အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ခေါင်းကိုက်နေရင် ဒါလေးတွေစားကြည့်ပါ။

ခေါင်းကိုက်နေရင် ဒါလေးတွေစားကြည့်ပါ။

Green Way
Green Way Greenovator 29/07/2020

     ဘယ်လောက်ပဲ တက်တက်ကြွကြွ ဖြစ်နေပါစေ၊ ခေါင်းကိုက်လာပြီဆိုရင်တော့ ခန္ဓာကိုယ်မှာရှိတဲ့ အားအင်တွေကုန်ခမ်းသွားသလိုပါပဲ။ ခေါင်းကိုက်ပျောက်ဆေး သောက်လိုက်ရင်သက်သာသလိုရှိပေမယ့် ခဏခဏဖြစ်နေတတ်ရင်တော့ သဘာဝနည်းလမ်းဟာ အကောင်းဆုံးပါ။ ဆေးသောက်မယ့်အစား ဒီအစားအစာတွေ ပြောင်းစားကြည့်ပါ။

၁။ ဖုတ်ထားသောအာလူး။

     အာလူးဖုတ်ဟာ ခေါင်းကိုက်ခြင်းကို ပြေစေပါတယ်။ အထူးသဖြင့် အရက်မူးခြင်းမှဖြစ်ပေါ်လာတဲ့ ခေါင်းကိုက်ခြင်းအတွက် သင့်တော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရက်သောက်ခြင်းဖြင့် ရေဓာတ်ခမ်းခြောက်စေရုံသာမကပဲ ပိုတက်စီယမ်ဓာတ်တွေ ဆုံးရှုံးစေပါတယ်။ ဒါကြောင့် ပိုတက်စီယမ်ကြွယ်ဝတဲ့ အာလူးကို စားပေးခြင်းဖြင့် အရက်မူးခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ခေါက်ကိုက်ခြင်းကို ပျောက်ကင်းစေပါတယ်။

၂။ ဖရဲသီး။

     ခေါင်းကိုက်ခြင်းရဲ့ အဓိကအကြေင်းအရင်းက ရေဓာတ်ခမ်းခြောက်လို့ပါပဲ။ ခေါင်းကိုက်တဲ့အခါ ဆေးသောက်နေမယ့်အစား ဖရဲသီးလိုမျိုး အရည်ရွှမ်းတဲ့ သစ်သီးဝလံတွေကို စားသုံးပေးပါ။ သစ်သီးဝလံတွေမှာပါဝင်တဲ့ သဘာဝရေဓာတ်ဟာ ခေါင်းကိုက်မှုကိုပျောက်ကင်းစေတဲ့ မက်ဂနီစီယမ်လို အရေးပါတဲ့ သတ္တုဓာတ်တွေ ကြွယ်ဝနေပါတယ်။ ဘယ်ရီသီး၊သခွားသီး၊ခရမ်းချဉ်သီး ၊ဆလပ်ရွက်တို့လည်း ပြောင်းစားပေးလို့ရပါတယ်။

၃။ ကော်ဖီ

     အရက်ဟာ သွေးကြောတွေကို ကျယ်ပြန့်စေတာကြောင့် ခေါင်းကိုက်စေပေမယ့် ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က သွေးကြောတွေကို ကျဉ်းစေတာကြောင့် ခေါင်းကိုက်ခြင်းကို ပြေလျော့စေပါတယ်။ ဒါပေမယ့် များများမသောက်ပါနဲ့။ ကော်ဖီမှာလည်း ရေဓာတ်ခမ်းခြောက်စေတဲ့ ဂုဏ်သတ္တိပါဝင်တာကြောင့် များများသောက်ရင် ပိုပြီးဆိုးရွားလာနိုင်ပါတယ်။ တစ်ခွက် နှစ်ခွက်ထပ် ပိုမသောက်ပါနဲ့။

၄။ ဗာဒံစေ့

     ဗာဒံစေ့မှာပါဝင်တဲ့ မက်ဂနီစီယမ်ဓာတ်ဟာ သွေးကြောတွေကို ပြေလျော့စေခြင်းအားဖြင့် ခေါင်းကိုက်ခြင်းမှ ကင်းဝေစေတဲ့အပြင် ခေါင်းတစ်ခြမ်းကိုက်ပြီး မအီမသာဖြစ်ခြင်းကိုလည်း ပျောက်ကင်းစေပါတယ်။ ဒါကြောင့် ဗာဒံစေ့အပြင် ငှက်ပျောသီး၊ ဗိုစားပဲ၊ထောပတ်သီး၊ သီဟိုဠ်စေ့ ပါ ပြောင်းလဲစားသုံးပေးလို့ ရပါတယ်။

၅။ ဒိန်ချဉ်

     ခေါင်းတွေလေးလံကိုက်ခဲနေတဲ့အခါ ခန္ဓာကိုယ်က ကယ်လ်စီယမ်ဓာတ်ကို အလိုရှိနေလို့ပါ။ ဦးနှောက်က ပုံမှန်လုပ်ဆောင်ပေးဖို့အတွက် ကယ်လ်စီယမ်ဓာတ်ကို မှီခိုရပါတယ်။ ဒါကြောင့် ခေါင်းကိုက်လာတဲ့အခါမှာ ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတဲ့ ဒိန်ချဉ်ကို သကြားမပါပဲစားပါ။

၆။ ဟင်းနုနွယ်ရွက်

     ဟင်းနုနွယ်ရွက်ဟာ သွေးဖိအားကို ကျဆင်းစေပြီး အရက်မူး၍ မအီမသာဖြစ်ခြင်းကို ကာကွယ်ပေးတဲ့အပြင် ခေါင်းကိုက်ခြင်းကိုလည်း ပျောက်ကင်းစေ ပါတယ်။ နောက်တစ်ခါ ခေါင်းကိုက်လာပြီဆိုရင် ဆေးတွေမေ့ထားပြီး ဖော်ပြထားတဲ့ သဘာဝအစားအစာတွေကို သတိရစားသုံးလိုက်ပါ။

MyFood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

 

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

စပါးခင်းမှာဖြစ်နေတာလေးတွေတွေ့လို့ပါ ဘာဖြစ်တာလဲဆိုတာပြောပြပေးပါဦး

တောသားလေး • ဖြေကြားချက် 1 ခု

ဘာရောဂါလဲ ဘာဆေးဖျန်းရမလဲ ရှေ့တစ်ပတ်က hexaconazole mancozeb carberdazin ဖျန်းထားတယ်ဗျ

nay • ဖြေကြားချက် 4 ခု

ကွမ်းကသိပ်အတက်မကောင်းလို့ဗျဘာတွေလိုနေတာလဲပြောပေးပါဦးဆရာတို့

တောသားလေး • ဖြေကြားချက် 2 ခု

မှော်ဘီ၂ဘယ်စျေးပေါက်လဲဗျ

thiha • ဖြေကြားချက် 2 ခု

ရွှေဘိုပေါ်ဆန်းသက်လတ်စပါးသက် 77ရက်ရှိပါပီ။ဒီလ 13/14 ရက်က ဆစ်ပိုးကာကွယ်ဖို့ Profenofos+Lambda cyhalothrin ဆေးတွဲကို ဖြန်းခဲ့ပါတယ် ဒါမဲ့ ခုဆစ်ပိုးက လောက်ကောင်အဆင့်ရောက်ပီး ပင်စည်တွင်းဝင်ရောက်‌ဖျက်စီးနေကြလို့ပါ။ Acetamiprid20%+Fipronil 20% ပါတဲ့ဆေးထပ်ဖြန်းမလို့ပါဗျ။ သင့်တော်လားဗျ။တစ်ပတ်စောင့်ပီးမှဖြန်းရမလားဗျ။ဖြန်းဆေး‌ဖြန်းပီး နဲ့ 3Gနဲ့ပိုတက် ရောပက်သုံးရင်ရော ပိုပီးအာနိသင်ထိနိုင်လားဗျ။

ko naing phyo wai • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။