တောင်သူများအတွက် ချေးငွေဆိုင်ရာ သိကောင်းစရာများ

13/07/2018 10:22 AM တွင် internews internews မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။

 ပြန်လည်ပေးဆပ်နိုင်သော ပမာဏကိုသာ ချေးယူပါ။ ကြွေးဝန်မပိပါစေနှင့်။

 စိုက်ပျိုးရေးဆိုင်ရာ ချေးငွေတွေက ဘယ်က ရနိုင်လဲ?

 - မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB)

 - မြစိမ်းရောင်စီမံကိန်း

 စိုက်/ဘဏ်ချေးငွေ သတိပြုရန်

 သုံးဦးတစ်ဖွဲ့ ဝိုင်းကြီးချုပ်စနစ်ဖြင့် ချေးပေးပြီး သုံးဦးထဲမှ တစ်ဦးဦးက ပြန်လည် ပေးဆပ်ရန် ပျက်ကွက်ပါက အကြွေးမကျေမချင်း တစ်ဖွဲ့လုံးကို ထပ်မံထုတ်ချေးမည် မဟုတ်ပါ။

 () မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် (MDEP)(ချေးငွေစနစ်)

 - စပါးသီးနှံ(တစ်ဧက တစ်သိန်းခွဲ)

 - အခြားသီးနှံ (တစ်ဧက ငါးသောင်း)

 အတိုးနူန်း - ၁၂ လကို () ကျပ်နူန်း။

 သတ်မှတ်ချက်များ

 - လယ် (သို့မဟုတ်) အခြားသီးနှံပိုင်ဆိုင်မှု ၁၀ ဧက အောက် ပိုင်ဆိုင်သူ ဖြစ်ရပါမည်။ (၁၀ ဧက မကျော်ရ)

 - သက်ဆိုင်ရာ ကျေးရွာအုပ်စုမှာ အမြဲတမ်း နေထိုင်ပြီး အမှန်တကယ် လယ်ယာလုပ်ငန်း လုပ်ကိုင်နေတဲ့ လယ်သမား ဖြစ်ရပါမယ်။

 - တစ်အိမ်ထောင်ကို တစ်ယောက်သာ ချေးငွေတင်ခွင့် ရှိပါတယ်။

 - လယ်ယာမြေပိုင်ဆိုင်မှု မြေစာရင်းဌာနက ထုတ်ပေးတဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ - ) ရှိရပါမည်။

 အထက်ပါ အချက်လေးချက်နှင့် ညီပါက သက်ဆိုင်ရာမြို့နယ်အသီးသီးက မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ်မှာ ချေးငွေလျှောက်ထားနိုင်ပါတယ်။

 ချေးငွေ ပြန်လည် ပေးဆပ်ပုံ

 စပါးပေါ်ချိန် (သို့မဟုတ်) သီးနှံပေါ်ချိန်မှာ ပြန်လည်ပေးဆပ်ရမှာဖြစ်ပြီး သီးနှံပေါ်မူတည်ကာ () လ၊ ()လ၊(၁၀)လ စသဖြင့် အချိန်ကာလ ကွဲပြားနိုင်ပါတယ်။

 () မြစိမ်းရောင်စီမံကိန်း

 ဒီစီမံကိန်းက အစိုးရရဲ့ငွေကို သုံးပြီး ကျေးလက်ဒေသဆင်းရဲမှု လျှော့ချနိုင်ရန် ရည်ရွယ်ကာ တစ်ပိုင်တစ်နိုင် လုပ်ငန်းလေးများ လုပ်နိုင်ဖို့ မတည်ငွေ ထုတ်ပေးနေတာ ဖြစ်ပါတယ်။

 စီမံကိန်းရဲ့ ထူးခြားချက်

 မတည်ထောက်ပံ့ငွေဖြစ်တာကြောင့် ပြန်လည်ပေးဆပ်ရန် မလိုဘဲ လျောက်ထားရရှိတဲ့ ကျေးရွာမှ ရွာသားများအနေဖြင့် မတည်ငွေဖြင့် အရင်းအနှီးအဖြစ် အသုံးပြုပြီး ငွေကြေးတိုးပွားလာစေရန် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

 မြစိမ်းရောင် မတည်ငွေကို ဘယ်သူတွေ ရနိုင်လဲ

 - ဆင်းရဲသောကျေးရွာများ

 - မွေးမြူရေး အကောင်အထည်ဖော်နိုင်မှု (တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ် မွေးမြူရေး ဆောင်ရွက်ရန် အလားအလာရှိမှု)

 - တရားဥပဒေစိုးမိုးခြင်း (အရက်ပုန်း၊ လောင်းကစား၊ မူးယစ်ဆေးဝါး ကင်းစင်ခြင်း)

 - ရွာသူ၊ ရွာသားများ၏ စိတ်အားထက်သန်မှု။

 - အိမ်ခြေအနည်းဆုံး (၁၀၀) နှင့် အထက်ရှိသော ကျေးရွာ။ (အကယ်၍ အိမ်ခြေ ၁၀၀ အောက် လျော့နည်းပါက အုပ်ချုပ်မှု လွယ်ကူသည့် နီးစပ်ရာ ကျေးရွာများနှင့် ပေါင်းစပ် ဖွဲ့စည်းနိုင်ပါတယ်)

 မတည်ငွေလျှောက်ထားတဲ့ ကျေးရွာတွေကို သတ်မှတ်ချက်နှင့် ညီ မညီကို ကျေးရွာမြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှု ကော်မတီက စီစစ်ရွေးချယ်ရပါတယ်။

 မတည်ထောက်ပံ့ငွေမှာ ကျေးရွာတစ်ရွာအတွက် ကျပ်သိန်း ၃၀၀ ဖြစ်ပါတယ်။

 ချေးငွေများကို အမှန်တကယ် အကျိုးရှိသော နေရာတွင်သာ အသုံးပြုပါ။

Source - Internews နှင့် စိုက်မွေးဆည်ဝန်ကြီးဌာန

ပန်းဖလက်ရယူရန် - http://bit.ly/2vljjd0

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးဂုတ်ကျိုးရောဂါကြောင့် အထွက်နှုန်း မလျော့ပါစေနဲ့..။ #ရှူးဝါး (၇၅ ဒဗလျူပီ) စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ ဘာကြောင့် #ရှူးဝါးကို သုံးစွဲသင့်တာလဲ? 👉 ရှူးဝါးမှာ ပါဝင်တဲ့ အစွမ်းရှိပစ္စည်း Tricyclazole ဟာ မှိုတွေ အပင်ထဲကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ လိုအပ်တဲ့ Melanin (အရောင်ခြယ်ပစ္စည်း) ထုတ်လုပ်မှုကို လုံးဝဟန့်တားပစ်ပါတယ်။ 👉 မှိုတွေ အပင်ထဲကို ထပ်မံမဝင်ရောက်နိုင်အောင် တားဆီးပေးလို့ နောက်ထပ် ရောဂါမပြန့်ပွားအောင် အချိန်ကြာမြင့်စွာ ကာကွယ်ပေးပါတယ်။ 👉 ပင်လုံးပြန့်အာနိသင်ရှိတဲ့အတွက် ဖျန်းပြီးတာနဲ့ အပင်အတွင်းပိုင်းထိ စိမ့်ဝင်ပြီး မှိုရောဂါတွေကို ချက်ချင်း ထိန်းချုပ်ပေးပါတယ်။ 👉 ပင်စည်ဂုတ်ကျိုးရောဂါနဲ့ အနှံဂုတ်ကျိုးရောဂါတွေကို အမြစ်ပြတ်အောင် ကာကွယ်ကုသနိုင်လို့ အထွက်နှုန်းအတွက် အပြည့်အဝစိတ်ချရ‌စေပါတယ်။ စပါးတစ်ရာသီမှာ ရှူးဝါးကို ၃ကြိမ်ပဲသုံး 👉 ပျိုးခင်းအရွယ် (သို့) ၂၀ ရက်သား (ကြိုတင်ကာကွယ်ရန်) 👉 ပင်ပွားအားကောင်းချိန် (ရောဂါကင်းစင်ရန်) 👉 စပါးနှံ ၅% ထွက်ချိန် (အနှံများ အကျိုးအပဲ့မရှိ အောင်မြင်စေရန်) ကဲ...ဦးကြီးတို့ရေ ရောဂါကင်းမှ အထွက်တိုးမည်၊ အထွက်တိုးမှ အကျိုးအမြတ်ရမည်။ ဆိုတော့ကား.. ပင်စည်သန်စွမ်း၊ အနှံဝင်းဝါဖို့ ရှူးဝါးနဲ့ အတူလက်တွဲစို့
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်