ဇာတိပ္ဖိုလ် ရဲ့ ကောင်းကျိုးများ
ကြက်သွန်ဖြူညှော်နံ့နဲ့ အခြားညှော်နံ့တွေဟာ အနာရှိတဲ့သူတွေအတွက် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ညှော်နံ့ ကင်းအောင်ဆိုပြီး ဇာတိပ္ဖိုလ်စေ့ကို သွေးပြီးလျက်တာကို သိကြသူတွေ ရှိပြီးဖြစ်မှာပါ..။
ဇာတိပ္ဖိုလ်စေ့ဟာ အန်တီအောက်ဆီးဒန့် ဓာတ်ကြွယ်ဝတဲ့အတွက်ကြောင့် ကင်ဆာ၊ နှလုံးရောဂါနဲ့ အသည်း ရောဂါတို့ကို ကာကွယ်ရာမှာလည်း အကူအညီဖြစ်စေပြီး အရွယ်မတိုင်မီ အသက်အရွယ် အိုမင်းရင့်ရော်မှုကိုလည်း ကာကွယ်ပေးပါတယ်။
ဒါ့အပြင် သူ့မှာ စိတ်ဝင်စားစရာ တခြားကောင်းကျိုးလေးတွေလည်းရှိလို့ ကျနော်ပြောပြပေးလိုပါတယ်။
၁။ သွားနဲ့ပတ်သက်တဲ့ ကျန်းမာရေး
ဇာတိပ္ဖိုလ်သီးကနေရတဲ့ အဆီကို သွားနဲ့ပတ်သက်တဲ့ ထုတ်ကုန်များ ( သွားတိုက်ဆေး ၊ ခံတွင်းသန့်ဆေးရည် ) စတာတွေမှာ အသုံးပြုကြပါတယ်။ ဘယ်လိုအကျိုးပြုလဲဆိုတော့ ခံတွင်းနဲ့ဆိုင်တဲ့ ရောဂါ တွေကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ၊ တခြားရောဂါဖြစ်စေတဲ့ သက်ရှိတွေကို ဆန့်ကျင်ပေးပြီး ခံတွင်းအနံ့ ဆိုးထွက်တာကိုလည်း သက်သာစေပါတယ်။ သွားကိုက်တာကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
၂။ အိပ်ပျော်စေခြင်း
ဇာတိပ္ဖိုလ်ကို ပမာဏအနည်းငယ် သုံးပေးခြင်းဖြင့် အိပ်ချိန်မှန်စေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။
ဒါ့အပြင် ဇာတိပ္ဖိုလ်မှာ အမျှင်ဓာတ် ကြွယ်ဝတဲ့အတွက်ကြောင့် အစာချေစနစ်ကိုကောင်းမွန်စေပြီး သွေးထဲရှိ ဂလူးကို့စ် ပမာဏကို ထိန်းညှိပေးတဲ့အတွက်ကြောင့် ဆီးချိုရောဂါကိုလည်းကာကွယ်ပေးနိုင်ပါတယ်။
အခြားကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကောင်းကျိုးတွေကတော့..
• ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း
• အရိုးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ကောင်းမွန်စေခြင်း
• သွေးလည်ပတ်မှုကောင်းမွန်စေခြင်း
• အစာခြေစနစ်ကောင်းမွန်စေခြင်း
စတာတွေပဲ ဖြစ်ပါတယ်..။
ဇာတိပ္ဖိုလ်စေ့မှာ ပါဝင်တဲ့ ဓာတ်တွေကတော့...
• ဗီတာမင် အေ၊ စီ၊ အီး
• မန်းဂနိစ်
• မဂ္ဂနီဆီယမ်
• ကော့ပါး
• ဖော့စ်ဖရပ်စ်
• သံဓာတ်
• ဇင့်ဓာတ် တို့ဖြစ်ပါတယ်။
ဇာတိပ္ဖိုလ်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းမှာဆိုရင် ၁၂ ကယ်လိုရီ၊ အဆီ ၁ ဂရမ်၊ ကာဘိုဟိုက်ဒြိတ် ၁ ဂရမ်နဲ့ သကြားဓာတ် ၁ ဂရမ် ပါရှိပါတယ်။
ဇာတိပ္ဖိုလ်စေ့ကိုအကျိုးရှိရှိ ဘယ်လို အသုံးပြုမလဲ..။
ဇာတိပ္ဖိုလ်စေ့ကို ကိုယ်တိုင်ကြိတ်ပြီး သုံးကြသလို ၊ အဆင်သင့်ကြိတ်ချေပြီးသားအမှုန့်အနေနဲ့လည်း ထုတ်လုပ်ထားတာတွေရှိသလို အခြားလူသုံးကုန်ပစ္စည်းတွေမှာလည်း ထည့်သွင်းဖော်စပ်ထုတ်လုပ်ထားတာတွေ လည်းရှိပါတယ်။ ဇာတိပ္ဖိုလ်မှုန့်ကို ဉရောပနိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ ပြင်သစ်နိုင်ငံတို့မှာ အစားအသောက်ထဲကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်ပါ ထည့်သွင်းချက်ကြတယ်လို့ သိရပါတယ်။
အစားအသောက်ထဲကိုထည့်ပြီး ဆေးဝါးအဖြစ်အသုံးပြုပုံ နည်းလမ်းတော်တော်များများလည်း ရှိပါတယ်။
• ကော်ဖီ၊ ချောကလက်ပြုလုပ်ရာ မခဲမီအချိန်နဲ့ လက်ဖက်ရည်နဲ့ နွားနို့ပူပူနွေးနွေးတွေမှာ ရောပြီး သောက်သုံးခြင်း
• ရာသီပေါ်အစားအစာတွေဖြစ်တဲ့ မုန်လာပွင့်ချက်ရာမှာ ဟင်းခတ်မှုန့်အဖြစ် ထည့်သွင်းချက်ခြင်း၊
• အသီးများ၊ (ဉပမာ ၊ သရက်သီး) စားရာမှာ အရသာမှုန့်အဖြစ် ဖြူး၍ စားသုံးခြင်း
• ကန်စွန်းဉ၊ အာလူးနဲ့ တခြားမုန့်များ ဖုတ်ရာတွင်လည်း ထည့်သွင်းအသုံးပြုခြင်းတို့ ဖြစ်ပါတယ်။
ဇာတိပ္ဖိုလ်စေ့က ပမာဏအနည်းငယ်ပဲ အသုံးပြုမယ်ဆိုရင်တော့ အန္တရာယ်ကင်းပါတယ်။ ဒါတောင် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း ( ၅ ဂရမ် )နဲ့ အထက်ပိုပြီးသုံးမယ်ဆိုရင် အဆိပ်ဖြစ်စေပါတယ်။ ဒီထက်ပိုပြီးသုံးမယ် ဆိုရင်တော့ ရောဂါလက္ခဏာက ပိုပိုဆိုးရွားလာပြီး သေတဲ့အထိတောင်ဖြစ်နိုင်ပါတယ်။
ဘယ်အရာမှာဖြစ်ဖြစ် လိုအပ်တဲ့ ပမာဏထက်ပိုပြီး သုံးစွဲမယ်ဆိုရင်တော့ အန္တရာယ်ဖြစ်စေကြတာပါပဲ။ ဒီတော့ ဇာတိပ္ဖိုလ်စေ့ကို လိုအပ်တဲ့အခါ လိုအပ်တဲ့ ပမာဏအတိုင်း ကျန်းမာရေးအတွက် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေဗျ။ ။
https://www.webmd.com/diet/nutmeg-health-benefits-nutrition-uses
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Shyam Lal Verma
လွန်ခဲ့သော ၁ နှစ် ကဘယ်နယ်မှဝယ်လိုရလဲဗျ
ဆက်စပ်မေးခွန်းများ
အခုဆောင်းရာသီအတွက် ခရမ်းချည်စိုက်ချင်လို့ပါ။ ဘယ်လမှာ စစိုက်ပီး ဘယ်လိုမျိုးမျိုးစိုက်သင့်လဲရှင့် မြေပြင်ကို ဘာတွေလုပ်သင့်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 0 ခု
မတ်ပဲအမြစ်ပွားအပင်သန်အောင်ဘာဆေးသုံးရမလဲ
Sawsamson • ဖြေကြားချက် 0 ခု
မင်းဧရာ ဆရာ/ရေအစိုဓါတ်အနေအထားဘယ်လောက်ပေးဖို့လိုလဲဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
တစ်ပင်းလုံးညိုးခြောက်သေဆုံးရပါသလဲ တစ်ပင်ပြီးတစ်ကူးစပ်သကဲ့သို့ သေဆုံးလျက်ရှိပါတယ် ဘယ်လိုဆေးမျိုးသုံးရမလဲ
Cybergreen • ဖြေကြားချက် 2 ခု
ပဲးခူအနောက်ခြမ်း မာ မိုးစပါ ရိတ်ခြွေစက် ခ ဘဟ်လောက်ရှိလည်းဗျိုု့ ရိပ်ပြီသား လူတေရှိရင်အော်ခဲ့ ပါအုန်း ဘယ်နယ်မာ ဘယ်စျေးနဲ့ ရိတ်ပါတယ် ဆိုတာလေး လည်း ပြေားခဲ့ ပါအုန်းနော် မင်းလှပိုင် စစ်ကွင်းမာတော့ ၁ဧက ၂သိန်း စျေးနဲ့ ယူနေကြတယ် ဗျို့ စပါးကလည်း မြတ်တေမနိုင် စပါးကမထွက်
ကိုကို • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from နန်းအောင်
အားလုံး
ကျန်းမာရေး အတွက် အကျိုးရှိတဲ့ လိမ္မော်သီးယိုနဲ့ နာနတ်ယို
04/05/2022
တဆေးရဲ့ အသုံးဝင်ပုံ ၁၃ ချက်
25/02/2022
မြေအနားပေးခြင်း (သို့) မြေလှပ်ဖို့လိုတဲ့အကြောင်း
22/02/2022
ကျန်းမာရေးလိုက်စားပြီး ကိုယ်အလေးချိန်ကိုထိန်းသိမ်းတတ်တဲ့သူတွေ သောက်သင့်တဲ့ သံပုရာဖျော်ရည်
21/02/2022
ဘာလို့ ညဘက်မှပွင့်တာလဲ ညမွှေးပန်းလေးရေ..
15/02/2022