မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် KMM Kubota ကုမ္ပဏီတို့ပူးပေါင်းပြီး လယ်ယာသုံးစက်ကိရိယာများ အရစ်ကျ ရောင်းချပေးမည်ဟုသိရ

09/07/2018 15:43 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တောင်သူကြီးများ၏ လယ်ယာလုပ်ငန်းများတွင် လိုအပ်လျှက်ရှိသော လယ်ယာသုံးစက်ပစ္စည်းများအတွက် မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်မှ JICA နှစ်ဆင့်ချေးငွေအစီအစဉ်ဖြင့် KMM Kubota ကုမ္ပဏီနှင့်ပူးပေါင်းကာ ၁နှစ် ၁ရစ် ဖြင့် စုစုပေါင်း ၅ နှစ် အရစ်ကျ ရောင်းချပေးသွားမည်ဖြစ်ပြီး ယခုနှစ် ရိတ်သိမ်းရာသီအတွက် စက်ပစ္စည်းများ အချိန်မီထုတ်ယူနိုင်ရေး စာရွက်စာတမ်းကိစ္စများ၊ အရစ်ကျပေးသွင်းပုံများ၊ ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို လက်ခံတိုင်ပင်ဆွေးနွေးပေးနေပြီ ဖြစ်ကြောင်း သိရသည်။

ထွန်စက်၊ ရိတ်သိမ်းချွေလှေ့စက်၊ မြေတူးစက်၊ ကောင်စိုက်စက် နောက်တွဲပစ္ဏည်းများအကြောင်း အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း ၀၉-၇၇၂၁၈၇၅၁၁ (စက်အရောင်းဌာနသို့) မေးမြန်းစုံစမ်းနိုင်ပါသည်။

Source – KMM Kubota