ရေထုညစ်ညမ်းမှုကိုဘယ်လိုလျှော့ချမလဲ

18/01/2018 16:03 PM တွင် May Phyo Wai May Phyo Wai မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရေသည် ကမ္ဘာ့အရေးကြီးဆုံး အရင်းအမြစ် တစ်ခု ဖြစ်သည်နှင့်အညီ ကျွန်ှုပ်တို့ အားလုံးသည် မိမိတို့နှင့် သက်ဆိုင်သည့်နေရာမှနေ၍ ညစ်ညမ်းမှု ရပ်တန့်စေရန်ဆောင်ရွက်ရမည် ဖြစ်သည်။ ရိုးရှင်းလွယ်ကူစွာပင် မိမိ တို့အိမ်တွင် အသုံးပြုနေသော အဆိပ်အတောက် ဖြစ်စေသည့် ပစ္စည်းများအစား သဘာဝ သန့်ရှင်းသော အသုံး ဆောင်များဖြင့် အစားထိုး သုံးစွဲရမည် မိမိအိမ်တွင် သစ်ပင်ပန်းပင်များကို စိုက်ပျိုးရမည်ဖြစ်သည်။ ထိုထက်ပို၍ မိမိတို့ပါတ်ဝန်းကျင်ရှိ စမ်းချောင်းများ၊ မြစ်များ၊ ကမ်းခြေများအားအဆိပ်အတောက်ဖြစ်ညစ်ညမ်းစေသော စွန့်ထုတ်ပစ္စည်းများကိုထုတ်လုပ်နေသော စက်ရုံများနှင့်ဆွေးနွေးကာရေညစ်ညမ်းမှုကိုလျှော့ချနိုင်ရေးအတွက် ဆွေးနွေးရန်ဖြစ်သည်။ ဆောင်ရွက်မှုတိုင်းသည် ပြောင်းလဲမှုကိုဖြစ်စေမည်ဖြစ်သည်။ရေသည် ကမ္ဘာ့အရေးကြီးဆုံး အရင်းအမြစ် တစ်ခု ဖြစ်သည်နှင့်အညီ ကျွန်ှုပ်တို့ အားလုံးသည် မိမိတို့နှင့် သက်ဆိုင်သည့်နေရာမှနေ၍ ညစ်ညမ်းမှု ရပ်တန့်စေရန်ဆောင်ရွက်ရမည် ဖြစ်သည်။ ရိုးရှင်းလွယ်ကူစွာပင် မိမိ တို့အိမ်တွင် အသုံးပြုနေသော အဆိပ်အတောက် ဖြစ်စေသည့် ပစ္စည်းများအစား သဘာဝ သန့်ရှင်းသော အသုံး ဆောင်များဖြင့် အစားထိုး သုံးစွဲရမည် မိမိအိမ်တွင် သစ်ပင်ပန်းပင်များကို စိုက်ပျိုးရမည်ဖြစ်သည်။ ထိုထက်ပို၍ မိမိတို့ပါတ်ဝန်းကျင်ရှိ စမ်းချောင်းများ၊ မြစ်များ၊ ကမ်းခြေများအားအဆိပ်အတောက်ဖြစ်ညစ်ညမ်းစေသော စွန့်ထုတ်ပစ္စည်းများကိုထုတ်လုပ်နေသော စက်ရုံများနှင့်ဆွေးနွေးကာရေညစ်ညမ်းမှုကိုလျှော့ချနိုင်ရေးအတွက် ဆွေးနွေးရန်ဖြစ်သည်။ ဆောင်ရွက်မှုတိုင်းသည် ပြောင်းလဲမှုကိုဖြစ်စေမည်ဖြစ်သည်။

နည်းလမ်း ၁။ မိမိအိမ်တွင်းဆောင်ရွက်လေ့ရှိသည့်အကျင့်များကိုပြောင်းလဲပါ

၁။ အိမ်သန့်ရှင်းရေးအတွက် အသုံးပြုသော ဓါတုဆေးရည်များအားလျှော့သုံးပါ

ပြောင်းလဲမှု အနည်းငယ် ပြုလုပ်ရုံမျှဖြင့် ကြီးမားသောပြောင်းလဲမှုကို ရရှိနိုင်ပါသည်။ အိမ်သန့်ရှင်းရေး အတွက် ချွတ်ဆေးနှင့် အမိုးနီးယားတို့ကို အသုံးပြုခြင်းသည်ရေညစ်ညမ်းမှုကို ဖြစ်စေသည်။ ၎င်းတို့အား မရှိမဖြစ် လိုအပ်သည်လည်း မဟုတ်ချေ။ သဘာဝ သန့်စင်ပစ္စည်းများဖြင့်လည်း မိမိအိမ်ကို ထိရောက်စွာ သန့်ရှင်းရေး ပြုလုပ် နိုင်သည်။

The Environmental Protection Agency (EPA) မှ သန့်ရှင်းရေးသုံး ပစ္စည်းများကို စာရင်းပြုစုထုတ် ပြန်ပေးထားသည်။ ရေညစ်ညမ်းမှုကို လုံးဝမဖြစ်စေသော ပစ္စည်းများဖြစ်သည်။ “အစိမ်းရောင်” ဟုခေါ် ဆိုနိုင်သည်။

အိမ်တွင်သုံးနေကျဖြစ်သော ရှာလကာရည်နှင့် မုန့်ဖုတ်ဆိုဒါအား ပြူတင်းပေါက်များဆေးကြောခြင်း၊ ရေချိုးခန်းရှိ ကြေးများချွတ်ခြင်း စသော သန့်ရှင်းရေးလုပ်ငန်းများ အတွက် အသုံးပြုနိုင်သည်။ လုံးဝ အဆိပ်အတောက် မရှိသော ပစ္စည်းများဖြစ်သည်။

 

၂။ အမှိုက်များကိုသေချာ စွန့်ပစ်ပါ

မဆွေးမြေ့နိုင်သော စွန့်ပစ်အမှိုက်များအား ဘယ်သောအခါမျှ ရေစီးမြောင်းများအတွင်းသို့ မစွန့်ပစ်ပါနှင့်။ ရေအရင်းမြစ်များအား အဆိပ်အတောက် ဖြစ်စေသော်လည်း မရှိမဖြစ် အသုံးပြုရသော အိမ်သုတ်ဆေးနှင့် အမိုးနီးယားများအား စွန့်ပစ်မည်ဆိုပါကသေချာ ဂရုစိုက်ရမည် ဖြစ်သည်။ မည်ကဲ့သို့ စွန့်ပစ်ရမည်ကိုသေချာ မသိပါက အစိုးရဌာနရှိ အင်တာနက် စာမျက်နှာများ သန့်ရှင်းရေး ဌာနများသို့ ဆက်သွယ်ကာ မည်ကဲ့သို့ စွန့်ပစ်ရမည်ကို စုံစမ်း မေးမြန်း တိုင်ပင်နိုင်သည်။ အိမ်သုတ်ဆေး၊ အင်ဂျင်ဆီ၊ သန့်ရှင်းရေးသုံး ဓာတုပျော်ရည်များ၊ အမိုးနီးယား၊ ရေကူးကန်များတွင် အသုံးပြုသော သန့်စင်ဓာတုဆေးများ စသောပစ္စည်းများ အား မည်သို့သောအခါမျှရေမြောင်း အတွင်းသို့ မစွန့်ပစ်ရ။

၃။ ဆေးဝါးများအား စွန့်ပစ်ခြင်း

ဆေးဝါးများအားဖော်စပ်ရာတွင် အမျိုးမျိုးသော ပစ္စည်းများကို ထည့်သွင်း အသုံးပြုထားသဖြင့် အိမ်သာ အတွင်းသို့ိ့ စွန့်ပစ်မည်ဆိုပါက မြေအောက်ရေတွင်းသို့ရောက်ရှိကာ အန္တရာယ် ဖြစ်စေမည် ဖြစ်ပါသည်။ သင်သည် စွန့်ပစ်ခဲ့ပြီးဖြစ်ပါက အင်တာနက်စာမျက်နှာရှိ “Take Back” အစီအစဉ်တွင်လေ့လာခြင်းဖြင့် မည်ကဲ့သို့ကောင်းမွန်အောင်ဆောင်ရွက်ရမည်ကို သိနိုင်သည်။ ထိုအခါသောက်သုံးရေများ အတွင်းသို့ ပြန်လည်ရောက်ရှိလာခြင်းများ မဖြစ်နိုင်တော့ဘဲ လူနှင့်တိရိစ္ဆာန်တို့အား အန္တရာယ်ဖြစ်စေခြင်းမှ ကင်းဝေးစေ မည် ဖြစ်သည်။

၄။ တစ်ခါသုံးပစ္စည်းများအား စွန့်ပစ်ခြင်း

ဒိုက်ဘာ၊ သန့်ရှင်းရေးတစ်ရှုးအစိုများ၊ ပလပ်စတစ် သွားကြးထိုးတံများသည်များသည် ပြိုကွဲနိုင်သော ပစ္စည်းများ မဟုတ်သည့်အတွက် အိမ်သာများအတွင်းသို့ စွန့်ပစ်ခြင်းမှရှောင်ကျဉ်ရမည် ဖြစ်သည်။ ထိုစွန့်ပစ် ပစ္စည်းများသည် အိမ်သာမှတစ်ဆင့် မြစ်၊ ချောင်း၊ အင်းအိုင်များ အတွင်းသို့ရောက်ရှိ သွားပါက ငါးများနှင့် အခြားသတ္တဝါများအား အန္တရာယ်ဖြစ်စေသည်။ အိမ်သာအတွင်းသို့ စွန့်ပစ်မည့် အစား အခြားနေရာများသို့ ပစ်ရမည်ဖြစ်သည်။

ပိတ်စဖြင့် ပြုလုပ်ထားသော ဒိုက်ဘာ၊ ပြန်လည် အသုံးပြုနိုင်သော တစ်ရှုးများ၊ ဆွေးမြေ့စေနိုင်သော သွားကြားထိုးတံများကို အသုံးပြုခြင်းဖြင့် ပါတ်ဝန်းကျင်ကို မထိခိုက်စေရန် စောင့်ရှောက်နိုင်သည်။

မဆွေးမြေ့နိုင်သော စွန့်ပစ်အမှိုက်များအား ဘယ်သောအခါမျှ ရေစီးမြောင်းများအတွင်းသို့ မစွန့်ပစ်ပါနှင့်။ ရေအရင်းမြစ်များအား အဆိပ်အတောက် ဖြစ်စေသော်လည်း မရှိမဖြစ် အသုံးပြုရသော အိမ်သုတ်ဆေးနှင့် အမိုးနီးယားများအား စွန့်ပစ်မည်ဆိုပါကသေချာ ဂရုစိုက်ရမည် ဖြစ်သည်။ မည်ကဲ့သို့ စွန့်ပစ်ရမည်ကိုသေချာ မသိပါက အစိုးရဌာနရှိ အင်တာနက် စာမျက်နှာများ သန့်ရှင်းရေး ဌာနများသို့ ဆက်သွယ်ကာ မည်ကဲ့သို့ စွန့်ပစ်ရမည်ကို စုံစမ်း မေးမြန်း တိုင်ပင်နိုင်သည်။ အိမ်သုတ်ဆေး၊ အင်ဂျင်ဆီ၊ သန့်ရှင်းရေးသုံး ဓာတုပျော်ရည်များ၊ အမိုးနီးယား၊ ရေကူးကန်များတွင် အသုံးပြုသော သန့်စင်ဓာတုဆေးများ စသောပစ္စည်းများ အား မည်သို့သောအခါမျှရေမြောင်း အတွင်းသို့ မစွန့်ပစ်ရ။

၃။ ဆေးဝါးများအား စွန့်ပစ်ခြင်း

ဆေးဝါးများအားဖော်စပ်ရာတွင် အမျိုးမျိုးသော ပစ္စည်းများကို ထည့်သွင်း အသုံးပြုထားသဖြင့် အိမ်သာ အတွင်းသို့ိ့ စွန့်ပစ်မည်ဆိုပါက မြေအောက်ရေတွင်းသို့ရောက်ရှိကာ အန္တရာယ် ဖြစ်စေမည် ဖြစ်ပါသည်။ သင်သည် စွန့်ပစ်ခဲ့ပြီးဖြစ်ပါက အင်တာနက်စာမျက်နှာရှိ “Take Back” အစီအစဉ်တွင်လေ့လာခြင်းဖြင့် မည်ကဲ့သို့ကောင်းမွန်အောင်ဆောင်ရွက်ရမည်ကို သိနိုင်သည်။ ထိုအခါသောက်သုံးရေများ အတွင်းသို့ ပြန်လည်ရောက်ရှိလာခြင်းများ မဖြစ်နိုင်တော့ဘဲ လူနှင့်တိရိစ္ဆာန်တို့အား အန္တရာယ်ဖြစ်စေခြင်းမှ ကင်းဝေးစေ မည် ဖြစ်သည်။

၄။ တစ်ခါသုံးပစ္စည်းများအား စွန့်ပစ်ခြင်း

ဒိုက်ဘာ၊ သန့်ရှင်းရေးတစ်ရှုးအစိုများ၊ ပလပ်စတစ် သွားကြးထိုးတံများသည်များသည် ပြိုကွဲနိုင်သော ပစ္စည်းများ မဟုတ်သည့်အတွက် အိမ်သာများအတွင်းသို့ စွန့်ပစ်ခြင်းမှရှောင်ကျဉ်ရမည် ဖြစ်သည်။ ထိုစွန့်ပစ် ပစ္စည်းများသည် အိမ်သာမှတစ်ဆင့် မြစ်၊ ချောင်း၊ အင်းအိုင်များ အတွင်းသို့ရောက်ရှိ သွားပါက ငါးများနှင့် အခြားသတ္တဝါများအား အန္တရာယ်ဖြစ်စေသည်။ အိမ်သာအတွင်းသို့ စွန့်ပစ်မည့် အစား အခြားနေရာများသို့ ပစ်ရမည်ဖြစ်သည်။

ပိတ်စဖြင့် ပြုလုပ်ထားသော ဒိုက်ဘာ၊ ပြန်လည် အသုံးပြုနိုင်သော တစ်ရှုးများ၊ ဆွေးမြေ့စေနိုင်သော သွားကြားထိုးတံများကို အသုံးပြုခြင်းဖြင့် ပါတ်ဝန်းကျင်ကို မထိခိုက်စေရန် စောင့်ရှောက်နိုင်သည်။

၁။ ပိုးသတ်ဆေး ပေါင်းသတ်ဆေးများကို မသုံးပါနှင့်

အထက်ပါ ဓါတုဆေးများအား ခြံတွင်း ပက်ဖျန်းပါက မိုးရွာသော အချိန်တွင် မြေကြီးမှ တဆင့် မြေအောက် ရေသို့ ဝင်ရောက်သွားနိုင်ပါသည်။ အဆိပ်ရှိသော ဓါတုဆေးရေများပျော်ဝင်နေသောမြေအောက်ရေသည် ပါတ် ဝန်းကျင်နှင့် မှီတင်းနေထိုင်သူ လူများအား ဆိုးကျိုးများစွာ ဖြစ်စေပါသည်။ သဘာဝတိုင်း နှိမ်နင်းသည့် နည်းလမ်း များကိုပြောင်းလဲ အသုံးပြုရမည် ဖြစ်သည်။

သြဂဲနစ် စိုက်ပျိုးရေးတွင် အသုံးပြုသော ပိုးမွှားနှိမ်နင်းသည့် နည်းလမ်းများကို ရှာဖွေ အသုံးပြုရမည်။ ဥပမာ ပိုးမွှားများစွာကို အိမ်သုံးပန်ကန်ဆေး ဆပ်ပြာနှင့်ရေရောနှာကာ အသုံးပြုခြင်းဖြင့် နှိမ်နင်းနိုင်သည်။

ဒေသမျိုးများကို စိုက်ပျိုးခြင်းဖြင့်လည်း အထောက်ကူ ဖြစ်နိုင်ပါသည်။ ဒေသ မျိုးများသည် ထိုဒေသ ဝန်းကျင်ရှိပေါင်းနှင့် ပိုးမွှားများ၏ အန္တရာယ်ကို ခံနိုင်ရည်ရှိကြသည်။ အခြား အရပ်ဒေသရှိ မျိုးများသည် ခံနိုင်ရည် နည်းတတ်ကြပါသည်။

၂။ ကွန်ကရစ်ဖြင့် ပြုလုပ်ထားသော အခင်းများကို ဖယ်ရှားကာမြေကာပင်များ စိုက်ပျိုးခြင်းဖြင့် အစားထိုးပါ

မိမိ အိမ်ပါတ်လည်တွင် ကွန်ကရိများဖြင့် ခင်းထားပါက ဓါတုပျော်ရည်များ ပါဝင်နေသောရေအိုင်များ နှင့် ရေစီးများသည် မြေမျက်နှာပြင်တွင် ဖြေးဖြေး ပြန့်နှံ့နေမည့်အစား မြေအောက်သို့ လျှင်မြန်စွာရောက်ရှိသွား မည်ဖြစ်သည်။ ထိုသို့ ခင်းထားခြင်းဖြင့်ပေါင်းမြက် ရှင်းလင်းခြင်း ကဲ့သို့သော အလုပ်များ သက်သာစေနိုင်သော်လည်း ခြံအတွင်းကောင်းမွန်အောင်ဆောင်ရွက်ခြင်းဖြင့် ပါတ်ဝန်းကျင်ကို ကောင်းမွန် လာစေမည် ဖြစ်သည်။

၃။ မြေဆီလွှာ တိုက်စားခြင်းကို ဖြစ်ပေါ်စေသော အချက်များကို တားဆီးရမည်

မြေဆီလွှာများသည် တိုက်စားခြင်း ခံရပါက မြစ်ချောင်းများတွင်းသို့ စီးဝင်မည်ဖြစ်သည်ထိုအခါ မြေဆီလွှာ တွင် ပါဝင်နေသော ဓါတုပစ္စည်းများသည်ရေနှင့်ရောနှောကာ အပင်နှင့် တိရိစ္ဆာန်များအား ပြဿနာ ဖြစ်စေပါသည်။ ဥပမာအားဖြင့်ဖော့စဖိတ်ဓာတ်များ ပါဝင်မှု မြင့်နေပါက ရေညှိရေမှော်များကို ပိုမိုဖြစ်ပေါ်စေပြီး ရေနေငါး များကိုသေဆုံးစေ ပါသည်။ မြေဆီလွှာ တိုက်စားခြင်းကို ကာကွယ်ရန် အကောင်းဆုံးမှာ ဒေသတွင်း ပေါက်ရောက်လေ့ရှိသည့် သစ်ပင်များ၊ ခြုံပုတ်ပင်များ၊ မြက်နှင့်မြေကာပင်များကို စိုက်ပျိုးခြင်း ဖြစ်သည်။ အပင်၏ အမြစ်များသည်မြေများကို ကုတ်တွယ်ပေးထားနိုင်သဖြင့်ရေသို့ စီးဝင်ခြင်းမှ တားဆီးနိုင်သည်။

 

၄။ ခြံထွက် အမှိုက်များကိုမြေဆွေး ပြုလုပ်ပါ

ခြံထွက် အမှိုက်များသည် မိုးရွာသွန်းချိန်တွင် မိုးရေနှင့် အတူမျောပါကာရေစီးမြောင်းများအတွင်းသို့ရောက် ရှိ သွားနိုင်သည်။ ပိုးသတ်ဆေးပေါင်းသတ်ဆေးများ ပါဝင်သော စွန့်ပစ်ပစ္စည်းများ မဆိုထားနှင့် အရွက်များ၊ သစ်ကိုင်းများ၊ မြက်များ၊ အမှိုက်သရိုက်များသည်ရေလမ်းကြောင်းများအတွင်းသို့ ဝင်ရောက် စုပုံကာ ရေထုညစ်ညမ်းမှုဖြစ်ပေါ်စေသည်။

ရေနှင့်မြောပါသွားခြင်း မရှိစေရန် ပုံးများ အတွင်းသို့ ထည့်သွင်းထားပါ။ အချို့သော စည်ပင်သာယာ ဌာန များသည် ထိုအမှိုက်ပုံးများအား အခမဲ့သော်လည်းကောင်း ချိုသာသောစျေးနှုန်းဖြင့်သော် လည်းကောင်း ပေးဝေရောင်းချလေ့ ရှိသည်။

မြက်ဖြတ်ထားသော အမှိုက်များအား အိတ်များဖြင့် ထုတ်ပိုးသယ်ရွှေ့မည့်အစား ဖုံးအုပ်စေခြင်းဖြင့် သဘာဝ မြေသြဇာများ အဖြစ်သို့ပြောင်းလဲကာ မြက်ခင်းပြင်အတွက် အာဟာရများ ရရှိစေသည်။

ခြံထွက် အမှိုက်များနှင့် မြက်များအားကောင်းစွာ စွန့်ပစ်ဆွေးမြေ့စေခြင်းများဆောင်ရွက်ရမည် ဖြစ်သည်။ သင်ကိုယ်တိုင်မြေဆွေးများ မပြုလုပ်နိုင်ပါက သင့်ဒေသတွင်းရှိ အမှိုက်စီမံခန့်ခွဲသော အဖွဲ့များနှင့်ဆက်သွယ်ပါ သို့မဟုတ် ပါတ်ဝန်းကျင် ထိန်းသိမ်းရေအဖွဲ့များနှင့် ဆက်သွယ်ကာ မည်ကဲ့သို့ဆောင်ရွက် ရမည်ကိုဆွေးနွေး ဆုံးဖြတ်နိုင်သည်။

၅။ မိမိကားကိုကောင်းစွာ ပြင်ဆင်ထားပါ

ကားမှ ဆီများနှင့် အခြားသော ဓါတုရည်များ သည်မြေပေါ်သို့ ကျရောက်နေပါက မြေအောက်ရေအတွင်း သို့ စီးဆင်းသွားနိုင်ပါသည်။ သို့ပါ၍ မိမိသုံးနေသော ကားကို ပုံမှန်အခြေအနေတွင်ကောင်းစွာ လည်ပတ်စေ ရန် ထိန်းသိမ်းထားရမည် ဖြစ်သည်။ ဆီယိုစိမ့်မှုများ ဖြစ်ပေါ်ပါက အမြန်ပြင်ဆင်ရမည် ဖြစ်သည်။ ထို့အပြင် စက်သုံးစီများအား စွန့်ပစ်ရာတွင် ရေမြောင်းများသို့ စီးဆင်းစေခြင်းဆေးကြောချခြင်းများ မဆောင်ရွက်သင့်ပါ။

နည်းလမ်း ၃။ မိမိ လုပ်ဆောင်နိုင်မှုများကို မြှင့်တင်ပါ

၁။ ကျောင်းနှင့် လုပ်ငန်းခွင်များတွင်ဆောင်ရွက်ပါ

သင်၏ လုပ်ငန်းခွင် သို့မဟုတ်ကျောင်းတွင် သင်၏ အိမ်တွင်ဆောင်ရွက်သောရေညစ်ညမ်းမှု လျော့ချ ရေး လုပ်နည်းများအတိုင်း လုပ်ဆောင်ပါ။ မိမိအလုပ်ခွင်နှင့်ကျောင်းတွင် လုပ်ဆောင်လေ့ ရှိသည်များကို လေ့လာ၍ပြောင်းလဲ သင့်သည်များကိုတွေ့ရှိပါက သင်ဆောင်ရွက်ပေးနိုင်သည့် ကိစ္စဖြစ်ပါက ကူညီဆောင် ရွက်၍ ညစ်ညမ်းမှု ကင်းစင်သောနေရာဖြစ်စေရန် ဖန်တီးပါ။ မိမိကျောင်းနေဖက် သူငယ်ချင်းများ၊ ဆရာ ဆရာမများ၊ လုပ်ဖော်ကိုင်ဖက်များအား အတူပူးပေါင်း ပါဝင်လာစေရန်ဆောင်ရွက်ခြင်းဖြင့်ပြောင်းလဲလာစေရန် ဆောင်ရွက်ပါ။

ဥပမာအားဖြင့် သင့်ရုံး သို့မဟုတ်ကျောင်းတွင် သုံးစွဲလေ့ ရှိသော ပစ္စည်းများအစား မည်သို့သော ပါတ်ဝန်းကျင်ကို မထိခိုက်စေသော ပစ္စည်းများဖြင့် အစားထိုးပြောင်းလဲ သုံးစွဲသင့်သည်ကို အကြံဉာဏ် များပေးနိုင်သည်။ ထောက်ခံဆွေးနွေးနိုင်သည်။

ရေချိုးခန်းနှင့် မီးဖိုချောင်များတွင်ရေလျော့သုံးရေး ထိန်းသိမ်းရေးအတွက် သတိပေးစာများ ကတ်ထားနိုင်သည်။

၂။ ရေရှိသောနေရာများတွင် အမှိုက်များ ကင်းစင်စေရန်ဆောင်ရွက်ပါ

အကယ်၍ သင်သည် ဒေသတွင်းရှိ မြစ်၊ ချောင်း၊ အင်းအိုင်၊ ရေကန်စသည်တို့ဖြင့် နီးသောနေရာတွင်နေထိုင် သူ ဖြစ်ပါက သင်လုပ်သင့်သည်များ အများအပြား ရှိပါသည်။။ ရေကန်များ၊ ကမ်းခြေများ၊ မြစ်ချောင်း သမုဒ္ဒရာများတွင် အုပ်စုများဖွဲ့ကာ သန့်ရှင်းရေးများ လုပ်နေကြသည်ကိုတွေ့နိုင်ပါသည်။ မြို့ကြီးများတွင် သန့်ရှင်းရေးနေ့ သတ်မှတ်ကာ ထိုနေ့အတွင်း လုပ်အားပေးများသည် လာရောက်ကာရေမြောင်းများ အတွင်းရှိ အမှိုက်များအား သန့်ရှင်းရေး လုပ်ကိုင်ကြသည်။

သင်ဒေသတွင်းရှိ လုပ်အားပေးအဖွဲများကို ရှာမတွေ့ပါက သင်ကိုယ်တိုင် စတင်နိုင်ပါသည်။ သန့်ရှင်းရေး လုပ်မည့်နေ့ကို စဉ်းစားပါ။ နေ့ရက်ကိုသေချာ သတ်မှတ်ပါ။ လူထုသိစေရန်ကြော်ငြာပါ။ မည်ကဲ့သို့ အမှိုက်များကို စုဆောင်း စွန့်ပစ်မည်ကိုသေချာစွာ အစီအစဉ်ရေးဆွဲပါ။

၃။ ရေနှင့် ပါတ်သက်သည့် အကြောင်းအရာများကိုပြောဆိုဆွေးနွေးခြင်းဖြင့် သင့်၏ ပါတ်ဝန်းကျင် ကို ထိရောက်မှု ရှိစေရန်ဆောင်ရွက်ရမည်။

စက်ရုံ စွန့်ပစ်ရေများသည်ရေစီးကြောင်းရေလမ်းကြောင်းများသို့ စိမ့်ဝင်စီးဆင်း လာပါက ထိုသို့သော စက်ရုံ များကိုဆောင်ရွက်ခွင့်ပြုသူ ပူးတွဲလုပ်ဆောင်သူများ အားလုံးသည် ရာဇဝတ်ကောင်များသာ ဖြစ်သည်။ ထိုသို့ ဖြစ်ပွားခြင်းများအတွက် ဥပဒေနှင့် တားမြစ်ချက်များ ရှိပါသည်။ သို့သော် ပါတ်ဝန်းကျင်တွင် အမြဲမြင်တွေ့ နေရသော ပြဿနာသာ ဖြစ်သည်။ သင်၏ ပါတ်ဝန်းကျင်တွင်ဒေသရေထု ညစ်ညမ်းမှုကို ဖြစ်စေသော စက်ရုံ များကို ရှာဖွေကာ တွေ့ရှိပါက ထိုပြဿနာအားတွေ့ဆုံဆွေးနွေးနိုင်ရန် ဆောင်ရွက်ပါ။

ဒေသတွင်းနှင့် နိုင်ငံလုံး ဆိုင်ရာ ပြဌန်းထားသောရေညစ်ညမ်းမှုဆိုင်ရာ ဥပဒေများအားလေ့လာပါ။ သင့် ပါတ်ဝန်းကျင်ရှိရေထု ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်နေသော အဖွဲ့များနှင့် ဆက်သွယ် ဆောင် ရွက်ပါ။

သင်၏ဒေသတွင်းတွင်ရေလမ်းကြောင်းများ ကာကွယ်ရေးဆိုင်ရာများကို ကြိုးပမ်းဆောင်ရွက်လေ့ရှိသော ကိုယ်စားလှယ်များအား မဲပေးထောက်ခံခြင်းသည်လည်း ရေထုညစ်ညမ်းမှုကိုလျော့ချရေး အတွက် အထောက် အကူ ဖြစ်ပါသည်။

ကုိးကား http://www.wikihow.com/Reduce-Water-Pollution

မေဖြိုးဝေ


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်