လူတွေအများအပြား အကြွေးနစ်နေရတဲ့ အကြောင်းရင်း (၁၂) ခု။

26/11/2020 12:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Mother Finance Mother Finance မှ ပေးပို့ထားပါသည်။

         အခုအချိန်မှာအကြွေးနဲ့ကင်းရှင်းအောင် လုပ်ဆောင်ဖို့ခက်ခဲပါတယ်။ တစ်ဦးဆီပဲဖြစ်ဖြစ် လုပ်ငန်းအနေနဲ့ပဲဖြစ်ဖြစ် အကြွေးတွေနဲ့ပတ်လည်ဝိုင်းပြီး ရှင်သန်နေကြရပါတယ်။ သို့သော် ပုံမှန်လည်ပတ်နေတဲ့အခါမှာတောင် အကြွေးလောကထောင်ထဲကရုန်းကန်ပြီး မထွက်နိုင်တာတွေရှိကြပါတယ်။ အဲဒါကဘာဖြစ်လို့ပါလဲဆိုတာ ဒီနေ့တင်ပြသွားပါမယ်။

(၁) သူတို့ဟာ စွန့်လွှတ်အနစ်နာခံချင်ကြတာမဟုတ်ပါဘူး။

         အခုဆိုအခုဝယ်ချင်တယ်။ စိတ်နစ်နာမှုကိုမခံချင်ဘူး။ အပြင်မထွက်စားပဲ အိမ်မှာသက်သာစွာချက်မစားချင်ဘူး။ တစ်ခုခုလျှော့သုံးမှ အကြွေးပိုဆပ်နိုင်မယ်ဆိုတာ လက်မခံနိုင်ဘူး။ လူနေမှုပုံစံကိုမပြောင်းချင်ဘူး။ လိုချင်စိတ်နဲ့ပဲ အမြဲဆုံးဖြတ်ကြတယ်။ လိုချင်တာတွေများရင် လိုအပ်တာတွေပါဆုံးရှုံးနိုင်တယ်ဆိုတာ သဘောပေါက်ဖို့လိုပါတယ်။

(၂) သူတို့ဟာ အထင်ကြီးခံချင်တယ် ကြွားပြချင်တယ်။ 

        မျက်နှာပြင်ပေါ်မှာနဲ့ပဲသုံးသပ်ကြတယ်။ လူတိုင်းရဲ့နောက်ကွယ်မှာ ဖြစ်နေတဲ့ပြဿနာဆိုတာအများကြီးရှိပါတယ်။ မသိနိုင်ပါဘူး။ ဝတ်ပြ၊စားပြ၊ သွားပြ၊ လုပ်ပြတိုင်း ပြဿနာကင်းကြတာမဟုက်ပါဘူး။ ကိုယ်ကအရမ်းအောင်မြင်နေတယ်လို့ထင်နေတဲ့ သူဌေးတွေဆိုတာလဲ အကြွေးဝိုင်းဝိုင်းလည်တွေရှိပါတယ်။ ဘယ်သူကမှ မလှပတဲ့ ကိစ္စတွေကို လူမှုကွန်ရက်မှတင်ပြကြမှာလဲ။ သူများတွေနဲ့လိုက်မနှိုင်းရှင်ပါနဲ့ ကိုယ့်လမ်းကိုယ်လျှောက်ပါ ကိုယ်တတ်နိုင်သလောက်နဲ့ပဲ ဂုဏ်ယူပြီးရပ်တည်ပါ။ မဟုက်ရင်အကြွေးစရင်းက ဘယ်တော့မှမရပ်နိုင်လောက်ပါဘူး။

(၃) သူတို့ဟာ ပစ္စည်းဥစ္စာစွဲလမ်းစိတ် အရမ်းများတယ်။

         ပစ္စည်းအသစ် အထည်အသစ် ဖိနပ်အသစ် လက်ကိုင်အိတ်အသစ် ဖုန်းအသစ် စသည်မဝယ်ရရင်မနေနိုင်ဘူး။ အသစ်ထွက်ရင်အရစ်ကျချေးငွေနဲ့ဝယ်ပြီးကိုင်ချင်တယ်။ အားလုံးတန်ဖိုးကို နဲ့သတ်မှတ်တယ်။ ဒါမျိုးကားစီးနိုင်မှ ဒီနေနရာမှနေနိုင်မှ ဒါမျိုးတွေစားနိုင်မှ ဝတ်နိုင်မှာ ကိုယ့်တန်ဖိုးမြင့်တယ်လို့ယူဆနေကြတယ်။ အဲဒါတွေအကုန်ရှိမှ ပျော်မယ်လို့ထင်တယ်။ ခဏပျော်ရွှင်မှုရပြီးနောက် အကြွေးလှိုင်းတွေပါလာတဲ့အခါ ရေနစ်သလိုဖြစ်ကြတာပါပဲ။

(၄) သူတို့ဟာ မျှော်လင့်ချက်မဲ့သွားကြပြီ။

         အကြွေးတွေအရမ်းများလာတော့ ဘယ်လိုမှမတတ်နိုင်တော့ဘူး။ လက်လျှော့ချင်စိတ်တွေနေ့စဥ်ပေါ်လာတယ်။ ဘယ်လောက်ပဲငွေရှာရှာ ဘယ်လိုမှချေးငွေထောင်က မထွက်နိုင်ဘူးလို့ ခံစားနေရပြီ။ လမ်းပျောက်နေပြီ။ ဒါပေမယ့် ကိုယ်တစ်ယောက်ထဲမဟုက်ဘူး သင့်လိုပဲအကြွေးပိနေတဲ့အခြေအနေကနေလွတ်မြောက်သွားတဲ့လူတွေလဲသန်းနဲ့ ချီရှိပါတယ် ဖြေရှင်းချင်တဲ့စိတ်မွေးထားဖို့ လိုပါတယ်။ မရရအောင်ရုန်းထွက်မယ် ခဏအနစ်နာခံလိုက်မယ် လိုချင်စိတ်လျှော့မယ်လို့ တိကျခိုင်မာစွာဆုံးဖြတ်လိုက်ပါ။ အဓိကကကိုယ့်စိတ်ဓါတ်ယုံကြည်မှုနဲ့ပဲ သက်ဆိုင်တာပါ။

(၅) သူတို့ဟာ အကြွေးကျွန်ဘဝထဲကနေ ထွက်ရောက်နိုင်အောင် ဦးစားပေးမလုပ်ကြပါဘူး။

        အကြွေးတွေတော့ရပ်စေချင်တယ် ကုန်အောင်ဆပ်လိုက်ချင်တယ် စိတ်ကိုတော့မထိန်းနိုင်ကြဘူး။ အရေးအကြီးဆုံးကိစ္စလို့ မသတ်မှတ်နိုင်ကြဘူး။ ဘတ်ဂျက်ကွက်တိလုပ် ငွေဝင်ငွေထွက်စီမံခန့်ခွဲမှုမထားနိုင်ဘူး။ ထပ်ရရင်ထပ်ချေးမယ် အရင်ဟာပြန်ဆပ်မယ်။ အဲလိုနဲ့ပဲလည်ပတ်ရင်းကိုယ့်ဘဝမှာတိုးတက်မှုအတွက် ဘာမှမပြင်ဆင်ထားနိုင်ဘူး။ ရှာသမျှအားလုံးအကြွေးထဲမှာပဲ မျောပါသွားကြတယ်။

(၆) သူတို့ဟာ ပိုက်ဆံနဲ့ပတ်သက်ရင် ဘယ်လိုဆင်ခြင်သုံးသပ်သင့်တယ်ဆိုတာ နားမလည်ကြဘူး။

        အထူးသဖြင့်လူငယ်တွေများပါတယ်။ လစာရှာနိုင်တယ် ကျမ်းမာ​ရေးအခက်အခဲရှိတာလည်း နည်းတဲ့အတွက်အရမ်းသုံးတယ်။ ဘာမှမစုဆောင်းဘူး။ လစာအမြဲရှာနိုင်တယ်လို့ ထင်ယူတယ်။ ဖုန်းကားအိမ်အသုံးစရိတ်အားလုံး ဘဏ်ချေးငွေ အကြွေးဝယ်ကဒ်တွေနဲ့လိုက်ဝယ်တယ်။ ငွေသားသုံးပြီးရှင်းတဲ့ခေတ်မဟုက်တဲ့အခါ ဘယ်လောက်ဝင် ဘယ်လောက်ထွက်ဆိုတာ သေချာမမှတ်မိတော့ဘူး။ ကပ်ရောဂါလိုမျိုးမထင်မှတ်တဲ့အရေးပေါ်ပြဿနာတွေဖြစ်လာတော့ လစာတွေရော့ အလုပ်ကရှာမရ ငွေလဲဘာမှမစုထားခဲ့တော့ အကြွေးကကြီးမားလာပြီး  ဒုက္ခရောက်သွားကြပါတယ်။

(၇) သူတို့ဟာ မုသာစကား၌ ကျင်လည်ကြပါတယ်။

         ကိုယ့်ကိုကိုယ်ဆင်ခြေပြန်ပေးတယ် ကိုယ်တစ်ယောက်ထဲမဟုက်ဘူး။ လူတိုင်းမှာအကြွေးရှိတယ်။ အမှန်တကယ်ပြောရမယ်ဆိုရင် အကြွေးတိုင်းက ကောင်းတာမဟုက်ဘူး  သူများတွေချေးတယ်ဆိုပြီးကိုယ်လဲချေးမယ်လို့မဆုံးဖြတ်ပါနဲ့ ကိုယ်ရေးကိုယ်တာအသုံးစရိတ်ကိစ္စအတွက် ချေးငွေမယူသင့်ပါဘူး။ တစ်ချို့ကလုပ်ငန်းအတွက်ရင်းယူတယ် ပြန်ဆပ်တယ်တိုးတက်ကြီးပွားအောင် ချေးငွေကိုသေချာတွက်ချက်အသုံးပြုနေတယ်။ တစ်ချို့ကပြန်ချေးစားတယ် တစ်ချ်ု့ကလှည့်ပတ်ပြီးအကြွေးဆပ်ဖို့ထပ်ချေးတယ်။ တစ်ချို့ကလိုချင်စိတ်ကိုမထိန်းနိုင်လို့ တကယ်မလိုအပ်တာတွေ ဝယ်သုံးဖို့ချေးတယ်။ အကြွေးအများစုကမသင့်တဲ့ရည်ရွယ်ချက်နဲ့ယူကြတာများပါတယ်။ ကိုယ်ကိုကိုယ်သိဖို့လိုပါတယ်။ 

(၈) သူတို့မိသားစုအိမ်ထောင်ဖက်သားသမီးတွေက လိုက်လျှောညီထွေစွာ မလုပ်နိုင်ကြဘူး။

         အားလုံးကိုပွင့်လင်းစွာညှိနှိုင်းပါ။ ထိန်းချုပ်နိုင်ဖို့လိုပါတယ်။ ကိုယ်ကငွေရှာတယ် အကြွေးကျေအောင်လုပ်နေတယ်။ အိမ်ထောင်စုဝင်တွေက ဆက်လက်သုံးဖြုန်းနေတယ်။ သူတို့ကိုလဲ လက်တွဲပြီး ကိုယ်ဘက်ကိုမြင်အောင်မပြောပြနိုင်ဘူးဆိုရင် ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ တစ်ပြိုင်နက် အနစ်နာခံမှသာ အကြွေးကိစ္စတွေပြီးဆုံးနိုင်မှာပါ။ ကိုယ်နဲ့အချစ်ခင်ဆုံးအသိဆုံးသူတွေကိုမှ မရှင်းပြပေးချင်ရင် သူတို့ဘက်ကလည်း လုံးဝနားမလည်ပေးနိုင်ဘူးဆိုရင်တော့ ဒီ ရင်းနှီးဆက်ဆံရေးစိတ်တွေကအစစ်မန်တွေလား တစ်ကိုယ်ကောင်းဆန်တာတွေလားဆိုတာ ပြန်စဥ်းစားပါ။

(၉) သူတို့ဟာ ဝင်ငွေနည်းလို့မရှာနိုင်လို့ အကြွေးတင်နေတယ်လို့ သုံးသပ်လေ့ရှိပါတယ်။

        အနည်းအများတော့မှန်ပါတယ်။ တကယ်တော့ ၈၀ ရာခိုင်နှုန်းက ငွေစီမံခန့်ခွဲမှုနဲ့ အပြုအမှုအလေ့အထအမြင်မှားတာပါ။  ကိုယ့်စိတ်ကိုတောင့်ထားနိုင်ဖို့ပါပဲ။ လစာများလို့ သူဌေးဖြစ်သွားတယ်ဆိုတာရှားပါတယ်။ လစာများလာလေ အသုံးများလာတာလေဖြစ်တာပါ။ ဝင်ငွေထက်ထွက်ငွေပိုမများစေနဲ့။ ဝင်ငွေနည်းရင် ကြိုးစားပါ အချိန်ပိုင်းအလုပ်ရှာပါ ပိတ်ရက်တွေမှာလဲ တခြားအလုပ်လုပ်ပါ။ အိမ်မှာလက်ဖက်ရည်ဆိုင်အရက်ဆိုင်မှာထိုင်ပြီးငွေမဝင်ဖူးလို့ ငြီးငြူပြီးအချိန်မပုတ်ပါစေနဲ့။ 

(၁၀) သူတို့ဟာ ဘတ်ဂျက်လုံးဝမရှိဘူး။

        လစဉ်ဘတ်ဂျက်မရှိပါက ကိုယ့်ဝင်ငွေအတွက် အစီအစဉ်မရှိသလိုပါပဲ။ ဒါကငွေကိုမည်သည့်နေရာသို့သွားရမည်ကို မပြောထားတဲ့အတွက် သုံးချင်ရာသုံးတာကို ဦးတည်သွားလိမ့်မယ်။ ကိုယ့်ဝင်ငွေကိုကိုယ်ကမထိန်းချုပ်နိုင်ဘဲ ဝင်ငွေကကိုယ့်ကို ပြန်ထိထိရောက်ရောက်တားဆီးသလိုဖြစ်သွားလိမ့်မယ်။ လမကုန်ခင်ငွေကုန်တာတွေဖြစ်လာမှာပါ။

(၁၁) သူတို့ဟာအရေးပေါ်စုငွေမထားရှိကြဘူး။

        ရှာသမျှအားလုံးပြောင်နေအောင် လတိုင်းသုံးတယ်။ မလိုတာတွေစိတ်အလိုရှိတိုင်းဝယ်တယ်။ ငွေရှာအားကောင်းနေတုံးကတော့ အားလုံးအဆင်ပြေနေတယ်။ ငွေဆိုတာတကယ်လိုတဲ့အခါဘယ်လောက်ရဖို့ခက်လဲဆ်ုတာမတွေးဘူး။ အကြွေးဝယ်ကဒ်ချက်ချင်းပွတ်ဆွဲလိုက်တယ် ဒီဂျစ်တယ်လ် ငွေတွေနဲ့ အွန်လိုင်းမှာ ဖက်ခနဲဝယ်ယူတယ် ကျူအာ ကုဒ်နဲ့ မြန်မြန်စကန်လုပ်ပြီ းငွေဖြတ်လိုက်တယ်။ လကုန်တော့ဘာမှမကျန်တော့ဘူး။ တကယ်ပြဿနာ​တွေရှိလာတဲ့အခါ လျင်မြန်စွာပေးချေခဲ့တဲ့ ငွေတွေက ပြန်ရှာဖွေလို့မမရဘူး ဘာမှစမစုထားတဲ့အတွက် ဘာအရေးပေါ်ပြဿနာကိုမှ အဖြေမရှာနိုင်ဘူး အဲဒီကနေအကြွေးဘောင်ထဲစဝင်သွားရတာတွေလဲရှိပါတယ်။

(၁၂) သူတို့ဟာ အကြွေးပေါင်းများစွာကို ဘယ်လိုစရှင်းရမလဲ မစီစဥ်တတ်ကြဘူး။

        ချေးငွေဆိုတာရယူတဲ့အဆင့်ကအလွယ်ဆုံးပါ။ အားထဲ့ပြီးလုပ်ရတာငွေသွားထုတ်ရတာ စာရွက်စာတန်းအထောက်အထားဖေါ်ပြရတာတွေတော့ရှိပါတယ်။ သို့သော် ပြန်ဆပ်ချိန်ရောက်လို့ ကိုယ့်မှာဘာမှမရှိတော့ရင်အခက်ခဲဆုံးကိစ္စပါ။ ဒီအကြွေးထောင်ထဲက လုံးဝသေချာထွက်ချင်ရင် ကိုယ်တိတိကျကျလိုက်နာနိုင်တဲ့အစီအစဥ်တစ်ခုလိုအပ်ပါတယ်။ ဘယ်နေရာမှာအသုံးစရိတ်တွေကို လျှော့နိုင်မလဲ။ ဥပမာ နောက် ၆ လ ၁ နှစ် အပြင်ထွက်မစားဘူး ဘာအသစ်ပစ္စည်းမှမဝယ်ဘူး ဖုန်းဘေလျှော့သုံးမယ် စသည်ဖြင့် ရည်မှန်းချက်ပမာဏနဲ့လုပ်ဆောင်မှအကောင်အထည်ဖေါ်နိုင်မှာပါ။ ဘယ်ချေးငွေကိုဘယ်လိုဘယ်လောက်လစဥ်ဆပ်မလဲ။ အတိုးအများဆုံးပမာဏအများဆုံး ဦးစားပေးပြန်လည်ညှိနှိုင်းဖို့လိုပါတယ်။ တကယ်လိုအပ်တာကတော့ ခိုင်မှာတဲ့စိတ်ဆုံးဖြတ်မှုနဲ့ စတင်ရမှာပါပဲ။

Mother Finance

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်