မတ်ပဲဈေးဘာကြောင့်ကျလို့ ပဲစင်းငုံနီ ဘာကြောင့်တက်

06/01/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ယခုတစ်ပတ်အတွင်းမှာတော့ မတ်ပဲဈေးတွေဟာ တောက်လျှောက်ကျဆင်းခဲ့ပြီး ပဲစင်းငုံနီကတော့ ဈေး တွေတက်လာပါတယ်။ နှစ်ခုစလုံးရဲ့ ဈေးအတက်အကျတွေကတော့ အိန္ဒိယနဲ့ ဆက်စပ်နေပါတယ်။

မတ်ပဲ

လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့(AMIA)ကတော့ အိန္ဒိယနိုင်ငံက မတ်ပဲဝယ်ယူဖို့ သက်တမ်းကို လာမဲ့ ၂၀၂၄ ခုနှစ်ထိ တိုးမြှင့်လိုက်တဲ့အတွက် ပဲဝယ်ယူမှုက အေးသွားပြီး ဈေးက ကျဆင်းသွားတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။ ဒါ့အပြင် လက်ရှိ မတ်ပဲ CNF ပေါက်ဈေးကလည်း လျော့နည်းနေပြီး အိန္ဒိယနိုင်ငံမှာလည်း ဆောင်းမတ်ပဲ အထွက်နှုန်းတိုးတယ်ဆိုတဲ့ သတင်းတွေကြောင့် မတ်ပဲက နေ့စဉ်နဲ့အမျှ ကျဆင်းနေခဲ့တာ ဖြစ်တယ်လို့လည်း AMIA က သုံးသပ်ပါတယ်။

ကုန်သည်တွေကတော့ မတ်ပဲအသစ်တွေကလည်း ဈေးကွက်ထဲဝင်နေပြီဖြစ်လို့ ဈေးကဆက်ပြီး ကျဆင်းနေဦးမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ လက်ရှိ ငွေလဲလှယ်နှုန်းဈေးဟာ မြင့်တက်နေတာ ဖြစ်လို့ အများကြီး ကျဆင်းနေတာမျိုးတော့ မရှိနိုင်ဘူးလို့ ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၆ သိန်း ၄ သောင်းပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ နှိုင်းယှဉ်ရင် တစ်တန်ကို ၄ သောင်းကျော်ဈေးကျဆင်းသွားတာပါ။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၅၆၀၀၀ ကနေ ၁၆၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက်တို့မှာတော့ မတ်ပဲက တစ်တင်းကို ၅၂၅၀၀ ကနေ ၅၃၅၀၀  ကြားပေါက်ဈေးရှိပြီး တစ်တင်းကို ၃၅၀၀ လောက် ဈေးကျ ဆင်းသွားတယ်လို့ သိရပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဈေးကွက်ထဲ ပစ္စည်းလက်ကျန်မရှိတဲ့အတွက် အသစ်ထွက်လာတဲ့ပဲတွေ အဝယ် လိုက်ပြီး ဈေးတက်နေတာ ဖြစ်တယ်လို့ AMIA က သုံးသပ်ပါတယ်။ အိန္ဒိယနိုင်ငံက ပဲစင်းငုံနီ အထွက်နှုန်းလျော့နည်းမယ်ဆိုတဲ့ သတင်းတွေကြောင့် ရေရှည်မှာ ဈေးက တက်နေဦးမယ်လို့  ကုန်သည် တွေရဲ့ ခန့်မှန်းမှုတွေကြောင့်လည်း အဝယ်သွက်ပြီး ဈေးတက်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ တင်ပို့မှုကို ၂၀၂၄ ထိ သက်တမ်းတိုးလိုက်တဲ့အတွက် လာမဲ့ ရေတိုကာလအတွင်းမှာတော့ ပဲစင်းငုံနီက ဈေးအေးမဲ့အနေအထားမှာ ရှိနေပြီး သိုလှောင်နိုင်ရင် အကျိုးအမြတ်ရှိလာနိုင်တယ်လို့ ကုန်သည် အများစုက သုံးသပ်ပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံရဲ့ ပဲစင်းငုံနီ တင်သွင်းမှုအခြေအနေကို စောင့်ကြည့်ဖို့တော့ လိုအပ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၇ သိန်း ၇ သောင်းနီးပါးပေါက်ဈေးရှိပြီး တစ်တန်ကို ၂ သောင်းကျော်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာလည်း ပဲစင်းငုံနီက တစ်အိတ်ကို ၁၆၅၀၀၀ ကနေ ၁၆၆၀၀၀ ကြား ပေါက်ဈေး ရှိနေပြီး တစ်အိတ်ကို ၁၀၀၀ လောက် ဈေးတက်ပါတယ်။

နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊ မုံရွာ နဲ့ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၅၅၀၀၀ ကနေ ၅၆၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁၀၀၀ လောက်ဈေးမြင့်တက်လာပါတယ်။

(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့(AMIA) က ပေးပို့လာသည့် တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်ကို ကိုးကားပြီး ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်