ဝက်ဆားအဆိပ်သင့်ခြင်း(သို့) ဝက်ရေငတ်ရောဂါ

03/08/2022 16:30 PM တွင် Dr.ညွန့်ရွှေ(မွေးမြူဆေးကု) Dr.ညွန့်ရွှေ(မွေးမြူဆေးကု) မှ ရေးသား

ဝက်များဆားအဆိပ်သင့်ရောဂါ (Salt Poisoning) သည် ဝက် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါသည်။ အထူးသဖြင့် ဝက်သောက်ရေ ပြတ်လပ်ခြင်း၊ ဝက်များသယ်ဆောင်ရာတွင် ခရီးလမ်းကြာရှည်ကာ သောက်ရေပေးရန်ပျက်ကွက်ခြင်းနှင့်လည်း ဆက်စပ်နေသည်။ 

 ဤရောဂါသည် ဆရာဝန်အများစု ပြောလေ့ပြောထနည်းသောကြောင့်  အမေ့ခံရောဂါလည်းဖြစ်သည်။  ဝက်များ သောက်ရေလုံလောက်စွာ မရချိန်တွင်ဖြစ်တတ်သောကြောင့် ဝက်ရေငတ်ရောဂါ ( water deprivation ) ဟုလည်း ခေါ်ဆိုပါသေးသည်။ 

ဖြစ်ပွားရသောအကြောင်းရင်း

  • ၁။ ပုံမှန်အားဖြင့်ဝက်စာအစာတွင် ဆား ဝ.၄-ဝ.၅ % ထည့်သွင်းစပ်ကြခြင်းသည် ပုံမှန်ဖြစ်သည်။ အဆိပ်အတောက်မဖြစ်ပါ။ သို့သော် ဝက်ကသောက်ရေပြတ်လတ်ခြင်းဖြစ်လျှင် ဆားအဆိပ်သင့်ပါသည်။ အချို့ဝက်မွေးတောင်သူတို့သည် ဝက်များ နာမကျန်းသည့်အသွင်တွေ့ရလျှင် ဆားကျွေးခြင်း၊ ဂျင်း ငရုတ် ဆားကျွေးခြင်းဖြင့် ကုသလေ့ရှိပြီး ယင်းကဲ့သို့ ကုသပြီး ရေတိုက်ကျွေးခြင်း မရှိပါကလည်း ဆားအဆိပ်သင့်နိုင်ပါသည်။
  • ၂။ အစာစားနှုန်းကောင်းအောင် အစာတွင် ငါးပိထည့်ကျွေးခြင်း၊ သို့မဟုတ် စပ်စာတွင် ဆားအလွန်များခြင်း ၊ အငန်ဓာတ်များသော ငါးခြောက်တို့နှင့်ရောစပ်ကျွေးခြင်းတို့ကလည်း ဆားအဆိပ်သင့်ခြင်းကို ဖြစ်စေပါသည်။ 
  • ၃။ Nipple ပိုက်ဖြင့် ရေတိုက်သောဝက်ခြံတွင် ရေပိုက်ပိတ်ဆို့ခြင်း၊ ကန်တွင်းရေကုန်သည်ကို မစစ်ဆေးခြင်းတို့ကလည်း ဤရောဂါဖြစ်ပွားမှုဆီ ဦးတည်စေနိုင်သည်။

ဆားအဆိပ်သင့်ခြင်းကြောင့်တွေ့ရသည့်လက္ခဏာများ

  • အစောပိုင်းအဆင့်တွင် အစာစားပျက်ခြင်း
  • ဝက်အုပ်လိုက် အစာလုံးဝမစားခြင်း
  • Nipple ပိုက်ဖြင့်ရေတိုက်သော ခြံတွင် nipple ခေါင်းကို မကြာမကြာကိုက်ခြင်း
  • လမ်းသွားလျှင် ဒယီးဒယိုင်ဖြစ်ခြင်း၊ အာရုံကြောလက္ခဏာများဖြစ်သည့် အသားတဆတ်ဆတ်တုန်ခြင်း
  • မျက်မမြင်ကဲ့သို့ ဟိုဟိုဒီဒီ လျှောက်နေခြင်း
  • အလွန်သိသာသည့် လက္ခဏာမှာ ခွေးကဲ့သို့ ဖင်ထိုင်ခြင်း
  • ဦးနှောက်အမြှေးရောင်ခြင်း ( menigitis )
  • သွက်ချာပါဒဖြစ်ခြင်း( လဲနေခြင်း၊ လျှာကိုကိုက်ဝါးခြင်း၊ သွားရည်ကျခြင်း)။
  • နားရွက်ထိပ်နီခြင်း၊ ဝမ်းဗိုက်နီခြင်း (ထိုအခါ နားရွက်ပြာ၊ အာဖရိကန်ဝက်အပြင်းဖျားရောဂါတို့နှင့် ဆင်တူနေတတ်သည်) 

ရံဖန်ရံခါ သေနှုန်းမြင့်မားတတ်ပါသည်။

ကာကွယ်ကုသခြင်း

ဤရောဂါအတွက် ဆေးကုသခြင်းသည် သိပ်မထိရောက်လှ၊ ကြိုတင်ကာကွယ်ခြင်းသည်သာ ထိရောက်သည်။

ရောဂါဖြစ်ပွားမှုကိုတွေ့ရှိပါက..

  • ပါးစပ်မှ ဓာတ်ဆားရေတိုက်ပါ။ ပိုက်ပျော့ဖြင့်လည်း ပါးစပ်မှ တိုက်နိုင်သည်။  ပြင်းထန်ပါက အစက်ချတိုက်ပါ။ ချိုငန်  အကြောဆေးအရည်( 5 % ) အကြောဆေးပေးနိုင်သည်။ 
  • Corticosteroid ထိုးဆေးပေးခြင်းကလည်း အကူအညီ ဖြစ်စေပါသည်။
  • သောက်ရေစံနစ်တစ်လျှောက်လုံး စစ်ဆေးပါ။ ပိုက်များပိတ်ဆို့နေပါက အမြန်ပြုပြင်ပါ။
  • သောက်ရေပေးစံနစ်ကို ပုံမှန် နေ့စဉ်စစ်ဆေးသင့်သည်။
  • ခရီးရှည်သွားလျှင် အနားပေး၍ ရေတိုက်ပါ။

ယခုအချိန်လို အစာဈေးကြီးပြီး ဝက်ဈေးကောင်းချိန်တွင် မွေးမြူရေးတောင်သူများအနေဖြင့် သာမန်ဂရုစိုက်မှုထားရုံဖြင့် ကာကွယ်နိုင်သည့် ဒီဆားအဆိပ်သင့်ရောဂါကြောင့် ပျက်စီးဆုံးရှုံးမှု မကြုံစေရန် တင်ပြပေးလိုက်ခြင်းဖြစ်ပါသည်။

Dr. ညွှန့်ရွှေ ( မွေးမြူဆေးကု )

Reference: The Pigsites

                   Salt intoxication 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်