စူပါတိုင်ဖွန်းမုန်တိုင်း HINNAMNOR အရှိန်နှင့်အတူ တစ်နိုင်ငံလုံး မိုးပြန်များလာနိုင်
ဂျပန်နိုင်ငံတောင်ဘက် ပင်လယ်ပြင်မှာ ဖြစ်နေတဲ့ စူပါတိုင်ဖွန်းမုန်တိုင်း HINNAMNOR အရှိန်ကြောင့် စက်တင်ဘာ ၅ ရက်နောက်ပိုင်းမှာ တစ်နိုင်ငံလုံး မိုးပြန်များလာနိုင်တဲ့ အခြေနေတွေ ရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်ခန့်မှန်းသူ ဦးဝင်းနိုင်က ခန့်မှန်းပြောကြားပါတယ်။
ဒီနေ့ ဩဂုတ် ၃၁ ရက် မွန်းလွဲ ၂ နာရီမှာ နောက်ဆုံးရတဲ့ ECMWF MODEL ကြိုတင်ခန့်မှန်းချက်အရ စူပါတိုင်ဖွန်းမုန်တိုင်းဟာ ဂျပန်နိုင်ငံ ကျုရှုးကျွန်းနဲ့ ကိုရီးယားကျွန်းဆွယ်ကြားမှ ဖြတ်သန်းပြီး အရှေ့-အရှေ့မြောက်ဘက်ဆက်လက်ရွေ့လျားကာ ရုရှားကမ်းခြေကိုဦးတည်မယ်လို့ တွေ့ရပြီး မုန်တိုင်းညာဘက်ခြမ်းမှာရှိနေမဲ့ ဂျပန်နိုင်ငံရဲ့ ကျွန်းကြီး ၄ ခုစလုံးမှာတော့ မုန်တိုင်းဒဏ်ကို သိသိသာသာခံရနိုင်ဖွယ်ရှိတယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
အဲ့ဒီ စူပါတိုင်ဖွန်းမုန်တိုင်း HINNAMNOR(12W) ဂျပန်နဲ့ ကိုရီးယားကျွန်းဆွယ်ကြားက ဖြတ်သန်းနေချိန်မှာ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တွေမှာ အနောက်တောင်မုတ်သုံလေ အားပြန်ကောင်းလာပြီး တောင်ပိုင်း မွန်/တနင်္သာရီဒေသတွေမှာ မိုးပြန်များလာနိုင်မယ်လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

“ မုန်တိုင်းက ကျူရှူးကျွန်းကို ၆ ရက်နေ့လောက်ဆို ဝင်ပြီးသွားလောက်ပြီ။ အဲ့ဒီအချိန်မှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွေမှာ မုတ်သုံလေအားက တော်တော်ကို ပြန်ကောင်းလာမှာ။ အဲ့ဒီအရှိန်နဲ့ တောင်ပိုင်းဒေသတွေအကုန်လုံးက မိုးကောင်းကောင်း ပြန်ရလိမ့်မယ်”
အဲ့ဒီအချိန်ကျရင် တစ်ချိန်တည်းမှာဘဲ ဘင်္ဂလားပင်လယ်အော်၊ တောင်တရုတ်ပင်လယ်နဲ့ ဗီယက်နန်ကမ်းလွန်ပင်လယ်ပြင်တွေမှာ ဖြစ်လာနိုင်တဲ့ အထက်လေဝဲစီးကြောင်း(လေပွေလှိုင်းများ)ကြောင့် မြန်မာတစ်နိုင်ငံလုံးမှာ မိုးပြန်ရွာလာနိုင်ပြီး ဒေသအလိုက် မိုးများတာတွေ ပြန်ဖြစ်နိုင်ဦးမယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

“ မုန်တိုင်းကအားလည်းကောင်းတယ်၊ လက်ဝဲရစ်လေစီးကြောင်းကြီးလည်း အားကောင်းတယ်။ ဆိုတော့ တောင်တရုတ်ပင်လယ်မှာလည်း လေထုမငြိမ်မသက်က တောက်လျှောက် ဖြစ်မှာ။ ဘင်္ဂလားပင်လယ်အော်ကော၊ ကပ္ပလီပင်လယ်ပြင်ကော ဖြစ်မှာ။ နောက်ပြီး ဗီယက်နမ်ကမ်းလွန်မှာလည်း UACC (အထက်လေဝဲစီးကြောင်း) တစ်လုံး ဖြစ်ဖို့ရှိတယ်ပေါ့။ အဲ့တော့ ပုံမှန်က အနောက်တောင် မုတ်သုံလေစီးကြောင်းက တနင်္သာရီတောင်ပိုင်းကို ဝင်တယ်။ တောင်တရုတ်ပင်လယ်ကိုရောက်သွားတဲ့ လက်ဝဲရစ်ပတ်တဲ့ လေစီးကြောင်းကျတော့ ထိုင်း၊ လာအိုကို ဖြတ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းကို အရှေ့လေစီးကြောင်းအနေနဲ့ ဖြတ်ဝင်မယ်”
အဲ့ဒါတွေရဲ့အခြေအနေကြောင့် စက်တင်ဘာ ၅ ရက်ကနေ ၁၀ ရက်အတွင်းဆို တစ်နိုင်ငံလုံးအနှံ့မိုးရွာနိုင်ပြီး အဲ့ဒီမတိုင်ခင် စက်တင်ဘာ ၃ ရက်ကနေ ၅ ရက်အတွင်းမှာလည်း အလယ်ပိုင်းဒေသအချို့အပါအဝင် ဒေသအချို့မှာ မိုးရွာသွန်းမှုတချို့ ရှိနေနိုင်တယ်လို့ သိရပါတယ်။ အဲ့ဒီရက်တွေအတွင်း ကချင်ပြည်နယ် မန္တလေးတိုင်းအထက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းတွေမှာက မိုးများနေနိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။
Photos Crd_ U Win Naing
✅ (မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Ko Myint
လွန်ခဲ့သော ၄ နှစ် ကဧရာဝတီ တိုင်အိမ်မဲမြို့နယ်ဘက်ကမိုလေဝသသတင်ပေပါလား
စုံတောမြိုင်
လွန်ခဲ့သော ၄ နှစ် ကကျနော်တို့ရာဘာစိုက် ပျိုးထားကြသူတွေက မိုးအခြေအနေကိုကြည့်ရပါတယ်အစေးလှီးရ မည့်ရက်ကိုနေသာမိုး သာနေမှဖြစ်မှာဆိုတော့ဝသန်ခန့်မှန်း ချက်တွေကိုအမြဲကြည့် ရှု့နေကြပါတယ်။
မြတ်မင်း
လွန်ခဲ့သော ၄ နှစ် ကမနက်ဖန်မုန်းတိုင်းအခြေနေဘယ့လိုရှိပါသလဲခဗျ
နေထိုက်လင်း
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးတင်ပါတယ်
Rock
လွန်ခဲ့သော ၄ နှစ် ကမိုးလေးအခြေနေ
ဆက်စပ်ဆောင်းပါးများ
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
ထရိုင်ခိုဒါးမား ဘယ်တံဆိပ် ကကောင်းလဲ ဆရာသမားတို့။
ဦးမျိုး • ဖြေကြားချက် 0 ခု
ငြုပ်ပင်အရွက်ထွတ်နေလို့ ဘာဆေးသုံးရင်ကောင်းမလည်းဗျ ပုလဲကျွေးထားတာ ၁ပတ်လောက်ရှိပြီ ပုလဲပက်ပြီးမှအရွက်ကပိုထွတ်လာလို့ ဘာဆေးသုံးရမလည်းပြောပြပေးပါလားဗျ အသီးပွင်အားအေးရောတခါတည်းညွှန်းပေးပါလားဗျ
ဖိုးလပြည့် • ဖြေကြားချက် 5 ခု
အရင်ရက်က ဝတ်မှုန်ကူးထားတဲ့ အသီးတွေ မတက်ဘူး ပုတ်ကုန်လို့ ဘယ်လိုလုပ်ရမလဲ ဆရာတို့ ခင်ဗျာ။
မောင်ပေါက်ကြီး • ဖြေကြားချက် 2 ခု
ဆရာခင်ဗျ ခရမ်းချဥ်ခင်းအတွက်ပါ ခရမ်းချဥ်ကတော့အသီးကတော့ အဆုတ်လိုက်တွေ သီးတာဗျ ဒါပေမဲ့ အပင်တက်ကျ နှေးနေလားလို့ဆရာ ဒီကြားထဲ ဆျာ ပီဖိုလန်ကို ရပ်ခိုင်းပီး ထွက်တိုးသုံးခိုင်းတာ နှစ်ကတ်တော့ဖျန်းပီးပီ နည်းနည်းတော့တက်လာတယ်ဆရာ အခုပထမပုံထဲက ရှယ်ပီကေ ကိုလဲ ဆျာပြောတဲ့ ပိုတက် အချိုးများလို့ အဲ့ဆေးလဲ ဖျန်းချင်တယ် အပင်ထိုင်သွားမှာလဲစိုးရတယ် အတာကို ဘယ်လိုဖျန်းသင့်လဲဆရာ ပီးတော့လေ ဝိစာရက ကပ်စီပလပ်နဲ့ မင်းမဟော်က မင်းသားက အာနိတင်တူလားဆရာ အဲ့ကယ်စီယမ်ပါတဲ့ဆေးတွေက ဘယ်နှစ်ရက်ကို ဘယ်နှစ်ကြိမ်လောက် ဖျန်းသင့်လဲဆရာ ကျွန်တော်ကတော့ ဘိုရွန်ပါတဲ့ ကပ်စီပလပ်ကိုကြိုက်မိနေလို့ ဆျာ အခုညနေက ဂရမ်း မှိုဆေးနဲ့ မင်းသား အားဆေးနှစ်မျိုးဖျန်းမှာပါဆရာ အတာပီးရင် ရှယ်ပီကေဝင်ချင်တာ အပင်ထိုင်သွားမှာစိုးလို့မဝင်ရဲဘူး အတာဆျာဘာဆေးတွေဝင်ရမလဲ အကြံပေးပါနော်ဆျာ မင်းသားနဲ့ ကယ်ီပလပ် ဘယ်ဟာနဲ့ရောတွဲရမလဲ နော်
U Yan • ဖြေကြားချက် 2 ခု
ဆရာကြီး ဆေးရွက်ကြီးသဘာဝပိုးသတ်ဆေးလုပ်နည်းမျှဝေပေးပါဆရာ။ ဆေးနှုန်းထားလေးလဲမျှဝေပေးပါဆရာ အပင်လောင်မှာကိုဆိုးရိမ်ရပါသလားဆရာ မျှဝေပေးပါအုန်း
U Than Toe Aung • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....