အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လုပ်ငန်းရှင်ကြီးဖြစ်ဖို့ - ၃

လုပ်ငန်းရှင်ကြီးဖြစ်ဖို့ - ၃

Htunn Winn Kyaw
Htunn Winn Kyaw • Greenovator • 20/08/2020

   ထုတ်ကုန်ကို ဘယ်လိုထုတ်လို့ ရနိုင်သလဲ။ ဘယ်လိုပြောင်းလဲ မလဲ။

 ကိုယ်က စပါးစိုက်ရင် ထုတ်ကုန်က စပါးပေါ့။  တစ်ဆင့်တက်ရင် ဆန်ပေါ့။  အဲ့လိုက ရိုးရှင်းနေပြီဆိုတော့ နောက်ထပ် ထုတ်ကုန်ကို လုပ်ငန်းရှင်ကြီးတစ်ယောက်အနေနဲ့ ဘယ်လိုထုတ်လုပ်မလဲဆိုတာကို ဒီဆောင်းပါးမှာ တွေ့ရပါမယ်နော်။  

ထုတ်ကုန်

     ထုတ်ကုန်လို့ ဆိုလိုက်ရင် တစ်ခုတည်းမဟုတ်ပါဘူး။  သူ့မှာပေါင်းစပ်ထားတဲ့ ကုန်ပစ္စည်းတွေ၊ ထပ်ပေါင်းထားတဲ့ တန်ဖိုးတွေပါပြီးတော့ နောက်ဆုံး စားသုံးသူလက်ထဲမှာ စားသုံးလိုက်ပြီးတော့မှ အဆုံးသတ်သွားတာမျိုးပါ။ 

အနှစ်သာရထုတ်ကုန် (Core Product) 

     အဓိက ထုတ်ကုန်ပါ။  ခုဏက ဥပမာနဲ့ပြောရရင် ကိုယ့်ထုတ်တဲ့ အဓိက ထုတ်ကုန်အဖြစ် ဆန် က်ု ရောင်းမှာလား၊ စပါးကိုရောင်းမှာလားဆိုတဲ့ ဆုံးဖြတ်ချက်ပါ။  အဲ့အထဲက တကယ်ရောင်းတဲ့ ကုန်ပစ္စည်းက အနှစ်သာရထုတ်ကုန်ပါ။ 

စုစုပေါင်းထုတ်ကုန် (Total Product)

     သူက အနှစ်သာရ ထုတ်ကုန်ဖြစ်တဲ့ ဆန် ကို တစ်တင်း တစ်တင်းခွဲ အထုပ်နဲ့ ထုတ်ရောင်းလိုက်တဲ့အခါမျိုးမှာ အနှစ်သာရထုတ်ကုန် နဲ့ အတူ ထုပ်ပိုးခ၊ အလုပ်သမားခ ကိုပါ ရောပေးလိုက်ရပါတယ်။  အသီးအနှံတွေဆိုလည်း အရွယ်အစားခွဲထားတာ၊ အရင့်အမှည့်ခွဲထားတာ၊ အရည်အသွေး ခွဲထားတာမျိုးကနေ မူလ အနှစ်အရသာထုတ်ကုန်ကို ထူးကဲလိုက်တာကြောင့်မို့ ကုန်ပစ္စည်းက ပိုပြီး တန်ဖိုး တက်သွားတာ ကိုဆိုလိုပါတယ်။  နားလည်အောင်ပြောရရင် စပါးက ကုန်ကြမ်း ဆန်က ကုန်ချော သဘောမျိုးဖြစ်ပါတယ်။ 

အားကြီး ထုတ်ကုန် (Augmented Product)

     သူက ဘာကိုဆိုလိုတာလဲဆိုတော့ ထုတ်လုပ်သူဖက်ကနေ ပေးနိုင်တဲ့ အာမခံမှုအပေါ်မှာ ထုတ်ကုန်က တန်ဖိုးကွာတာကို ပြောတာပါ။ ရပ်ကွက်ထဲက လျှပ်စစ်ပစ္စည်းဆိုင်မှာ မီးလုံးဝယ်ရသလိုပါပဲ။  အာမခံပါတာ ယူမလား မပါတာ ယူမလားလို့ မေးပါလိမ့်မယ်။  ဈေးက ၂၀၀၀ ​လောက်ကွာ ပါတယ်။  ဘယ်လို လိုချင်သလဲ ရစေရမယ်။ ဖြစ်သွားရင် လာခဲ့လိုက် ပြန်အမ်းမယ် ဆိုတာလေးတွေနဲ့ လုပ်စားရတာပေါ့။  

     ထုတ်ကုန် တစ်ခုတည်းမှာ ကိုယ်က core အဆင့်နဲ့ပဲ ငြိမ်နေမလား။ Agument အထိရောက်အောင် သွားမလာဆိုတာက လုပ်ငန်းရှင်ကြီးတွေ အပေါ်မှာ မူတည်ပါတယ်။  

ကုန်ပစ္စည်းရဲ့ ထူးခြားတဲ့စရိုက်လက္ခဏာတွေ 

     လုပ်ငန်းတစ်ခုလုပ်ပြီဆိုရင်် ကိုယ့်ကုန်ပစ္စည်းရဲ့ စရိုက်လက္ခဏာက သူများတွေထက် ထူးခြားနေအောင် အမြဲကြိုးစားနေရပါတယ်။  ဥပမာဆို ဖုန်းတွေပဲကြည့် ဓာတ်ပုံရိုက်တဲ့ ဖုန်းကင်မရာက တစ်လုံးကနေ နစ်လုံး သုံးလုံး ထပ်ထုတ်နေကြတာ အခုဆို ကင်မရာ ၄ လုံးထိ တပ်ကြပြီ။  ထူးခြားဆန်းသစ်အောင် အမြဲလုပ်နေကြရပါတယ်။  ထူးခြားတယ်ဆိုတာကလည်း ကိုယ့်ဆီက ဝယ်သူတွေရဲ့ လိုအပ်ချက်ကို ပြည့်စုံအောင် ဖြည့်ဆည်းပေးတာပါပဲ။  အရည်အသွေးပိုင်းကသော်လည်းကောင်း အရေအတွက်ပိုင်းကသော်လည်းကောင်းပေါ့။ 

စိုက်ပျိုးထုတ်ကုန်တွေရဲ့ စရိုက်လက္ခဏာများ 

     စိုက်ရေး ပျိုးရေး လုပ်ငန်းရှင်တွေက ထုတ်လုပ်ပေးတဲ့ စိုက်ပျိုးထုတ်ကုန်တွေမှာ ထုတ်လုပ်မှုပိုင်းဆိုင်ရာ၊ ဈေးကွက် ပိုင်းဆိုင်ရာနဲ့ စားသုံးမှုပိုင်းဆိုင်ရာ စတဲ့ အပိုင်းကြီး (၃) ပိုင်းကို အခြေခံပြီးတော့ ထုတ်ကုန်တွေကို ခွဲခြားလို့ရပါတယ်။ 

ထုတ်လုပ်မှုပိုင်းဆိုင်ရာ ထုတ်ကုန်တွေမှာ 

ရာသီအလိုက် ထွက်ရှိတဲ့ ရာသီထုတ်ကုန်နဲ့ 

ပျောက်ကြား ကွက်ကြား ထုတ်လုပ်တဲ့ ထုတ်ကုန်ဆိုပြီး ခွဲခြားလို့ရပါတယ်။

နောက်တစ်ပိုင်းဖြစ်တဲ့ ဈေးကွက်ပိုင်းဆိုင်ရာ မှာဆိုရင် ဈေးကွက်ထဲမှာ

     (က) အလွယ်တကူ ပုပ်သိုး နိုင်တဲ့ ထုတ်ကုန်

     (ခ) အများအပြားထုတ်လုပ်တဲ့ ထုတ်ကုန်ကြီးများ

     (ဂ)  အရည်အသွေး (သို့)  အရေအတွက်ကို ဦးစားပေးပြီး ထုတ်လုပ်တဲ့ ထုတ်ကုန် ဆိုပြီး ဈေးကွက်ထဲမှာ တွေ့ရမှာပါ။

နောက် စားသုံးသူတွေဖက်ကနေ ကြည့်တဲ့ အပိုင်းမှာ 

     (က) အမြဲတမ်းစားနေတဲ့ ထုတ်ကုန်တွေ

     (ခ) ပုံသေနှုန်းနဲ့ မလှုပ်မရှား ရောင်းနေရတဲ့ ထုတ်ကုန်တွေ

     (ဂ) အတက်အကျ အရမ်းများတဲ့ ထုတ်ကုန် တွေ ဆိုပြီး လေ့လာတွေ့ရှိရမှာပါ။ 

     ကိုယ်ထုတ်နေတဲ့ ထုတ်ကုန်က ဘယ်နေရာမှာပါတာလဲ။  ဘယ်အခြေအနေကိုပြောင်းချင်တာလဲ ဆိုတာ ကြည့်ပြီး ပြောင်းလဲလို့ရပါတယ်။ ဘယ်အခြေအနေထိကို ရည်ရွယ်ထားတာလဲဆိုတာထိ ဆက်လျှောက်နိုင်ပါတယ်။ 

ထွန်းဝင်းကျော်

Reference

www.smartfarmerproject.eu/SmartFarmerPlatform/files/untis_files/SmartFarmer_Training%20Material_Module2_Unit4_Final.pdf 


ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ

U Yan • ဖြေကြားချက် 3 ခု

စဉ်းသုခစပါး စက်ရိတ်အစိုကိုဘယ်ဈေးရှိလဲဗျ ဧရာဝတီကျောင်းကုန်းပါ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

စပါးခင်းတွေပိုးကျသက်သာအာင်မြေကိုစိုစွတ်နေတဲ့အတိုင်ရေစိုစွတ်ယုံလောက်ထားမယ်စပါးထွက်စပြုစပါးနှံနိုရေမထည့်ခင်လေး ‌မြေအဲ့လိုထားပြီးစပါးအနှံအောင်တဲ့အချိန်မှဲ့တဲ့ထိထားမယ် အစင်ပြေနိုင်လာ

KO Thiha lin • ဖြေကြားချက် 2 ခု

ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်တော့အခင်းက စပါးနှံအထွက်နောက်ကျသလိုခံစားရတယ် ဒါဟာပုံမှန်ဖြစ်နေကျလာသိချင်လိုပါ သူများထက်2ရက်စောပါတယ်ဆင်းသုခစပါးအချင်းချင်းပါ

KO Thiha lin • ဖြေကြားချက် 7 ခု

ဆရာခင်ဗျ ခရမ်းချဥ်ခင်းအတွက်ပါ ခရမ်းချဥ်ကတော့အသီးကတော့ အဆုတ်လိုက်တွေ သီးတာဗျ ဒါပေမဲ့ အပင်တက်ကျ နှေးနေလားလို့ဆရာ ဒီကြားထဲ ဆျာ ပီဖိုလန်ကို ရပ်ခိုင်းပီး ထွက်တိုးသုံးခိုင်းတာ နှစ်ကတ်တော့ဖျန်းပီးပီ နည်းနည်းတော့တက်လာတယ်ဆရာ အခုပထမပုံထဲက ရှယ်ပီကေ ကိုလဲ ဆျာပြောတဲ့ ပိုတက် အချိုးများလို့ အဲ့ဆေးလဲ ဖျန်းချင်တယ် အပင်ထိုင်သွားမှာလဲစိုးရတယ် အတာကို ဘယ်လိုဖျန်းသင့်လဲဆရာ ပီးတော့လေ ဝိစာရက ကပ်စီပလပ်နဲ့ မင်းမဟော်က မင်းသားက အာနိတင်တူလားဆရာ အဲ့ကယ်စီယမ်ပါတဲ့ဆေးတွေက ဘယ်နှစ်ရက်ကို ဘယ်နှစ်ကြိမ်လောက် ဖျန်းသင့်လဲဆရာ ကျွန်တော်ကတော့ ဘိုရွန်ပါတဲ့ ကပ်စီပလပ်ကိုကြိုက်မိနေလို့ ဆျာ အခုညနေက ဂရမ်း မှိုဆေးနဲ့ မင်းသား အားဆေးနှစ်မျိုးဖျန်းမှာပါဆရာ အတာပီးရင် ရှယ်ပီကေဝင်ချင်တာ အပင်ထိုင်သွားမှာစိုးလို့မဝင်ရဲဘူး အတာဆျာဘာဆေးတွေဝင်ရမလဲ အကြံပေးပါနော်ဆျာ မင်းသားနဲ့ ကယ်ီပလပ် ဘယ်ဟာနဲ့ရောတွဲရမလဲ နော်

U Yan • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။