သတိပြုသင့်သည့် ဟစ်တမင်းအဆိပ်ရှိ ငါးမျိုးစိတ်များ

10/11/2022 18:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ငါးကို အခြေခံအားဖြင့် ရေချိုငါးနှင့် ရေငန်ငါးဟူ၍ (၂)မျိုး ခွဲခြားထားပါသည်။ ရေချိုငါးတွင် ဟစ်တမင်းပါဝင်မှု နည်းသော်လည်း ရေငန်ငါးများတွင်မူ ဟစ်တမင်းများစွာ ပါရှိကြပါသည်။

ထို့ကြောင့် ရေငန်ငါးပြုပြင်ထုတ်လုပ်သူများနှင့် စားသုံးသူများအနေဖြင့် ဟစ်တမင်းအဆိပ်အကြောင်းကို သိရှိထားရန်လိုသဖြင့် ဤဆောင်းပါးတွင် ဖော်ပြပေးလိုက်ပါသည်။

ဟစ်တမင်းအဆိပ်သင့်ခြင်းဆိုသည်မှာ ဟစ်တမင်းဓာတ်နှင့် အခြားအေမင်းဓာတ်(Amine) ပမာဏမြင့်မားစွာပါဝင်သောအစားအစာများကို စားသုံးမှုကြောင့် အဆိပ်သင့်ခြင်းကို ဆိုလိုပါသည်။ 

ဟစ်တမင်းအဆိပ်ဖြစ်တတ်သော ငါးမျိုးစိတ်များ

  • ဟစ်တမင်းအဆိပ်ဖြစ်တတ်သော ငါးမျိုးစိတ်များမှာ ငါးမဲလုံး၊ ပလာတူး၊ ကဘီလူး၊ ငါးသလောက်၊ငါးကွမ်းရှပ်၊ ငါးနီတူနှင့် ငါးသေတ္တာငါးတို့ ဖြစ်ပါသည်။

ဟစ်တမင်းအဆိပ်သင့်မှု ဖြစ်ပေါ်သောနေရာ

  • ဟစ်တမင်းအဆိပ်သင့်မှုသည် စည်သွပ်ဗူး၊ ရေခဲရိုက်ငါး တို့တွင် ဖြစ်ပေါ်လေ့ရှိပါသည်။ အခြားသော အစားအစာများနှင့် ဒိန်ခဲတို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။ 

ဟစ်တမင်းအဆိပ်ဖြစ်စေသော အချက်များ

ငါးများတွင်ရှိသော ဘက်တီးရီးယားပိုးသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ရှားပေးသည့် အင်ဇိုင်းဓာတ်ကိုထုတ်ပေးပါသည်။ ၎င်းဓာတ်မှ ငါး၏အသားတွင်ပါရှိသော အမိုင်နိုအက်ဆစ်ကို ဇီဝရင်းမြစ်အေမင်း(Amine) အသွင် ပြောင်းလဲပေးလိုက်ပါသည်။

အဆိုပါဘက်တီးရီးယားပိုးများသည် ငါး၏အူလမ်းကြောင်းနှင့် ပါးဟက်တွင် အမြဲရှိနေပါသည်။ ငါးသေများကို ကိုင်တွယ်မှုနှင့် ထားသိုမှု ညံ့ဖျင်းခြင်းကြောင့် အခြားအပိုင်းများသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ဟစ်တမင်းအဆိပ်ကို ဖြစ်ပေါ်စေပါသည်။ 

ဟစ်တမင်းအဆိပ်သင့်ခြင်း ရောဂါလက္ခဏာများ

ဟစ်တမင်းအဆိပ်သင့်ခြင်း ကနဦးရောဂါလက္ခဏာများမှာ-

  • ပါးစပ်တွင် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း (သို့မဟုတ်) အာပူလောင်သကဲ့သို့ ခံစားရခြင်း၊
  • ကိုယ်အထက်ပိုင်းတွင် အင်ပျဉ်ထွက်ခြင်း၊
  • သွေးဖိအားကျဆင်းခြင်းတို့ ဖြစ်ပါသည်။

ခေါင်းကိုက်ခြင်းနှင့် ယားယံခြင်းများကိုလည်း မကြာခဏ ကြုံတွေ့ရနိုင်ပါသည်။

အထူးသဖြင့် သက်ကြီးရွယ်အိုများ (သို့မဟုတ်) ကိုယ်ခံအား ဆုတ်ယုတ်သူများတွင် တွေ့ရတတ်ပါသည်။

ဟစ်တမင်းအဆိပ်သင့်ခြင်း အချိန်ကာလ

ဟစ်တမင်းအဆိပ်သင့်ခြင်း အဆိပ်တက်မှုဖြစ်ပွားခြင်းသည် အလွန်မြန်ဆန်ပါသည်။ စားသုံးပြီးပြီးချင်းမှ မိနစ် ၃၀ အတွင်း ဖြစ်ပေါ်တတ်ပါသည်။ အဆိပ်သင့်လက္ခဏာခံစားရသော အချိန်အတိုင်းအတာမှာ ၃ နာရီခန့် ကြာလေ့ရှိပါသည်။ သို့ရာတွင် ရက်များစွာလည်း ကြာတတ်ပါသည်။

ဟစ်တမင်းအဆိပ်ပါဝင်မှုအား နိုင်ငံတကာသတ်မှတ်ချက်

ဟစ်တမင်းအတွက် အဆိပ်အတောက်ဖြစ်နိုင်သည့် ပါဝင်မှုပြင်းအားအနိမ့်ဆုံးတန်ဖိုးကို အတိအကျ မသိနိုင်ပါ။ ဟစ်တမင်းအဆိပ်သင့်မှုသည် ပြင်းအား(Concentration) 50 ppm အောက် ရှိလျှင်တောင် ဖြစ်ပေါ်နိုင်ပါသည်။

သို့ရာတွင် ဟစ်တမင်းအဆိပ်သင့်ခြင်း ဖြစ်ပွားမှုအများစုသည် အဆိပ်ပြင်းအား 200 ppm နှင့်အထက်ရှိသော ငါးများတွင်သာ ဖြစ်ပေါ်တတ်ပါသည်။ ထို့ကြောင့် ဥရောပသမဂ္ဂနိုင်ငံများသို့ ရေထွက်ပစ္စည်းများ တင်ပို့ရာတွင် ဟစ်တမင်းပါဝင်မှုအား 200 ppm မကျော်စေရန် သတ်မှတ်ထားပါသည်။

ဟစ်တမင်းအဆိပ်သင့်မှုကို ကုသခြင်း

ဟစ်တမင်းအဆိပ်သင့်မှုကို ကုသမှုအနေဖြင့် Antihistamine(ဥပမာ-ဘာမီတွန်)ဆေးများကို အသုံးပြုကြပါသည်။

အကြံပြုချက်

ဟစ်တမင်းအဆိပ်သည် ကျန်းမာရေးကို ထိခိုက်စေနိုင်၍ ရေငန်ငါးပြုပြင်ထုတ်လုပ်သူများအနေဖြင့်အရည်အသွေးစစ်ဆေးရေးများကို ပြုလုပ်သင့်ပါသည်။ ငါးများကို ကိုင်တွယ်ခြင်းနှင့် သိုလှောင်ခြင်းများပြုလုပ်ရာတွင် စနစ်တကျဆောင်ရွက်သင့်ပါသည်။

စားသုံးသူများအနေဖြင့်လည်း ဟစ်တမင်းအဆိပ် ဖြစ်တတ်သော ငါးမျိုးစိတ်များကို သိရှိထားရန်လိုပြီး “တန်ဆေး၊လွန်ဘေး”ဆိုသလို အလွန်အကျွံစားသုံးခြင်း မပြုဘဲ ချင့်ချိန်စားသုံးသင့်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

Ref: ငါးလုပ်ငန်းသင်တန်းကျောင်းမှ ပို့ချသောအချက်အလက်များ။

ရေးသားသူ- ပင်လယ်ပြာ(ငါးဦးစီး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်