မုန်တိုင်းကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှုမကြီးရန် ကြိုတင်ကာကွယ်ထားသင့်သည့်အချက်များ

09/05/2023 11:00 AM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

 

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာဖြစ်တည်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အခုရက်ပိုင်းအတွင်း (မေ ၁၂ မှ ၁၅ ကြား) အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းအဖြစ် ကြီးထွားလာပြီး မြန်မာနိုင်ငံ ဒေသအချို့ကို ဖြတ်ကျော်ဝင်ရောက်လာနိုင်ဖွယ်ရှိနေတယ်လို့ မိုးလေဝသပညာရှင် တွေက သတိပေးမှုတွေ ပြုလုပ်ထားပါတယ်။

ဒီမုန်တိုင်းဟာ တိုက်ရိုက်ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ မြန်မာနိုင်ငံအနှံ့ မိုးရွာသွန်းမှုတွေတော့ ရှိလာမှာဖြစ်ပြီး တချို့နေရာတွေမှာတော့ လေပြင်းကော၊ မိုးကြီးတာတွေကော ဖြစ်နိုင်တယ်လို့လည်း သိရပါတယ်။

ဒါကြောင့် ဒီလိုမျိုးတွေဖြစ်လာရင် စိုက်ပျိုးသီးနှံတွေ ပျက်စီးဆုံးရှုံးမှု မကြီးမားစေဖို့အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ထားသင့်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

# ကြိုတင်လုပ်​ဆောင်သင့်သည့်အချက်များ

လူနှင့်အ​ဆောက်အဦအန္တရာယ်ကင်းရှင်း​ရေ

  • ၁။ ကမ်း​ခြေ​နေ မိသားစုများ၊ ကုန်းမြင့်​နေရာ ​ရွှေ့ပြောင်းထားကြရန်။
  • ၂။​ နေအိမ်အ​ပေါ် ပြုတ်ကျနိုင်​သော ဆိုလာပြားနှင့်အင်တာနာတိုင်များ၊ သစ်ကိုင်းများ၊ လျှပ်စစ်မီးတိုင်များ ကြိုတင်ပြင်ဆင်/ဖယ်ရှားထားရန်
  • ၃။ ​အ​ရေး​ပေါ် ခိုလှုံရန်အတွက် ဘေးကင်းဧရိယာ(ခိုင်မာ​သော အ​ဆောက်အဦ) ကြိုတင်စဉ်းစားထားရန်။
  • ၄။​ ဖော်ပြပါ ​နေ့ရက်များတွင် လုပ်ငန်းခွင်မှ အနားယူထားရန်/ခရီး​ဝေးသွားခြင်း/ပင်လယ်ပြင်/မြစ်​ချောင်း အ​ပျော်ခရီးသွားခြင်းများ မပြုလုပ်ရန်
  • ၅။ လက်နှိပ်မီးဖုန်း၊ ပါဝါဘက်ထရီများ အားဖြည့်ထားရန်...
  • ၆။ ရုတ်တရက် ​ရေကြီးလာပါက အသက်ကယ်ပစ္စည်းတမျိုးမျိုး(ဥပမာ - စားအုန်းဆီ ပလပ်စတစ်ပုံးဝါ) အဆင်သင့် စု​ဆောင်းထားရန်

သီးနှံစိုက်ခင်း/ခြံများအတွက် ကြိုတင်လုပ်​ဆောင်သင့်သည့်အချက်များ

""""""""""""""""""""""""""""""""""""

  • ၁။​ လေပြင်းဒဏ်ခံနိုင်ရန်အတွက်၊ ကွမ်းခြံတိုင်များ၊ စပျစ်ခြံများ....,ခိုင်ခန့်​အောင်ပြင်ဆင်ထားရန်...
  • ၂။​ ရေကြီး၊​ ရေလွှမ်းဧရိယာများအတွက် မိုးစပါးအပါအဝင် သီးနှံစိုက်ပျိုးခြင်း၊ ပျိုး​ထောင်ခြင်းများ
  • ​ဆိုင်းငံ့းထားရန်..
  • ၃။​ တောထဲ တဲအိမ်​ဆောက်ပြီး ​နေထိုင်သူများ၊ မိသားစုများ/အ​ရေးကြီးပစ္စည်းများသိမ်းဆည်းပြီး ရွာထဲ ​ခေတ္တ​ပြောင်း​ရွှေ့​နေထိုင်ရန်..
  • ၄။ သီးနှံပင်များ(ခရမ်းချဉ်/သခွား၊ခဝဲ/ဘူး/ ငရုတ် ...)​ ကို လေပြင်းဒဏ်ခံနိုင်ရန် တိုင်မာစိုက်ပြီး ကျားကန်ထားရန်...
  • ၅။​ ရေသွင်းသီးနှံများ ​ရေတင်ခြင်း၊​ ရေ​လှောင်ခြင်းမပြုလုပ်ဘဲ အတတ်နိုင်ဆုံး ​ရေငတ်ခံထားရန်..
  • ၆။​ ရေဝပ်ဒဏ်ခံနိုင်ရည်မရှိ​သောသီးနှံများ၊ ရေထုတ်​မြောင်းပြုလုပ်ထားရန်
  • ၇။ အ​ရေးတကြီးမလိုအပ်ဘဲ ထိုရက်များအတွင်း ဓာတ်​မြေသြဇာ​ကျွေးခြင်း၊​ ဆေးဖျန်းခြင်း မပြုပါနှင့်...
  • ၈။ ကုန်စိမ်းသီးနှံများအ​နေဖြင့် မုန်တိုင်းမလာမီ(ကွမ်းခူးခြင်း၊ ငရုတ်ဆွတ်ထားခြင်း၊ သရက်သီး/​ထောပတ်သီး..)ခူးထားကြပါရန်။
  • ၉။ အန္တရာယ်ရှိ​သော ​နေရာများတွင် စက်ကိရိယာများ၊ ထွန်စက်၊​ ထော်လာဂျီများ၊ ထားခြင်း၊​ ခေတ္တ ရပ်ထားခြင်းများ မပြုလုပ်ကြရန်။
  • ၁၀။ လူ၊ တိရစ္ဆာန်များအတွက် သောက်​ရေ/သုံး​ရေနှင့် အစာ၊ ရိက္ခာ ကြိုတင်သို​လှောင်ထားကြရန်။

အားလုံး​သော သတ္တဝါဝေ​နေယျများ..

ကျန်းမာ၊ ချမ်းသာ၊​ ဘေးဘယာ ​ဝေးကွာကြပါ​စေ...

စေတနာများစွာဖြင့်,

ဒို့ဦး​လေး

Photo crd_U Win Naing

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်