ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း ၂၄ မျိုး

04/03/2022 17:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ပျားဆိုသည်မှာ လေထဲတွင်ပျံသန်းနိုင်တဲ့ အစုအဖွဲ့နဲ့ စနစ်တကျနေလေ့ရှိတဲ့ အင်းဆက်သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ ပျားမျိုးစိတ် စုစုပေါင်း ၂၀၀၀၀ ကျော်ရှိကာ ပန်းပွင်တဲ့ သစ်ပင်ပေါက်ရောက်ရာ ဒေသအားလုံးမှာ တွေ့နိုင်ပါတယ်။

     ပျားတွေကို သဘာဝဆေးဝါးကျွမ်းကျင်ပညာရှင် အဖြစ်တောင်တင်စားခေါ်ဝေါ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့  ပျားတို့ဖန်တီးထုတ်လုပ်လိုက်တဲ့ ပျားရည်၊ပျားနို့၊ပျားကော်၊ပျားဖယောင်းမှ ပျားဆိပ်အထိ လူသားတို့၏ ကျန်းမာရေးအတွက် များစွာအသုံးဝင်တဲ့အတွက် ကျွမ်းကျင်ပညာရှင်များလို့  တင်စားခေါ်ဝေါ်ကြတာကို  လွန်မယ် မထင်ပါ။

       လူသားတွေက ရှေးနှစ်ပေါင်းများစွာကတည်းက ပျားရည်နဲ့ ပျားထွက်ပစ္စည်းတွေကို အသုံးပြုခဲ့ကြပါတယ်။ သမိုင်းသုတေသီတွေရဲ့ အဆိုအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀၀ ကတည်းက ပျားရည်ကို သုံးစွဲခဲ့ကြတယ်လို့ ယုံကြည်ကြပါတယ်။

     ပျားရည်က ဆေးဘက်ဝင်တာကို လူတိုင်းလိုလိုပင် လက်ခံယုံကြည်ကြပါတယ်။  အရွယ်မရွေး လူမျိုးပေါင်းစုံ ကျန်းမာရေးအတွက် သုံးစွဲနေကြတာလည်း တွေ့ရပါတယ်။ 

    ဒါ့ကြောင့် ပျားရည်ကို မိမိပတ်ဝန်းကျင်ရှိအရာတွေနဲ့ လွယ်ကူစွာ ရောစပ်သုံးစွဲနိုင်မယ့် ဆေးနည်းများကို ဖော်ပြပေးလိုက်ရပါတယ်။

 

၁။ အစာအိမ်ရောဂါအတွက်

နနွင်းမှုန့်နဲ့ ဖီးကြမ်းငှက်ပျောသီးစိမ်းကို ပါးပါးလှီးပြီး အခြောက်လှန်း အမှုန့်ထောင်းပါ။ ဆတူရောပါ။ ထိုအမှုန့်ကို ပျားရည်နှင့် ဆတူရောပြီး အစာစာပြီးတိုင်းသောက်ပါ။

 

၂။ မျက်စိအမြင်ကြည်လင်မှု မရှိလျှင်

ပျားရည်သန့်သန့်ကို မျက်စဥ်းခတ်ပေးပါ။မျက်စိအေး၍ ကြည်လင်စေပါသည်။

 

၃။ မောပန်းလွယ်ပြီး အင်အားချိနဲ့သူများ

ရှောက်ရည်နဲ့ ပျားရည်ကို ရောစပ်သောက်ပါ။(ရေအေးဖြင့်)

 

၄။ မူးဝေအော့အန်ခရီးပန်းသူများ

ရှောက်ရည်နဲ့ ပျားရည်ကို ရောစပ်သောက်ပါ။(ရေနွေးဖြင့်)

 

၅။ အအေးမိပါက

နွားနို့ နဲ့ ပျားရည်ကို ရောသောက်ပါ။သံပုရာရည်နဲ့ ပျားရည်ကို စပ်သောက်ပါ။

 

၆။ ချောင်းဆိုးသော်

သံပုရာသီးနဲ့ ပျားရည် ဆတူရော၍ တစ်နေ့ ၃ကြိမ်သောက် ပါ။ ဆေးပုလဲမြစ်ကိုသွေး၍ ပျားရည်နဲ့ ဆတူရောပြီး တစ်နေ့ ၃ကြိမ်သောက်ပါ။

 

၇။ မူးဝေခြင်းအမျိုးမျိုးအတွက်

ဧကရာဇ်မြစ်ကို သွေးပြီး ပျားရည်နဲ့ ဆတူရောစပ်၍ တိုက်ပါ။

 

၈။ ဆီးပူဆီးအောင့်ဖြစ်ပါက

နနွင်းမှုန့်နဲ့ ဆီးဖြူသီးကိုထောင်းပြီး အရည်ညှစ်ကာ ပျားရည်နဲ့ ဆတူစပ်၍သောက်ပါ။

 

၉။ ဝမ်းဗိုက်နာ၍ အော့အန်နေလျှင်

ဒိန်ချဥ်နဲ့ပျားရည်(သို့) အုန်းနို့နဲ့ ပျားရည် စပ်သောက်ပါ။ 

 

၁၀။ ဝမ်းဖောဝမ်းရောင်ဖြစ်လျှင်

သဘော်သီးစိမ်း မီးကျွမ်းဖုတ်ပြီး ၅ကျပ်သား၊ဆားဖုတ်၂ကျပ်သားနှင့် ပျားရည် သင့်ရုံထည့်ပြီး မကြာခဏ လျက်ပေးပါ။

၁၁။ ထိခိုက်ရှနာသွေးထွက်သံယိုဖြစ်ပါက

ပျားရည်ထည့်ပေးပါ။အသားနုတက်ပြီး အနာကျက်မြန်ပါတယ်။

၁၂။ နာတာရှည်အိပ်ရာခင်း အပူလောင်တာဖြစ်ပါက

ပျားရည်လိမ်းပေးပါ။အနာကျက်မြန်ပါတယ်။

၁၃။ အနာအိုအနာဆွေးပုပ်နေပါက

ကံ့ကော်စေ့အဆီနှင့် ပျားရည်လိမ်းပေးပါ။သက်သာပျောက် ကင်းစေပါတယ်။

၁၄။ ရေနွေးပူ၊မီးပူလောင်ပါက

ကွမ်းရွက်ကို မီးအုံ အရည်ညှစ်ပြီး ပျားရည်ဆတူရောကာ အပူလောင်တဲ့ နေရာကိုလိမ်းပေးပါ။

၁၅။ လိပ်ခေါင်းဖြစ်သော်

ဖက်ယားရွက်ကိုပြုတ်ပြီး ပျားရည်နဲ့ ဆတူရောစပ်တိုက်ပေးပါ။

၁၆။ ဖောရောင်နေပါက

တရုတ်စကားမြစ်ကို နုတ်နုတ်စင်းပြီး သုံးခွက် တစ်ခွက်တင်ကျိုပြီး ပျားရည်နှင့် ဆတူစပ်၍သောက်ပါ။

၁၇။ အသည်းဝါရောဂါဖြစ်ပါက

တမာရွက်သတ္တုရည် လက်ဖက်ရည်ဇွန်းတစ်ဝက်အား ပျားရည်ဆတူစပ်၍ နံနက်/ညသောက်ပါ။

၁၈။ နှုတ်မမြိန်ဘဲ အစားပြတ်ခဲ့သော်

နနွင်းမှုန့်နဲ့ ပျားရည်ရောပြီး ဇီးကင်းခန့်လုံးကာ တစ်နေ့ ၄ လုံးစားပေးပါ။

၁၉။ ဆီးဝမ်း လေမှန် အင်အားပြည့်ဖြိုးစေရန်

ငှက်ပျောအူတိုင်ရည်ကို ပျားရည်နဲ့ ဆတူစပ်သောက်ပါ။

၂၀။ စိတ်ပျိုကိုယ်နု လှပသန်စွမ်းစေရန်

သူငှက်နာ ငှက်ပျောကို  အခွံနွှာပြီး ပျားရည်မှာ တစ်ညခန့်စိမ်ထားပြီးလျှင် သုံးဆောင်နိုင်ပါပြီ။

၂၁။ အသားအရေစိုပြေချောမွတ်လိုလျှင်

ပျားရည်နဲ့ ဂလစ်ဆရင်းအလှဆီ ဆတူစပ်၍ လိမ်းပေးပါ။

၂၂။ ကလေးများဉာဏ်ထက်သန် ဖွံ့ဖြိုးစေရန်

မြင်းခွာရွက်သတ္တုရည်နဲ့ ပျားရည် ဆတူရောစပ်တိုက်ပေးပါ။

၂၃။ ကလေးဝမ်းပျက်သော်

ပဲနံသာစေ့နဲ့ နံနံစေ့ အမျှစီ ကြိတ်ပြီးပျားရည်စပ်၍ စားပေးပါ။သရက်စေ့ဆံအမှုန့် ၁ပဲသားကို ပျားရည်အတူစပ်ပြီးတိုက်ပေးပါ။

၂၄။ ကလေးနှာစေးချောင်းဆိုးဖြစ်သော်

ကြိတ်မှန်ရွက်သတ္တုရည် ၂စက်၊ပျားရည် ၁စက် ရောတိုက်ပေးပါ။

ကဲ..ဒါဆိုရင် ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုပုံမျိုးစုံကိုသိကြပြီမို့ အကျိုးရှိရှိအသုံးပြုနိုင်ကြပြီး ရောဂါအပေါင်းမှလည်း ကင်းဝေးကြပါစေခင်ဗျ ။

ရေးသားသူ-ဦးဇော်(dof)

မှီငြမ်း-ပျားမွေးမြူရေးပညာပေး စာစောင်များ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်