တရုတ်နှစ်သစ်ကူးအလွန် ယခုအပတ် ဗီယက်နမ်ဆန်ဈေး မြင့်တက်လာပြီး အိန္ဒိယဆန်ဝယ်လက်များ မြန်မာ၊ ပါကစ္စတန်ဆန်ကို ပြောင်းဝယ်လာကြ

21/02/2022 13:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

တရုတ်နှစ်သစ်ကူး အလွန်ကာလမှာ ဆန်အရောင်းအဝယ်  ပြန်တက်လာပြန်တာကြောင့် ယခုအပတ်အတွင်း ဗီယက်နမ်ကနေ တင်ပို့တဲ့ဆန်ဈေးတွေ နှစ်လအတွင်း အမြင့်ဆုံးကို ရောက်ရှိလာပါတယ်။ အိန္ဒိယဆန်အပေါ် မှာတော့ ဝယ်လိုအား နည်းနေတာကြောင့် ဆန်ဈေးဟာ တစ်လအတွင်း အနိမ့်ဆုံးအခြေအနေမှာ ဆက်ရှိနေပါတယ်။

ဗီယက်နမ် ငါးမှတ်ဆန်ဈေးဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့တုန်းက တစ်တန်ကို ကန်ဒေါ်လာ ၄၀၀ ရှိခဲ့ရာ ဒီဇင်ဘာလလယ်နောက်ပိုင်း အမြင့်ဆုံးဖြစ်သလို ယခင်အပတ်က ပေါက်ဈေး ၃၉၅ ဒေါ်လာထက် မြင့်တက် လာတာ ဖြစ်ပါတယ်။

"တရုတ်နှစ်သစ်ကူးကာလအပြီး အရောင်းအဝယ် ပြန်စလာတာကြောင့် ဈေးအနည်းငယ် တက်သွားတာပါ။ ဝယ်လိုအားကလည်း မြင့်တက်နေပုံရပါတယ်" လို့ ဟိုချီမင်းစီးတီးမြို့အခြေစိုက် ကုန်သည်တစ်ယောက်က ပြောပါတယ်။ ဗီယက်နမ်မှာ မကြာခင် နွေဦးစပါး ပေါ်လုပေါ်ဆဲ အခြေအနေမှာ ကုန်သည်တွေဟာ လယ်သမား တွေဆီက ဆန်ကို အထိုက်အလျောက် ဝယ်ယူလျက်ရှိတယ်လို့ ၎င်းကုန်သည်က ပြောပါတယ်။

တောင်ကိုးရီးယားအစိုးရလက်အောက်ရှိ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနဲ့ အစား အသောက်ကုန်သွယ်ရေး ကော်ပိုရေးရှင်းကနေ ဆန်တန်ချိန် ၇၂၂၀၀ ဝန်းကျင် တင်ဒါထုတ်ပြန်ဝယ်ယူမှာကို ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ဗီယက်နမ်ကုန်သည်အချို့က ပြောပါတယ်။

ဆန်တင်ပို့မှု ထိပ်ဆုံးနေရာမှာ ရှိနေတဲ့ အိန္ဒိယနိုင်ငံရဲ့ ငါးမှတ် ပေါင်းဆန်ဈေးနှုန်းကတော့ ၃၆၈ နဲ့ ၃၇၄ ဒေါ်လာ ကြားမှာ မပြောင်းမလဲ ရှိနေပါတယ်။ အဓိကဝယ်လက်နိုင်ငံတွေဆီက ဝယ်လိုအား တုံ့ဆိုင်းနေတာကြောင့် ဆန်ဈေးဟာ တစ်လကျော်အတွင်း အနိမ့်ဆုံးမှာပဲ ဆက်ရှိနေတာပါ။

"ဆန်ဖြူဝယ်လက်တွေက ဈေးပိုသက်သာတဲ့ မြန်မာနဲ့ ပါကစ္စတန်ဘက်ကို ပြောင်းဝယ်နေကြတယ်" လို့ နိုင်ငံရပ်ခြားကုန်သွယ်ရေးအဖွဲ့အစည်းတစ်ခုနဲ့ အလုပ်လုပ်နေတဲ့ မွန်ဘိုင်းမြို့အခြေစိုက် အိန္ဒိယကုန်သည် တစ်ဦးက ပြောပါတယ်။

အိန္ဒိယလယ်သမားတွေဟာ ယခုနှစ်မှာ ဆန်စပါးတန်ချိန် ၁၂၇ ဒသမ ၉၃ သန်းအထိ စံချိန်တင် ရိတ်သိမ်းရဖို့ ရှိပါတယ်။  ယခင်နှစ်က ထုတ်လုပ်မှုကတော့ တန်ချိန် ၁၂၄ ဒသမ ၃၇ သန်း ရှိခဲ့တာပါ။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ရာသီဥတုအခြေအနေပေးပြီး ဆန်ဈေးတက်နေချိန်မှာ လယ်သမားတွေက မိုးကောင်းသောက်စပါးစိုက်ဧက တိုးမြှင့်ခဲ့ကြတာကြောင့် ယခုနှစ်အထွက်နှုန်းဟာ တန်ချိန် ၁၅ သန်းအထိ မြင့်တက်လာဖို့ ရှိတယ်လို့ မျှော်လင့်ထားပါတယ်။

ဒါပေမဲ့ သီးနှံအထွက်ကောင်းပြီး အရန်ဆန် အများအပြား ရှိနေတဲ့တိုင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပြည်တွင်းဆန်ဈေး မြင့်တက်မှု ပြဿနာကို ရင်ဆိုင်ဖြေရှင်းနေရဆဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ငါးမှတ်ပေါင်းဆန်ဈေးကတော့ ယခင်အပတ်က တစ်တန်ကို ၄၀၇-၄၁၅ ဒေါ်လာကြား ရှိခဲ့ရာကနေ ဒီတစ်ပတ်မှာ ၄၁၀-၄၂၀ ဒေါ်လာထိ မြင့်တက်လာပါတယ်။ ဘတ်ငွေဈေးဟာ ဖေဖော်ဝါရီလ ၁၁ ရက်နဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့အထိ ကြားကာလအတွင်း အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် ၁ ဒသမ ၇ ရာခိုင်နှုန်း တန်ဖိုးတက်ခဲ့ တာကြောင့် ဆန်ဈေး မြင့်တက်လာရတာလို့ ထိုင်းကုန်သည်တွေက ပြောပါတယ်။

ASIA RICE-VIETNAM RATES RISE AS ACTIVITY PICKS UP, INDIA MARKET SUBDUED

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်