နေ့စဉ်မိုးလေဝသ သတင်း

20/02/2018 16:22 PM တွင် မိုးဇလ မိုးဇလ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုး ရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၅)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင် ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

ကိုးကား - မိုးဇလ


Marlarmyaing Public Company Limited ကြော်ငြာ
ပဲခင်းထဲ ပဲမများဘဲ ပေါင်းများနေရင်တော့မဟုတ်သေးဘူးလေ။ ပေါင်းရှင်းရင်လည်း ရှင်းနည်းကလည်းမှန်ဖို့လိုသေးတယ်ဗျာ။ ပဲမျိုးစုံ၊ပဲပုတ်၊ပဲတီစိမ်း၊မတ်ပဲ၊ကုလားပဲ၊ပဲလွန်းဖြူ၊မြေထောက်ပဲတွေမှာ ကျရောက်တဲ့ တစ်နှစ်ခံနှင့်နှစ်ရှည် မြက်တွေကို သီးနှံစိုက်ပြီး (၁၀-၂၀) ရက် (သို့) ပေါင်းအရွက် (၂-၃)ထွက်ချိန်အတွင်း အမ်ကွင်း (Quizalofop-p-ethyl 10%EC) ကို အသုံးပြုနိုင်ပါတယ်။ ရွက်ပြန့်ပေါင်းတွေအတွက်ဆိုရင်တော့ သီးနှံစိုက်ပြီး (၁၄-၂၈) ရက် (သို့) ပေါင်းအရွက် (၂-၄)ထွက်ချိန် အမ်ကင်း (Fomesafen 25%SL) ကို ပက်ဖျန်းနိုင်ပါတယ်ဗျာ။ ပေါင်းသတ်ဆေး အာနိသင် ထိရောက်စေဖို့ 📌နေပြင်းချိန်မှာ ဆေးမဖျန်းဖို့ သတိပြုရပါမယ်။ 📌ဖော်ပြထားတဲ့ ဆေးညွှန်းနှုန်းထားအတိုင်းသာ အသုံးပြုပေးရပါမယ်။ မာလာမြိုင်ကတော့ တောင်သူတိုင်းပဲများနိုင်အောင် နည်းမှန်လမ်းမှန်တွေညွှန်းပေးလိုက်ပါပြီ။ တောင်သူတွေဘက်ကလည်း မှန်မှန်ကန်ကန်လိုက်နာမယ်ဆို ပဲများဝေဆာပြီး လူကြားထဲ မျက်နှာပန်းလှနေမှာပဲဗျို့။ Hotline ဖုန်းနံပါတ်☎️𝟬𝟵 𝟳𝟵𝟵 𝟵𝟵𝟯 𝟯𝟮𝟮 မှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်