စားကျက်ပင် ဘာကြောင့် စိုက်ရတယ်.........

06/06/2018 11:03 AM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

စားကျက်ပင်သည် ကျွဲ၊ နွား၊ သိုး၊ ဆိတ် များ၏အစာအဖြစ် အသုံးပြုနိုင် သော စားကျက်မြက်များ၊ စားကျက်ပဲနွယ်ပင်များကို ဆိုလိုသည်။ မြန်မာနိုင်ငံတွင် ကျွဲ/နွားများမှာ ဖွံ့ဖြိုးမှုမရှိသော သဘာဝစားကျက်များကိုသာ မှီတင်းရှင်သန်နေ ကြရသည်။ သဘာဝစားကျက်ခင်းမှ ရရှိသောအစာမှာ အာဟာရဓာတ် နည်းပါးမှု ကြောင့် ကျွဲ/နွားများမှာ ကြီးထွားနှုန်း နှေးကွေး၍ အရွယ်ရောက်မှုနောက်ကျ၏။ ထို့ကြောင့် ကျွဲ/နွားမွေးမြူရေးလုပ်ငန်း ထွန်းကားလိုလျှင် သဘာဝစားကျက်များ ကိုပြုပြင်၍၊ အာဟာရဓာတ်မြင့်မားသော အထွက်နှုန်းကောင်းသည့် အဆင့်မြင့်စား ကျက်များကို ပြုစုပျိုးထောင်ကြရပေမည်။

စားကျက်ပင်များသည် တိရစ္ဆာန်များမွေးမြူရာတွင် ကုန်ကျစရိတ် သက်သာသော၊  မွေးမြူရေးလုပ်ငန်း အထောက်အကူပြုသော စိုက်ပျိုးသီးနှံအဖြစ် မှတ်ယူစိုက်ပျိုးရပေမည်။

တိုးတက်ပြန့်ပွားလာသော မျိုးကောင်းမျိုးသန့် တိရစ္ဆာန်များအတွက် အာဟာရ  ပြည့်ဝသော အရည်သွေးမြင့် တိရစ္ဆာန်အစာ စားကျက်ဖွံ့ဖြိုးရေး လုပ် ငန်းအောင်မြင်ခြင်းဖြင့် နို့နှင့်အသားကဏ္ဍ တိုးမြင့်လာမည်ဖြစ်သည်။ 

ရည်ရွယ်ချက်

(၁) အာဟာရ ပြည့်ဝသော အဆင့်မြင့်စားကျက်များ ပြုစုပျိုးထောင်ပေးရန်၊

(၂) အစာရှားပါးချိန်တွင် သိုလှောင်ကျွေးမွေးနိုင်ရန်၊

(၃) တိရစ္ဆာန် ကြီးထွားနှုန်း ၊ သားအောင်နှုန်း၊ သားပေါက်နှုန်း၊ ထုတ်လုပ်မှုနှုန်း  

      ကောင်းမွန်စေရန်၊

(၄) တန်ဖိုးကြီးအစာနုများ ဖြည့်စွက်ကျွေးမွေးခြင်းမှ အာဟာရပြည့် စားကျက် ပင်များကို အစားထိုးကျွေးမွေးခြင်းဖြင့် ထုတ်လုပ်မှုတန်ဖိုးသက်သာစေရန်၊

အဆင့်မြင့်စားကျက်များစိုက်ပျိုးထုတ်လုပ်ခြင်း 

ကျွဲ၊ နွားမွေးမြူရေး မအောင်မြင်မှုသည် အာဟာရချို့တဲ့မှုမှ အရင်းခံဖြစ် သည်။ မွေးမြူသူအများစုသည် ကောက်ရိုးကို အစာကြမ်းအဖြစ် အသုံးပြုကြ သည်။

 ကောက်ရိုးမှာ အစာကြမ်းဖြစ်သည့် အလျောက် အသားဓာတ်နှင့် အစာခြေ ချက်နိုင်မှုစွမ်းအား နည်းပါးခြင်းကြောင့် ထုတ်လုပ်မှုများ ကျဆင်းပြီး၊ အသေအ အပျောက်များခြင်း၊ မျိုးအောင်မှု ညံ့ဖျင်းခြင်း၊ ကြီးထွားနှုန်း နှေးခြင်း၊ အကျိုး မြတ်နည်းခြင်း စသည့်ရလဒ်များနှင့်သာ ကြံတွေ့ရသည်။ 

အစာနုသည် အာဟာရပြည့် ဝစွာပါဝင်သော်လည်း စျေးနှုန်းကြီးပြီး ထုတ် လုပ်မှုကုန်ကျစရိတ် မြင့်မားသည့်အပြင် လိုအပ်သည်ထက်ပိုကျွေးလျင် ဆိုးကျိုး များသာ ကြုံတွေ့စေနိုင်သည်။

တိရစ္ဆာန်များအတွက် အရည်သွေးကောင်း၍ ထွက်နှုန်းမြင့်မားသော စား ကျက်ပင်များ စိုက်ပျိုးပြီးနောက် မှန်ကန်သော ထိန်းသိမ်းမှုနည်းစနစ်ဖြင့် တစ်နှစ် ပတ်လုံး အစားအစာ ဖူလုံစေရန် ဖန်တီးသင့်သည်။  

ထို့ကြောင့် စားမြှုံ့ပြန်ဖို့တွက်သာ အသုံးပြုရန်သင့်တော်သော  ကောက်ရိုး အစား အာဟာရပြည့် စားကျက်ပင်များ အစားထိုးကျွေးမွေးနိုင်ရန်  စိုက်ပျိုး ရာသီ တွင် ထုတ်လုပ်မှုကောင်းများရရှိအောင်ဆောင်ရွက်ပြီး၊ ခြောက်သွေ့ရာသီအတွက် ချဉ်ဖတ်ပြုလုပ် သိုလှောင်ကျွေးမွေးနိုင်မှသာ နို့စားနွားများ အရည်သွေးနှင့် အရေ တွက်ပါ တိုးတက်လာပေလိမ့်မည်။

(က) မြက်မျိုးများရွေးချယ်ရာတွင်စဉ်းစားရမည့်အချက်များ

(၁) တိရစ္ဆာန်များအတွက် အရသာကောင်းခြင်း၊ အစာစားချင်စိတ် မြင့်မားခြင်း၊

(၂)  အထွက်နှုန်းမြင့်မားခြင်း၊

(၃)  အာဟာရဓာတ်မြင့်မားခြင်း(အသားဓာတ်/စွမ်းအင်ဓာတ်)၊

(၄) စိုက်ပျိုးမည့်ဒေသ၏ ရာသီဥတုနှင့် မြေအမျိုးအစားကိုက်ညီမှု   ရှိခြင်း၊

(၅) အသုံးချခြင်း (ရိတ်ကျွေးခြင်း၊ လွှတ်ကျောင်းခြင်း၊ မြက်ခြောက် /ချဉ်ဖတ်)

(ခ) စားကျက်မျိုးများရွေးချယ်စိုက်ပျိုးခြင်း

မိုးရွာသွန်းမှုနှင့် ပင်လယ်ရေမြက်နှာပြင် အထက်ရှိ မြေမျက်နှာပြင်အ နိမ့်အမြင့်တို့သည်လည်း စားကျက်ပင်တို့၏ ဓာတုဖွဲ့စည်းမှုနှင့် ဆက်နွယ် နေသဖြင့် သင့်လျော်သော စားကျက်ပင်များကို ရွေးချယ်စိုက်ပျိုးခြင်းဖြင့် စားကျက်ပင်တို့၏ ထုတ်လုပ်မှု စွမ်းအားကို တိုးတက်စေပါသည်။ ထို့ ကြောင့် မိမိဒေသနှင့် ကိုက်ညီဖြစ်ထွန်းနိုင်သော မျိုးစိတ်များကို ရွေးချယ် စိုက်ပျိုးသင့်ပါသည်။ ခြောက်သွေ့သော ရာသီတွင် စားကျက်မြက်များကို စိုက်ပျိုးလျှင် ရေရရှိနိုင်မှုအပေါ်မူတည်၍ စားကျက်ပျိုးခင်းများ ပြုလုပ်ရန် လိုအပ်ပါသည်။  

မှတ်ချက်         ။ မြေအရည်အသွေးကောင်းလျင် အာဟာရပြည့်ဝသော  အစာရရှိနိုင်ပြီး     ထွက်နှုန်းကောင်းမွန်ကာ  တိရစ္ဆာန်အတွက်လည်း အာဟာရပြည့်သော အစာဖြစ်စေပါသည်။

မြန်မာ - နယူးဇီလန် ကောင်းမွန်သော နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်