အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးစနစ် ကျင့်သုံးခြင်း၏ အကျိုးကျေးဇူးများ

04/09/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၁။ ထုတ်လုပ်သူများအတွက်

o   ဘေးကင်းသော အစားအစာများကို စားသုံးသူထံ ပို့ဆောင်ပေးနိုင်ခြင်း

o   မိမိထုတ်ကုန်အပေါ် အပြည့်အ၀ ယုံကြည်စိတ်ချရခြင်း

o   စားသုံးသူများ၏ ယုံကြည်မှုကို ရရှိခြင်း

o   စျေးကွက် မြှင့်တင်ထိုးဖေါက်ရန်လက်နက် အဖြစ်သုံးနိုင်ခြင်း

o   ဈေးကောင်းရသော အဆင့်မြင့်စျေးကွက်ကို သွားနိုင်ခြင်း

o   အလေအလွင့် သက်သာခြင်း

o   စားသုံးသူတိုင်ကြားချက်၊ ဝေဖန်ချက်များကို လျော့ချနိုင်ခြင်း၊ လွယ်ကူစွာ ဖြေရှင်းနိုင်ခြင်း

၂။ ပါဝင်ပတ်သက်နေသူများ/ဝန်ထမ်းများအတွက်

o   အစားအစာကွင်းဆက်တစ်လျှောက် ယုံကြည်စိတ်ချရခြင်း

o   တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အကျင့်ကောင်းများကို လိုက်နာ ကျင့်သုံးခြင်း

o   ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်တွင် အလုပ်လုပ်ရခြင်း

o   ထုတ်လုပ်နေစဉ်အတွင်း အလေ့အလွင့်များကို လျော့ချနိုင်ခြင်း

o   တိကျသော တာ၀န်ခွဲ‌ဝေမှု ရှိသော လုပ်ငန်းခွင်တွင် လုပ်ရခြင်း

၃။ စားသုံးသူများအတွက်

o   ထုတ်ကုန်ကို ယုံကြည်စိတ်ချစွာ စားသုံးနိုင်ခြင်း

o   အစားအစာမှ တစ်ဆင့်ဖြစ်နိုင်သော နာမကျန်းမှုများမှ ကင်း‌ဝေးခြင်း၊ ကုန်ကျစရိတ် သက်သာခြင်း

o  ဘေးကင်းသော အစားအစာများကို စားသုံးခြင်းဖြင့် ကျန်းမာ အသက်ရှည်စွာ နေနိုင်ခြင်း

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်