လာထဲကမျက်ရည်ကျနေ10ရက်ကျော်ပြီးကြည့်ကြည့်တာတော့ဘာမှထိခိုက်ဒဏ်မတွေ့ရဘာလုပ်သင့်လဲဘာဖြစ်တာလဲရှင်းပြပြောပြပေးပါဗျ
zin Phyo naung • ဖြေကြားချက် 1 ခု
ပြောင်းခင်း ငမြောင်တောင်ကျနေတာဘာဆေးဖျန်းရမလဲ
cherry lay • ဖြေကြားချက် 1 ခု
ကရင်မစပါး ဘက်တီးရီးယားရွက်ခြောက်ဆေးဖျန်းပီးဘီဗျ စပါးပင်နားတာလား မသိလို့ဗျ ဖြေပေးပါအုံးဗျ
naymyoaung • ဖြေကြားချက် 1 ခု
မတ်ပဲ မစိုက်ခင်မှာ ထရိုက်ကိုဒါးမား အရည်ဖြန်းရင် အကျိုးရှိနိုင် မရှိနိုင် သိချင်ပါတယ်
Thiha • ဖြေကြားချက် 3 ခု
မွှားပင့်ကူနီ ကိုဘာဆေးသုံးရမလဲ
ayeminhtet • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....