ဗီတာမင်တွေ ဘာတွေကောင်း..ဘယ်လိုဖြည့် (၂)

05/02/2022 17:30 PM တွင် နန်းအောင် နန်းအောင် မှ ရေးသား

ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေက ဘယ်လိုအလုပ်လုပ်ပြီး ဘယ်လို အကျိုးပြုကြလဲ..? 

ဘယ်လိုအစားအသောက်တွေစားပြီး ဖြည့်ဆည်းပေးလို့ရလဲ..?

အဲ့ဒါတွေက အပိုင်း(၁)မှာ အတော်များများ ပြောခဲ့ပြီးပါပြီ..။ အခု နောက်ထပ်ကျန်သေးတဲ့ ဗီတာမင် တစ်ခုချင်းစီ ရဲ့ အကြောင်းကို ထပ်ပြောသွားပါမယ်ဗျ..။

ဗီတာမင် C 

ဗီတာမင် C ကတော့ သွေးကြောများ၊ အရိုးနု၊ ကြွက်သားနဲ့ အရိုးတွေထဲမှာ ကော်လာဂျင် ဓာတ်များ ဖြစ်ပေါ်စေရန်  ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်..။ သူက လူ့ခန္ဓာကိုယ်မှာ အနာ၊ ဒဏ်ရာ တစ်ခုခု ဖြစ် ခဲ့ရင် သက်သာစေခြင်း ( ဉပမာ - အရိုးကျိုးခဲ့ရင် သင့်ရဲ့ ခန္ဓာကိုယ်ကနေ ချက်ချင်း ဆဲလ်သစ်တွေိကိုထုတ်လုပ်ပြီး အနာသက်သာအောင်လုပ်ခြင်း) စတဲ့ ကုသမှုဖြစ်စဉ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တစ်ခုပဲဖြစ်ပါတယ်။ ပြီးတော့ ဗီတာမင်C က ပတ်ဝန်းကျင်ညစ်ညမ်းမှု (ဆေးလိပ်ငွေ့တွေ၊ မီးခိုးငွေ့တွေ) ၊ ခရမ်းလွန်ရောင်ခြည်၊ စိတ်ဖိစီးမှုနဲ့ အခြား ညစ်ညမ်းမှုတွေကြောင့် ခန္ဓာကိုယ်ကထုတ်တဲ့ free radical မော်လီကျူးတွေရဲ့ ခန္ဓာကိုယ် အပေါ် အကျိုးသက်ရောက်မှုတို့ကို ကာကွယ်ပေးတဲ့ ဆဲလ်များကို ကူညီကာကွယ်ပေးပါတယ်။ Free radicals ဆိုတာက ဆဲလ်သေဆုံးမှုကိုဖြစ်စေတဲ့ မော်လီကျူးတွေဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်  C ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သံဓာတ်စုပ်ယူပြီး သိုလှောင်ရာမှာလည်း ကူညီပေးပါတယ်။

ဗီတာမင် C ကိုတော့ ရှောက်သံပုရာ၊ ဘယ်ရီသီး၊ အာလူး၊ ခရမ်းချဉ်သီး၊ ငရုတ်၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်း နုနွယ် စတာတွေကနေ ရရှိနိုင်ပါတယ်။ သူ့ကိုတော့ ဆေးတောင့် ဆေးပြား ၊ ငုံဆေးပြားစတဲ့ ပုံစံအမျိုးမျိုးနဲ့ အဟာရဖြည့်စွက်စာအဖြစ် ထုတ်လုပ်ကြပြီး လူသိများတဲ့ ဗီတာမင်တစ်မျိုးလည်းဖြစ်ပါတယ်။

ဗီတာမင် D

သူ့ကိုတော့ ခန္ဓာကိုယ်ရဲ့ အရိုးတည်ဆောက်မှုနဲ့ ကျန်းမာကြံ့ခိုင်တဲ့ အရိုးများဖြစ်ဖို့အတွက် မရှိမဖြစ် လိုအပ် ပါတယ်။ ခန္ဓာကိုယ်ရဲ့ အရိုးများ ကျန်းမာဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယံကို စုပ်ယူဖို့အတွက် ဗီတာမင် D လိုအပ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဆဲလ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်များ ပုံမှန်ဖြစ်နေစေဖို့လည်း လုပ်ဆောင်ပေး ပါတယ်။ 

သူ့ကိုတော့ အစားအသောက်တော်တော်များများမှာ မတွေ့ရတတ်ပါဘူး။ ဒါပေမဲ့ ယနေ့ခေတ်မှာ ဆိုရင်တော့ ဗီတာမင်  D ပါဝင်တဲ့ အဆင်သင့်ပြုလုပ်ထားတဲ့ နွားနို့များ၊ ဆယ်လမွန်ငါး၊ မက်ကရယ်ငါး၊ ငါးသေတ္တာများ စတာ တွေကနေ ရနိုင်ပါတယ်။ လူ့ခန္ဓာကိုယ်ကလည်း နေရောင်ခြည်ကနေပြီး ဗီတာမင် D ကို တိုက်ရိုက် ပြောင်းလဲ ရယူနိုင်ပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်အသားအရေကနေ ဗီတာမင်Dကို ရယူပြောင်းလဲနိုင်တဲ့ ပမာဏကတော့ ရာသီဉတု၊ လတီ္တကျု ၊ အသားအရောင် စတဲ့ အချက်တွေပေါ်မူတည်ပါတယ်။ နေထိုင်တဲ့အရပ်ဒေသ၊ နေထိုင်မှုပုံစံ ပေါ်မူတည်ပြီး ဗီတာမင် D ထုတ်လုပ်မှု လျော့ကျတာတွေလည်းရှိနိုင်ပါတယ်။ Sunscreen လိမ်းထားမယ် ဆိုရင်လည်း ဗီတာမင် D   ထုတ်လုပ်မှုကို လျော့ကျစေပါတယ်။

ဗီတာမင် E

အမြင်အာရုံ၊ မျိုးပွားခြင်းဖြစ်စဉ်နဲ့ ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှု၊ ဉီးနှောက်နဲ့ အသားအရည်တို့အတွက် လိုအပ်တဲ့ အဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် E မှာလည်း အန်တီအောက်ဆီးဒန့် ဂုဏ်သတ္တိရှိပါတယ်။ အန်တီအောက်ဆီးဒန့်ဆိုတာ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ဆေးလိပ်ငွေ့ ၊ ဓာတ်ငွေ့တွေကြောင့် ထုတ်တဲ့ free radical molecules လို့ခေါ်တဲ့ ဆဲလ်တွေကို ပျက်စီးစေခြင်းဖြစ်စဉ်ကို ကာကွယ်ပေးတဲ့ ဒြပ်ပေါင်းတစ်မျိုးပဲ ဖြစ်ပါတယ်..။ အန်တီအောက်ဆီးဒန့် ဂုဏ်သတ္တိ ရဖို့အတွက် အာဟာရဖြည့်စွက်စာတွေကိုသောက်သုံး နေမယ်ဆိုရင် သိထားရမယ့်အချက်က အဲ့ဒါတွေကနေရတဲ့ ဗီတာမင် E ဟာ အစားအသောက်တွေကနေရရှိတဲ့ ဗီတာမင် E ရဲ့ အကျိုးအာနိသင်ချင်း မတူဘူးဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။

ဗီတာမင် E ပါဝင်တဲ့ အစားအသောက်တွေကတော့ ကနိုလာဆီ (ဟင်းသီးဟင်းရွက်ဆီ)၊ သံလွင်ဆီ၊ ထောပတ်၊ ဗာဒံစေ့၊ အသီးအရွက်အချို့ စတာတွေ ဖြစ်ပါတယ်။  သောက်ဆေး၊ အာဟာရဖြည့်စွက်စာ တို့ အနေနဲ့လည်း ရနိုင်ပါတယ်။ 

ဗီတာမင်K

ပုံမှန်သွေးခဲမှု ဖြစ်စဉ်ဖြစ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် ဖြစ်ပါတယ်။ ဗီတာမင် K ကိုတော့ အရွက်၊ အသားနဲ့ နွားနို့ထွက်ပစ္စည်းတွေကနေ ရနိုင်ပါတယ်။ အဲ့ဒီအစားအသောက်တွေအပါအဝင် အစားအသောက်များကို အာဟာရ မျှမျှတတ စားပေးမယ်ဆိုရင် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်K ကို ရသင့်သလောက်ရရှိနိုင်ပါတယ်။ ပုံမှန်အတိုင်းချက်ပြုတ်စားသောက်တာတွေကတော့ ဗီတာမင်  K အနည်းငယ် လျော့နည်းမှုကိုဖြစ်စေပါတယ်။

သတိထားရမှာက ပုံမှန်သွေးခဲနေတာထက်ပိုတဲ့လူဖြစ်ပြီး သွေးကျဲဆေးသောက်နေရတဲ့ လူဆိုရင်တော့ နေ့စဉ် အစားအသောက်တွေထဲက ဗီတာမင် K ပမာဏက သွေးကျဲစေတဲ့ ဆေးရဲ့ အာနိသင်ကို လွှမ်းမိုးကောင်း လွှမ်းမိုနေနိုင်ပါတယ်။ ဒါဆိုရင်တော့ ကျွမ်းကျင်ဆရာဝန်တွေနဲ့ဆွေးနွေးပြီး စားသောက်မှုပုံစံပြောင်းလဲသင့်ရင် ပြောင်းလဲရပါလိမ့်မယ်။

ကဲ..ဒီလောက်ဆိုရင်တော့ ဗီတာမင်တွေက ခန္ဓာကိုယ်အတွက်  ဘာတွေကောင်းမွန်စေပြီး သူတို့ကိုရဖို့ ဘယ်လို တွေ ဖြည့်ရမယ်ဆိုတာကို အတိုင်းအတာတစ်ခုအထိတော့ သဘောပေါက်လောက်ပြီမို့ ဆောင်ရန်၊ ရှောင်ရန်လေး တွေကို သတိထားလုပ်ဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်ဗျာ..။

Ref; https://www.mayoclinic.org/drugs-supplements

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်