အိမ်လုပ် သဘာဝပဲပြားစစ်စစ်

23/12/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

       ပဲပြားတွေကို ဈေးမှာ အလွယ်တကူဝယ်လို့တော့ရပေမယ့် ပဲပြားတစ်ခါမှ မလုပ်ဖူးဘူး၊ ကိုယ်တိုင်ကိုယ်ကျ မိမိအိမ်မှာ လုပ်ကြည့်ချင်တဲ့ အိမ်ရှင်မများအတွက် သဘာဝပဲပြားစစ်စစ် ရရှိဖို့အတွက် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ရပါမယ်။

ပါဝင်ပစ္စည်းများ

- ပဲပိစပ် ၆၀၀ ဂရမ်

- ရေ ၅ လီတာနှင့် ၂၅၀ မီလီလီတာ

- ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

      ၁။ ပဲပိစပ်ကို စင်ကြယ်အောင် ရေဆေးပြီးနောက် ရေထဲတွင် တစ်ညခန့်စိမ်ထားရပါမယ်။ မနက်မိုးလင်းမှ ရေ ၅ လီတာဖြင့် ဖျော်စက်ထဲထည့်ကာ ဖျော်ပေးလိုက်ပါ။

      တစ်ခါဖျော်လျှင် ပဲပိစပ် ၂၀၀ ဂရမ်၊ ရေ ၁ လီတာဖြင့် ဖျော်ပါ။ ကျန်ရှိတဲ့ရေကိုတော့ အရည်ညှစ်ဖို့ချန်ထားရပါမယ်။

      ၂။ ဒန်အိုးတစ်လုံး၊ ဆန်ခါနှင့် အဝတ်အစအသန့်တစ်ခုတို့ကို အဆင်သင့်ပြင်ထားပါ။ ဒန်အိုးပေါ်တွင် ဆန်ခါတင်ထားပါ။ ထို့နောက် အဝတ်စအသန့်တစ်ခု ခံထားပါ။

      ရရှိလာတဲ့ ပဲပိစပ်အရည်များကို ထိုအဝတ်စသန့်သန့်ထဲသို့ လောင်းထည့်ပါ။ အဝတ်စကို ပိတ်လှောင်ပြီးနောက် အရည်ညှစ်လိုက်ပါ။ တစ်ခါအရည်ညှစ်ပြီးသွားတဲ့အခါ ပဲအနှစ်များ ကျန်ခဲ့ပါလိမ့်မယ်။ စောစောက ကျန်ရှိနေသော ရေ ၃ လီတာကို ထိုပဲအနှစ်ပေါ်သို့ လောင်းချကာ ထပ်ညှစ်ပေးလိုက်ပါ။

      ၃။ နောက်ဆုံးမှာတော့ ဒန်အိုးထဲတွင် ပဲနို့များ ရရှိလာပါလိမ့်မယ်။ ထိုပဲနို့ကို ပွက်ပွက်ဆူလာအောင် အပူပေးလိုက်ပါ။ အပူရှိန်ကြောင့် အမြှုပ်ထလာသော ပူစီပေါင်းများကို ဇွန်းဖြင့် ခပ်ထုတ်လိုက်ပါ။ အိုးမတူးဖို့ရန်အတွက် မကြာခဏမွှေပေးဖို့လည်း လိုအပ်ပါတယ်။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ မီးပိတ်လိုက်ပါ။ ၂ မိနစ်၊ ၃ မိနစ်ခန့် အအေးခံလိုက်ပါ။ ဒါဆိုရင်တော့ အပူချိန်က ၈၀ ဒီဂရီစင်တီဂရိတ်၊ ၉၀ ဒီဂရီစင်တီဂရိတ်အထိ လျော့ကျသွားပါလိမ့်မယ်။

      ၄။ ပန်းကန်လုံးတစ်လုံးထဲတွင် ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၃ ဇွန်းကို ရေ ၂၅၀ မီလီလီတာဖြင့် ရောနှောလိုက်ပါ။ ထို့နောက် အလယ်အလတ်ဆိုဒ် ဇွန်းအသုံးပြုပြီး ထိုရှာလကာရည်ကို ပဲနို့ထဲတွင် တစ်ဇွန်းချင်းစီ ထည့်ကာ ဖြည်းဖြည်းချင်းစီ မွှေပေးပါ။ ထိုကဲ့သို့မွှေရာတွင် ဇွန်းကို အပေါ်ယံတွင် တင်ထားရုံသာတင်ထားပြီး ဖြည်းညှင်းစွာ မွှေပေးရမှာဖြစ်ပါတယ်။

ထိုအဆင့်ပြုလုပ်ရာတွင် စိတ်ရှည်ရှည်ထားပြီး မွှေပေးဖို့တော့လိုပါတယ်။

      ၅။ တဖြည်းဖြည်းနဲ့ ပဲနို့အရည်ကနေ အဖတ်အဖြစ်သို့ ပြောင်းသွားတာကို တွေ့ရပါလိမ့်မယ်။ ထိုအချိန်တွင် အဖုံးပါသောလေးထောင့်ပုံးနှင့် စောစောကအဝတ်စကို အသင့်ပြင်ထားပါ။ ထိုဘူးထဲသို့ အဝတ်စထည့်ထားပါ။

      ထို့နောက် ပဲနို့အနှစ်များကို ဆန်ခါဖြင့် ခပ်ယူပြီး ထိုဘူးထဲသို့ ပြောင်းထည့်လိုက်ပါ။

      ၆။ ထို့နောက် ပဲနှစ်များကို အဝတ်စဖြင့် လုံအောင် ပိတ်လှောင်ထားပြီးနောက် အရည်များထွက်သွားအောင် လက်ဖြင့် အသာအယာဖိချလိုက်ပါ။ ပြီးမှ ဘူးအဖုံးပိတ်ကာ ထပ်ဖိချလိုက်ပါ။ ဘူးအပေါ်မှ အလေးတုံးတစ်တုံး ထပ်တင်ထားပေးလိုက်ပါ။

      ၇။ ပဲပြားပျော့ပျော့လေး လိုချင်တယ်ဆိုရင်တော့ ၁၀ မိနစ်ခန့် ဖိထားရုံနဲ့ လုံလောက်ပါတယ်။ တင်းတင်းရင်းရင်းရှိတဲ့ ပဲပြားတုံးလေး လိုချင်တယ်ဆိုရင်တော့ တစ်နာရီခန့် စောင့်ဖို့လိုအပ်ပါတယ်။

      ၈။ သတ်မှတ်ချိန်ပြည့်သွားပါက ပဲပြားတုံးကို ရေအေးထဲတွင် အနည်းဆုံး မိနစ် ၃၀ ခန့် စိမ်ထားပေးရပါမယ်။ ဒါမှ ပဲပြားထဲက အချဉ်ဓာတ်နဲ့ အခါးဓာတ်များ ပျောက်သွားမှာဖြစ်ပါတယ်။

      ကဲ… ဒါဆိုရင်တော့ ဓာတုဆေးဝါးနဲ့ ကြာရှည်ခံပစ္စည်းများ လုံးဝမပါဝင်တဲ့ အိမ်တွင်းလုပ် သဘာဝပဲပြားစစ်စစ်လေး ရရှိသွားပါပြီ။

MyFood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်