ဆိတ်စာတွင်လိုအပ်သော အာဟာရဓာတ်များနှင့် ဆိတ်စာအမျိုးအစားခွဲခြားခြင်း (၃)

07/03/2023 17:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

၁။ ဒေသထွက်ဆိတ်စာနုများ

(က) ပြောင်းဖူးစေ့

ပြောင်းဖူးစေ့သည် အများဆုံးအသုံးပြုသော နှံစားသီးနှံဖြစ်သည်။ အစာကြေချက်လွယ်သော အာဟာရပါဝင်မှု မြင့်မားသည်။ အမျှင်ဓာတ်ပါဝင်မှုနည်းပြီး အဆီဓာတ်ပါဝင်မှု၌ အခြားနှံစား သီးနှံ များထက်(အုတ်စပါးမှ လွဲ၍)များသည်။ ပရိုတင်းပါဝင်မှု(၈%) မှ (၉%)ရှိသည်။

ဗီတာမင်အေနှင့် အကြိုဗီတာမင်အေ အဝါရောင်အစက်အပြောက်များ ပါဝင်သည်။ ဆိတ်အပါအဝင် တိရစ္ဆာန်အစာအတွက် အသင့်တော်ဆုံးဟုယူဆရသော်လည်း ပရိုတင်းနှင့် သတ္တုဓာတ်ပါဝင်နှုန်း နည်းနေသောကြောင့် အခြားတိရစ္ဆာန်အစာများနှင့်ရော၍ ပြုပြင်ကျွေးမွေးအသုံးပြုရန် လိုအပ်သည်။ 

(ခ) ပြောင်းဖူးဖွဲ 

ပြောင်းဖူးကို ကြိတ်ခွဲခြင်းမှ ထွက်ပေါ်ရရှိသောပစ္စည်းဖြစ်၍ ပြောင်း၊ ဆန်ကွဲနှင့် ပြောင်းစေ့ခွံများ ပါ ဝင်သည်။ ပရိုတင်းပါဝင်နှုန်း (၈-၉ %) ရှိသည်။

(ဂ) ဆန်ဖွဲ

စပါးကြိတ်ခွဲရာမှ ရရှိသောဆန်ဖွဲသည် အဆင့်အတန်းအမျိုးမျိုးရှိသည်။ အကောင်းဆုံးသောဖွဲနုတွင် အဆီဓာတ် လုံလုံလောက်လောက် ပါဝင်သည်။ ပရိုတင်းဓာတ်(၁၁ %) အထိ ပါဝင်သည်။

(ဃ) နှံစားပြောင်း

အဆီဓာတ်ပါဝင်မှုနည်းပါးခြင်းမှလွဲ၍ ပြောင်းဖူးနှင့် အာဟာရတန်ဖိုးချင်း ဆင်တူပါသည်။ ပရိုတင်း ပါဝင်မှု (၅-၉%)အထိ ရှိသည်။ ပြောင်းဖူးစေ့ထက် စျေးနည်းသောကြောင့် ပြောင်းဖူးစေ့အစား အသုံးပြုရန် ကောင်းမွန်သောတိရစ္ဆာန်အစာဖြစ်ပါသည်။

(င) အုန်းဆီဖတ်

အုန်းသီးအဆံမှ အုန်းဆီထုတ်ပြီးကျန်ခဲ့သော အုန်းဆံအဖတ်ဖြစ်သည်။ ကာဘိုဟိုက်ဒြိတ် အလုံ အလောက်ပါဝင်ပြီး ပရိုတင်းပါဝင်မှုမှာ (၂၁%)ဖြစ်သည်။

(စ) ပဲပုပ်ဆီဖတ်

ပဲပုပ်မှဆီထုတ်ပြီး ကျန်ခဲ့သောပစ္စည်းဖြစ်သည်။ ပရိုတင်းဓာတ်ပါဝင်မှု(၄၄%)ထိ ရှိပြီး အပူစွမ်းအင် များစွာကိုလည်း ထုတ်ပေးသည်။

(ဆ) နှမ်းဖတ်/ပဲဖတ်

နှမ်း(သို့မဟုတ်)မြေပဲကို ဆီကြိတ်ခြင်းမှ ထွက်ပေါ်ရရှိသော ထွက်ကုန်ပစ္စည်းဖြစ်သည်။ ပရိုတင်း ပါဝင်မှု (၂၄%) ရှိ၍ ပဲပုပ်ဆီဖတ်အစား အသုံးပြုနိုင်သည်။

(ဇ) တင်လဲရည်

သကြားထုတ်လုပ်ရာ၌ အပိုပစ္စည်းအဖြစ် အမဲရောင်ပျစ်ချွဲသောအရည်အဖြစ် ထုတ်လုပ်ရောင်းချလေ့ ရှိကြသည်။ ၄င်းသည် စင်စစ်အားဖြင့် ကာဘိုဟိုက်ဒြိတ်ဖြစ်၍ ပရိုတင်းပါဝင်မှုမှာ (၃%)သာ ဖြစ်သည်။

ဆိတ်အတွက်စပ်စာများ

ဆိတ်အသက်ရှင်စဉ်ကာလအတွင်း တိရစ္ဆာန်ကိုယ်ခန္ဓာ သာမန်အခြေအနေအား ထိန်းသိမ်းရန် လည်းကောင်း၊ ကိုယ်ခန္ဓာကြီးထွားခြင်း၊ နို့ထုတ်လုပ်ခြင်းများအတွက်လည်းကောင်း၊ ခန္ဓာကိုယ်မှ စွမ်းအင်၊ အသားဓာတ်၊ ရေ၊ ဗီတာမင်နှင့်သတ္တုဓာတ်များကို အသုံးချရပါသည်။

အာဟာရဗေဒနည်းအရ ပြောဆိုသော် ခန္ဓာကိုယ်တည်တံ့မှုနှင့် ထုတ်လုပ်မှုများအတွက် ကြေပျက် နိုင်သော အသားဓာတ်နှင့် ကြေပျက်နိုင်သောအာဟာရများ(ကြေပျက်နိုင်သောစွမ်းအင်)များကို အသုံးပြုရပါသည်။ ၄င်းအာဟာရများကို တိရစ္ဆာန်၏အစားအစာများမှ ရရှိပါသည်။ တိရစ္ဆာန်အစား အစာများကို တိရစ္ဆာန်စားသုံးရန်အတွက်လိုအပ်သောအာဟာရနှင့်အညီ အချိုးကျပေါင်းစပ်ထားသော အစာကို စပ်စာဟုခေါ်ပါသည်။

စပ်စာအတွက်..

  • (၁)အစာများကို ဒေသအတွင်း အလွယ်တကူရှာဖွေစုဆောင်းနိုင်ခြင်း၊
  • (၂)စျေးနှုန်းချိုသာခြင်း၊
  • (၃)အရသာရှိခြင်း၊
  • (၄)အရည်အသွေးကောင်းခြင်းနှင့်
  • (၅)စီးပွားရေးတွက်ခြေကိုက်ခြင်း စသော အရည်အသွေးများ ပါဝင်ရပါမည်။

အရသာရှိ၍ အရည်အသွေးကောင်းပြီး စီးပွားရေးတွက်ခြေကိုက်သော စပ်စာများ ဖော်ထုတ်နိုင်ရန် အတွက် အစာများအကြောင်းနှင့် အစာများတွင်ပါဝင်သော အာဟာရများအကြောင်း အကြမ်းဖျင်း သိရှိရန် လိုအပ်ပါသည်။

(အပိုင်း-၄ တွင် စပ်စာပြုလုပ်နည်းများကို ဖော်ပြပေးပါမည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်