မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
ခံတွင်းကင်ဆာ (Oral Cancer) သည် မြန်မာနိုင်ငံ၌ အဖြစ်အများသော ကင်ဆာရောဂါတစ်ခု ဖြစ်သည်။ စောစောသိလျှင် ကုသပျောက်ကင်း နိုင်ခြေ အလွန်မြင့်မားသော်လည်း လူအများစုမှာ သတိမထားမိကြဘဲ ရောဂါရင့်မှသာ ဆေးရုံ ရောက်လာတတ်ကြပါသည်။
ခံတွင်းကင်ဆာဆိုတာ ဘာလဲ။
ခံတွင်းကင်ဆာဆိုသည်မှာ နှုတ်ခမ်း၊ လျှာ၊ သွားဖုံး၊ ပါးစောင်၊ အာခေါင် နှင့် လျှာအောက်ခြေတို့တွင် ဖြစ်ပွားတတ်သော ကင်ဆာရောဂါအမျိုးအစား ဖြစ်သည်။
သတိပြုရမည့် ရောဂါလက္ခဏာများ
ခံတွင်းထဲတွင် အောက်ပါလက္ခဏာများရှိနေပြီး ၂ ပတ်ထက်ကျော်လွန်ကာ မသက်သာဘဲ ဖြစ်နေပါက ဆရာဝန်နှင့် အမြန်ဆုံး ပြသသင့်သည်။
အနာများ - ခံတွင်း သို့မဟုတ် နှုတ်ခမ်းတွင်အနာဖြစ်ပြီး ရက်သတ္တပတ် အတော်ကြာသည်အထိ မကျက် ခြင်း။
အဖြူကွက် သို့မဟုတ် အနီကွက်များ - လျှာ၊ သွားဖုံး သို့မဟုတ် ပါးစောင်တွင် ပေါ်လာသော ထူထဲသည့် အဖြူကွက် (Leukoplakia) သို့မဟုတ် အနီကွက် (Erythroplakia) များ။
အလုံးအကျိတ်များ - ခံတွင်း သို့မဟုတ် လည်ပင်းတွင် အလုံးအကျိတ်များ ထွက်လာခြင်း။
ဝါးရန်၊ မျိုချရန် ခက်ခဲခြင်း - အစာစားသည့်အခါ၊ မျိုချသည့်အခါ သို့မဟုတ် လျှာနှင့် မေးရိုးကို လှုပ်ရှား သည့်အခါ နာကျင်ခက်ခဲခြင်း။

ရောဂါဖြစ်ပွားရခြင်း အဓိကအကြောင်းရင်းများ
မြန်မာနိုင်ငံတွင် ခံတွင်းကင်ဆာဖြစ်ပွားရခြင်းမှာ အောက်ပါ လူနေမှုစရိုက်၊ ဓလေ့ထုံးတမ်းများနှင့် တိုက်ရိုက်သက်ဆိုင် နေပါသည်။
ကွမ်းယာစားခြင်း - ကွမ်းသီး၊ ထုံးနှင့် ဆေးရွက်ကြီးတို့ ပေါင်းစပ်မှုသည် ခံတွင်းဆဲလ်များကို ပျက်စီးစေ ပြီး ကင်ဆာဖြစ်စေပါသည်။
ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲခြင်း - စီကရက်၊ ဆေးပေါ့လိပ် သောက်ခြင်းများ။
အရက်သောက်ခြင်း - အရက်နှင့် ဆေးရွက်ကြီးကို တွဲဖက်သုံးစွဲပါက ကင်ဆာဖြစ်နိုင်ခြေ ပိုမိုမြင့်မားသွားစေသည်။
HPV ဗိုင်းရပ်စ် ကူးစက်ခံရခြင်း - လိင်မှတစ်ဆင့် ကူးစက်တတ်သော Human Papillomavirus (အထူးသဖြင့် HPV-16) ကြောင့်လည်း ခံတွင်းကင်ဆာ ဖြစ်ပွားနိုင်သည်။
ချွန်ထက်သောသွားများ - စိုက်ထားသောသွား သို့မဟုတ် သဘာဝသွားများ ချွန်ထက်နေပြီး ပါးစောင် သို့မဟုတ် လျှာကို အမြဲတစေ ထိခိုက်ပွတ်တိုက်နေခြင်း။
ခံတွင်းကင်ဆာကို မည်သို့ကာကွယ်မလဲ။
ခံတွင်းကင်ဆာသည် နေထိုင်မှုပုံစံကို ပြောင်းလဲခြင်းဖြင့် အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်သော ရောဂါဖြစ်သည်။
ကွမ်း၊ ဆေးလိပ်နှင့် အရက်ကို ဖြတ်ပါ - ၎င်းသည် အထိရောက်ဆုံးသော ကာကွယ်နည်း ဖြစ်သည်။
အာဟာရပြည့်ဝစွာ စားသုံးပါ - ဗီတာမင်နှင့် သတ္တုဓာတ် ကြွယ်ဝသော လတ်ဆတ်သည့် ဟင်းသီးဟင်း ရွက်နှင့် သစ်သီးဝလံများကို ပိုမိုစားသုံးပါ။
ခံတွင်းသန့်ရှင်းရေး ဂရုစိုက်ပါ - တစ်နေ့ နှစ်ကြိမ် သွားတိုက်ပါ၊ သွားအချွန်များရှိပါက ဆရာဝန်နှင့် ပြသပါ။
ပုံမှန်စစ်ဆေးမှု ခံယူပါ - အနည်းဆုံး ခြောက်လတစ်ကြိမ် သွားနှင့်ခံတွင်းဆရာဝန်နှင့် ပြသပြီး ခံတွင်း ကျန်းမာရေးကို စစ်ဆေးပါ။
ခံတွင်းကင်ဆာသည် "စောစောသိ၊ စောစောကု" ရန် အရေးကြီးပါသည်။ မိမိ၏ ခံတွင်းထဲတွင် ထူးခြားသော အနာ သို့မဟုတ် အကွက်များ တွေ့ရှိပါက ကျွမ်းကျင်သည့် ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေး ကုသမှုခံယူကြပါရန် တိုက်တွန်းအပ်ပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၈)
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
ဆက်စပ်မေးခွန်းများ
ပြည် - အောင်လံ ပဲတီစိမ်းဈေးကွက်သိချင်ပါတယ်ခင်မျာ ဈေးတက်လာနိုင်ချေရောရှိနိုင်ပါသလား သိုလှောင်ထားလို့ရမရသိချင်ပါတယ်
ဦးသက် • ဖြေကြားချက် 1 ခု
အားလုံးပဲ့မဂ်လာပါခင်ဗျ၊ကျွန်တော့်ရဲ့ postလေးမြင်ရင် ကျော်မသွားဘဲ ရှင်းပြပေးခဲ့ပါလို့ တောင်းဆိုပါတယ်၊ဒီဘူးပင်တွေမှာ အဲလို ပိုးတွေ အုပ်လိုက်နေတာ ဘာပိုးအမျိုးအစားလည်း ဘယ်ဆေးAiနှင့် နှိမ်နင်းနိုင်လည်းဆိုတာကိုလည်း မသိသေးပါဘူး ခုမှ ဟင်းသီးဟင်းရွက်တွေကို စစိုက်တာပါ green wayက စိုက်ပျိုးရေးပညာရှင်များ ရှင်းပြပေးခဲ့ပါခင်ဗျာ။
Moe Thet • ဖြေကြားချက် 1 ခု
မင်္ဂလာပါဆရာ ကျွန်တော့တို့ရွာမှာ မိုးေရချိန်နေ့စဉ်၁လက်မ၀န်းကျင်ခန့် ရွာသွန်းခဲ့တာ၃ရက်ဆက်ရှိနေပါပြီ နောက်၂ရက်ခန့်ရွာမယ်လို့သတင်းတွေမှာလည်းကြားသိရပါတယ် ဒီအတွက်ကြောင့်မတ်ပဲသီးကင်း၀င်နေတဲ့အခင်းတွေကိုနေပြန်ပွင့်လျှင်ဘယ်လို မှိုဆေး အားဆေးတွေ ဖျန်းသင့်ပါသလဲ
ကိုလင်းထက်ကျော် • ဖြေကြားချက် 1 ခု
ဘာဖြစ်တာလဲသိရင်ပြောပြပေးကြပါ ဖြစ်တာတော့ရက်ပိုင်းလောက်ရှိပါပြီး ဘာဆေးတွေသုံးမလဲကောကေိးဇူးပြုရျ်ပြောပြပေးကြပါ
မောင်ခိုင်လင်းထွန်း • ဖြေကြားချက် 1 ခု
စပါးပင်ရွက်ဖျားတွေခြောက်နေလို့ စိုးရိမ်ရလားဗျ ဘာဆေးသုံးရမလဲ
ပြည့်စုံအောင် • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from Dr. Kyaw Phyo Lwin
အားလုံး
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026